အာရွှေရုမင်းကြီးစိုးစံချိန် အစောပိုင်းတွင် ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့အား စွပ်စွဲသောတိုင်စာကို ရေးပို့ကြ၏။
ဧသတာ 8:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုအမှုကို အာရွှေရုမင်းကြီးပိုင် နယ်မြေအားလုံးထဲ၌ အာဒါလဟုခေါ်သောတစ်ဆယ့်နှစ်လ၊ တစ်ဆယ့်သုံးရက်နေ့ တစ်နေ့ချင်းတွင် ပြုရမည်ဟု ပါရှိ၏။ Common Language Bible ထိုအမိန့်တော်သည်ပေရသိအင်ပါယာ နိုင်ငံတစ်ဝှန်းလုံး၌ယုဒအမျိုးသား တို့အား သတ်ဖြတ်ရန်သတ်မှတ်ထားသည့် အာဒါခေါ်ဒွါဒသမလဆယ့်သုံးရက် နေ့မှအစပြု၍အတည်ဖြစ်စေရမည်။- Judson Bible နိုင်ငံတော် အတိုင်းတိုင်း အပြည်ပြည် အမြို့မြို့၌ရှိသော ယုဒလူတို့သည် စုဝေး၍၊ မိမိတို့အသက်ကို စောင့်ရသောအခွင့်၊ တိုက်လာသောပြည်သူ၊ စစ်သူရဲအပေါင်းတို့ကို မိန်းမသူငယ်နှင့်တကွ သတ်ဖြတ်သုတ်သင်ပယ်ရှင်း၍၊ သူတို့ဥစ္စာကို လုယူသိမ်းရုံးရသောအခွင့်ကို ရှင်ဘုရင်ပေးတော်မူ၏။ |
အာရွှေရုမင်းကြီးစိုးစံချိန် အစောပိုင်းတွင် ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့အား စွပ်စွဲသောတိုင်စာကို ရေးပို့ကြ၏။
ဤသို့ဖြင့် ဘုရင့်စာနှင့် ဘုရင့်အမိန့်အတိုင်းလုပ်ဆောင်ရန် အာဒါလဟုခေါ်သော တစ်ဆယ့်နှစ်လ၊ တစ်ဆယ့်သုံးရက်နေ့ရောက်လာ၏။ ထိုနေ့တွင် ရန်သူတို့က ဂျူးလူမျိုးတို့ကို အနိုင်ယူစိုးမိုးတော့မည်ဟု ထင်ထားသော်လည်း မထင်မှတ်ဘဲ အခြေအနေမှာပြောင်းပြန်ဖြစ်သွား၍ ဂျူးလူမျိုးတို့သည် သူတို့ကိုမုန်းသောရန်သူတို့အား အနိုင်ယူစိုးမိုးသွားလေ၏။