ခုနစ်ရက်မြောက်သောနေ့တွင် အာရွှေရုမင်းကြီးသည် စပျစ်ဝိုင်အရှိန်ကြောင့် စိတ်မြူးလာပြီး မိမိရှေ့တော်၌ခစားသော မိန်းမစိုးခုနစ်ဦးဖြစ်ကြသည့် မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာနှင့် ကာကက် တို့ကိုခေါ်၍
ဧသတာ 4:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဧသတာသည် မိမိအဖို့ ရှင်ဘုရင်ခန့်ထားပေးသောမိန်းမစိုးဟာတက်ကို ဆင့်ခေါ်၍ မော်ဒကဲသည် မည်သည့်အကြောင်းကြောင့်၊ မည်သည့်အတွက်ကြောင့် ဤသို့ပြုမူနေသည်ကို စုံစမ်းကြည့်ရန် စေလွှတ်လိုက်၏။ Common Language Bible ထိုအခါမိဖုရားသည်မိမိ၏အစေခံ အဖြစ် မင်းကြီးခန့်ထားပေးသူ၊ မိန်းမစိုး ဟာတက်ကိုခေါ်ယူပြီးလျှင် အကျိုး အကြောင်းကိုစုံစမ်းရန်မော်ဒကဲထံ သို့စေလွှတ်လိုက်လေသည်။- Garrad Bible ဧ သ တာ့ ရှေ့ ခ စား ရန် ဘု ရင် မင်း စီ မံ ခဲ့ သော မိန်း မ စိုး ဟာ တက် ကို ခေါ်၍၊ မည် သည့် အ မှု၊ မည် သည့် အ ကြောင်း ကြောင့် နည်း ဟု မေး ရန်၊ မော် ဒ ကဲ ထံ စေ လွှတ် သည့် အ တိုင်း၊ Judson Bible တစ်ဖန် ဧသတာသည် ရှင်ဘုရင်အမိန့်တော်နှင့် ခစားသော မိန်းမစိုးဟာတက်ကို ခေါ်၍၊ အဘယ်အမှု ရှိသနည်း။ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မော်ဒကဲကို မေးစေခြင်းငှာ စေလွှတ်သည်အတိုင်း၊ |
ခုနစ်ရက်မြောက်သောနေ့တွင် အာရွှေရုမင်းကြီးသည် စပျစ်ဝိုင်အရှိန်ကြောင့် စိတ်မြူးလာပြီး မိမိရှေ့တော်၌ခစားသော မိန်းမစိုးခုနစ်ဦးဖြစ်ကြသည့် မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာနှင့် ကာကက် တို့ကိုခေါ်၍
သို့သော် မိဖုရားဝါရှတိသည် မိန်းမစိုးတို့မှတစ်ဆင့်မိန့်မှာလိုက်သည့် ရှင်ဘုရင်အမိန့်ကိုငြင်းဆန်ပြီး မလာဘဲနေ၏။ ထို့ကြောင့် ရှင်ဘုရင်သည် အမျက်ထွက်၍ ဒေါသမီးတောက်လောင်လေ၏။
ဧသတာ၏အစေခံမိန်းကလေးများနှင့် မိန်းမစိုးတို့သည်လာ၍ မော်ဒကဲအကြောင်းကို လျှောက်ထားကြသောအခါ မိဖုရားသည် အလွန်ပင်စိတ်မကောင်းဖြစ်လေ၏။ လျှော်တေအဝတ်ကိုလဲဝတ်ရန် အဝတ်များကိုပေးလိုက်သော်လည်း မော်ဒကဲသည် လက်မခံ။
ဟာတက်သည်လည်း မော်ဒကဲရှိရာ ဘုရင့်နန်းတော်တံခါးရှေ့ မြို့တော်ရင်ပြင်သို့ သွားလေ၏။
ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။
သို့ဖြစ်၍ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွခံစားရကြ၏။ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ချီးမြှောက်ခြင်းခံရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွဝမ်းမြောက်ကြ၏။
သင်တို့တစ်ဦးစီသည် မိမိအကျိုးကိုသာမကြည့်ရှုဘဲ သူတစ်ပါး၏အကျိုးကိုလည်း ကြည့်ရှုကြလော့။
အကြောင်းမူကား ငါတို့၏ယဇ်ပုရောဟိတ်မင်းသည် ငါတို့၏အားနည်းခြင်းများကို မထောက်ထားမညှာတာနိုင်သူမဟုတ်။ ကိုယ်တော်သည် ငါတို့နည်းတူ စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကိုခံခဲ့ဖူးသူဖြစ်တော်မူ၏။ သို့သော် အပြစ်နှင့်ကင်းလွတ်တော်မူ၏။