ထိုစာသည် ဂျူးလူမျိုးမော်ဒကဲနှင့်မိဖုရားဧသတာတို့ သတ်မှတ်ပေးထားသည့်အတိုင်း၊ သူတို့နှင့် သူတို့၏သားစဉ်မြေးဆက်တို့အတွက် ဤနေ့ကို အစာရှောင်မြည်တမ်းရာနေ့အဖြစ် သတ်မှတ်ပေးထားသည့်အတိုင်း ပုရိမ်ပွဲနေ့ကို သတ်မှတ်အတည်ပြုပေးသောစာဖြစ်၏။
အချိန်ကျရောက်သောအခါမိမိတို့ သဘောတူပြဋ္ဌာန်းခဲ့သည်နှင့်အညီ သူ တို့နှင့်သူတို့၏သားမြေးများသည်အစာ ရှောင်ခြင်း၊ ဝမ်းနည်းမြည်တမ်းခြင်းတို့ကို ပြုသည့်ပြင်ပုရနေ့များကိုစောင့်ရန်ညွှန် ကြားလေသည်။ ဤညွှန်ကြားချက်သည် မိဖုရားဧသတာနှင့်ယုဒအမျိုးသား မော်ဒကဲတို့အမိန့်ထုတ်ပြန်ချက်ဖြစ် သည်။-
ယေရမိသည် ယောရှိမင်းကြီးအတွက် ငိုချင်းကို ဖွဲ့ခဲ့၏။ သီချင်းသည်ယောက်ျားမိန်းမအပေါင်းတို့သည်လည်း ယောရှိမင်းကြီးအတွက် ငိုချင်းများကို ယနေ့တိုင် သီဆိုနေကြ၏။ ထိုငိုချင်းတို့ကို အစ္စရေးပြည်၏ဓလေ့ထုံးတမ်းတစ်ခုအဖြစ်ထားရှိပြီး မြည်တမ်းစာ၌ရေးမှတ်ထားကြ၏။
“ရှုရှန်မြို့တွင် ရှိသမျှသောဂျူးလူမျိုးတို့ကို သွား၍စုစည်းပြီး နေ့ရောညပါ သုံးရက်ပတ်လုံး မစားမသောက်ဘဲ အကျွန်ုပ်အတွက် အစာရှောင်ဆုတောင်းကြပါ။ အကျွန်ုပ်နှင့် အစေခံမိန်းကလေးများသည်လည်း ထိုနည်းတူ အစာရှောင်ဆုတောင်းကြပါမည်။ ထို့နောက် ဥပဒေနှင့်ဆန့်ကျင်သော်လည်း ရှင်ဘုရင်ထံအခစားဝင်မည်။ သေရမည်ဆိုလျှင်လည်း အသေခံပါမည်”ဟု ပြန်ပြောလိုက်၏။
ဘုရင့်အမိန့်စာရောက်ရှိသည့် နယ်မြေဒေသအသီးသီးတို့မှ ဂျူးလူမျိုးတို့သည် အကြီးအကျယ်ငိုကြွေးမြည်တမ်းကြလေ၏။ အစာရှောင်လျက်၊ ငိုကြွေးလျက်၊ မြည်တမ်းလျက် လူအများတို့သည် လျှော်တေအဝတ်ကိုဝတ်၍ ပြာ၌လူးကြလေ၏။