ဧသတာ 9:31 - Common Language Bible31 အချိန်ကျရောက်သောအခါမိမိတို့ သဘောတူပြဋ္ဌာန်းခဲ့သည်နှင့်အညီ သူ တို့နှင့်သူတို့၏သားမြေးများသည်အစာ ရှောင်ခြင်း၊ ဝမ်းနည်းမြည်တမ်းခြင်းတို့ကို ပြုသည့်ပြင်ပုရနေ့များကိုစောင့်ရန်ညွှန် ကြားလေသည်။ ဤညွှန်ကြားချက်သည် မိဖုရားဧသတာနှင့်ယုဒအမျိုးသား မော်ဒကဲတို့အမိန့်ထုတ်ပြန်ချက်ဖြစ် သည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း31 ထိုစာသည် ဂျူးလူမျိုးမော်ဒကဲနှင့်မိဖုရားဧသတာတို့ သတ်မှတ်ပေးထားသည့်အတိုင်း၊ သူတို့နှင့် သူတို့၏သားစဉ်မြေးဆက်တို့အတွက် ဤနေ့ကို အစာရှောင်မြည်တမ်းရာနေ့အဖြစ် သတ်မှတ်ပေးထားသည့်အတိုင်း ပုရိမ်ပွဲနေ့ကို သတ်မှတ်အတည်ပြုပေးသောစာဖြစ်၏။ အခန်းကိုကြည့်ပါ။ |
``ရှုရှန်မြို့တွင်ရှိသမျှသောယုဒအမျိုး သားတို့ကိုစုရုံးပြီးလျှင် ကျွန်မအတွက် အစာရှောင်စေ၍ နေ့ညဥ့်မပြတ်သုံးရက် ပတ်လုံးမစားမသောက်ဘဲနေကြပါစေ။ ကျွန်မနှင့်ကျွန်မ၏အပျိုတော်တို့သည် လည်းအစာရှောင်ကြပါမည်။ ထိုနောက်တရား ဥပဒေကူးလွန်၍သေဒဏ်ခံရစေကာမူ မင်းကြီးထံသို့ကျွန်မဝင်ပါမည်'' ဟုပြန် ကြားလိုက်၏။
ပရောဖက်ယေရမိသည်ယောရှိမင်းအကြောင်း ငိုချင်းတစ်ပုဒ်ကိုရေးစပ်သီကုံး၍ အမျိုး သားအမျိုးသမီးအဆိုတော်များကယောရှိ ကွယ်လွန်သည့်အတွက် ဝမ်းနည်းပူဆွေးသည့် အထိမ်းအမှတ်ပြုရာတွင်ဤသီချင်းကို သီဆိုကြလေသည်။ ယင်းသို့သီဆိုမှုမှာ ဣသရေလအမျိုးသားတို့၏ဋ္ဌလေ့ထုံးစံ ဖြစ်လာရာ၊ ထိုငိုချင်းသည်ငိုချင်းပေါင်း ချုပ်တွင်ပါဝင်လေသည်။