ဂျူးလူမျိုးတို့သည် သူတို့၏ရန်သူအားလုံးကိုဓားဖြင့် တိုက်ခိုက်သတ်ဖြတ်ဖျက်ဆီးပစ်၏။ သူတို့ကိုမုန်းသောသူတို့အား စိတ်တိုင်းကျပြုကြ၏။
ယုဒအမျိုးသားများသည်ရန်သူများကို ပြုလိုသမျှပြုနိုင်ကြ၏။ ထို့ကြောင့်သူတို့ သည်ရန်သူများကိုဋ္ဌားဖြင့်သတ်ဖြတ်ကြ၏။
ယု ဒ လူ မျိုး တို့ သည်၊ ရန် သူ အ ပေါင်း တို့ ကို ဓား ဖြင့် လုပ် ကြံ ဖျက် ဆီး လျက်၊ မျက် မုန်း ကျိုး သူ တို့ အား အ လို ရှိ တိုင်း ပြု ကြ၏။
ထိုနေ့တွင် ယုဒလူတို့သည် ရန်သူအပေါင်းတို့ကို ဓားနှင့်လုပ်ကြံသတ်ဖြတ် ဖျက်ဆီး၍၊ မနာလိုသောသူတို့၌ ပြုချင်သမျှပြုကြ၏။
သူတို့၏သားမြေးတို့သည် ထိုပြည်ကိုဝင်ရောက်သိမ်းပိုက်သောအခါ ကိုယ်တော်သည် ထိုပြည်သားခါနာန်လူမျိုးတို့ကို သူတို့ရှေ့တွင်နှိမ်နင်းတော်မူ၏။ ရှင်ဘုရင်နှင့်တကွ ပြည်သူပြည်သားတို့ကို သူတို့လက်သို့အပ်တော်မူ၍ သူတို့အလိုရှိသည့်အတိုင်းပြုကြ၏။
ထိုစာကို ခြေမြန်တော်များဖြင့် ရှင်ဘုရင်ပိုင်နယ်မြေဒေသအသီးသီးသို့ ပေးပို့လိုက်၏။ ထိုစာတွင် အာဒါဟုခေါ်သော တစ်ဆယ့်နှစ်လ၊ တစ်ဆယ့်သုံးရက် တစ်နေ့ချင်းတွင် ဂျူးလူမျိုးလူကြီးလူငယ်၊ မိန်းမနှင့်ကလေးပါမကျန် အားလုံးသုတ်သင်သတ်ဖြတ်ပြီး သူတို့၏စည်းစိမ်ဥစ္စာတို့ကိုသိမ်းယူရမည်ဟု ပါရှိ၏။
ထိုစာတွင် ရှင်ဘုရင်က မြို့ရွာအသီးသီးရှိ ဂျူးလူမျိုးတို့သည် စုရုံး၍ ကိုယ့်အသက်ကိုကာကွယ်ရန်နှင့် ဂျူးလူမျိုးတို့ကိုရန်ပြုသည့် မည်သည့်လူမျိုး၊ မည်သည့်ဒေသမှစစ်သည်တို့ကိုမဆို သူတို့နှင့် သူတို့၏မိန်းမများ၊ သူတို့၏ကလေးများပါမကျန် လွတ်လမ်းမရှိ သုတ်သင်ပယ်ရှင်းပစ်၍ သူတို့၏ဥစ္စာပစ္စည်းများကိုလည်း သိမ်းယူရန် ခွင့်ပြု၏။
ဂျူးလူမျိုးတို့သည် ရှုရှန်နန်းတော်တွင် လူငါးရာကို သတ်ဖြတ်ဖျက်ဆီးပစ်ကြ၏။
ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်းဝေဆာ၍ လက်ဘနွန်တောင်မှ သစ်ကတိုးပင်ကဲ့သို့ကြီးထွားလိမ့်မည်။
ထို့ကြောင့် သူတို့၏သားသမီးများကို ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် ကြုံတွေ့စေပါ၊ ဓားဖြင့်ကျဆုံးစေပါ။ သူတို့၏မိန်းမများကို သားသမီးများဆုံးပါးစေပါ၊ မုဆိုးမဖြစ်စေပါ။ ယောက်ျားတို့ကို သေမင်းလက်သို့ရောက်စေပါ။ လူပျိုတို့ကို တိုက်ပွဲ၌ ဓားဖြင့်သေစေပါ။
သခင်ယေရှုသည် မီးလျှံထဲ၌ မိမိ၏တန်ခိုးကြီးသောကောင်းကင်တမန်များနှင့်အတူ မိုးကောင်းကင်မှပေါ်ထွန်းတော်မူသောအခါ သင်တို့ကို ဆင်းရဲဒုက္ခရောက်စေသောသူတို့အား ဆင်းရဲဒုက္ခကိုလည်းကောင်း၊