ဂျူးလူမျိုးတို့၏ရန်သူ၊ ဟမ္မေဒါသ၏သားဖြစ်သော ဟာမန်၏သားဆယ်ယောက်တို့ကိုလည်း သတ်ပစ်ကြ၏။ သို့သော် သူတို့၏ဥစ္စာပစ္စည်းကို မသိမ်းယူကြပေ။
ဧသတာ 9:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့၌ ရှုရှန်နန်းတော်တွင် အသတ်ခံရသောသူများ၏စာရင်းကို ရှင်ဘုရင်ထံတင်ပြကြ၏။ Common Language Bible ထိုနေ့၌ရှုရှန်မြို့တွင်အသတ်ခံရသည့် လူဦးရေကို မင်းကြီးအားသံတော်ဦး တင်ကြ၏။- Garrad Bible ရှု ရှန် နန်း မြို့ တော် အ တွင်း၊ ကျ ဆုံး သူ တို့ စာ ရင်း ကို၊ ထို နေ့၌ ပင် ဘု ရင် မင်း ရှေ့ ဆက် သွင်း ကြ ရာ၊ Judson Bible ထိုနေ့၌ ရှုရှန်မြို့တော်တွင် သေသောသူစာရင်းကို ရှင်ဘုရင်ရှေ့တော်မှာ ပြကြ၏။ |
ဂျူးလူမျိုးတို့၏ရန်သူ၊ ဟမ္မေဒါသ၏သားဖြစ်သော ဟာမန်၏သားဆယ်ယောက်တို့ကိုလည်း သတ်ပစ်ကြ၏။ သို့သော် သူတို့၏ဥစ္စာပစ္စည်းကို မသိမ်းယူကြပေ။
ထိုအခါ ရှင်ဘုရင်က မိဖုရားဧသတာအား “ဂျူးလူမျိုးတို့သည် ရှုရှန်နန်းတော်တွင် လူငါးရာနှင့် ဟာမန်၏သားဆယ်ယောက်တို့ကို သတ်ဖြတ်ဖျက်ဆီးကြပြီ။ ကျန်ဘုရင့်နယ်မြေများတွင်လည်း မည်သို့ပြုကြပြီနည်း။ ယခု သင်မည်သည်ကိုအလိုရှိသေးသနည်း။ သင့်အား ငါပေးမည်။ သင်မည်သည့်အရာတောင်းဆိုလိုသေးသနည်း။ သင်တောင်းဆိုသည်ကို ငါပေးမည်”ဟု မိန့်ဆို၏။
ရှုရှန်မြို့ရှိဂျူးလူမျိုးတို့မူကား တစ်ဆယ့်သုံးရက်၊ တစ်ဆယ့်လေးရက်တို့တွင် စုရုံးကြပြီး တစ်ဆယ့်ငါးရက်နေ့တွင် အနားယူကြ၏။ ထိုနေ့ကို ပျော်ရွှင်စွာပွဲခံရာနေ့အဖြစ် သတ်မှတ်လေ၏။
ထိုဗျာဒိတ်နိမိတ်ကိုမြင်ရစဉ် ငါသည် ဧလံပြည် ရှုရှန်နန်းတော်တွင် ရှိနေ၏။ ထိုဗျာဒိတ်နိမိတ်ထဲတွင် ငါသည် ဥလဲမြစ်နားသို့ ရောက်နေ၏။