ဧသောသည် ဖခင်၏စကားကိုကြားသောအခါ အလွန်ခါးသီးစွာခံစားရလျက် ကျယ်လောင်စွာအော်ဟစ်ငိုကြွေးကာ “အဖေ၊ အကျွန်ုပ်ကို၊ အကျွန်ုပ်ကိုလည်း ကောင်းချီးပေးပါ”ဟု ဖခင်အားဆိုလေ၏။
ဧသတာ 4:1 - မြန်မာ့စံမီသမ္မာကျမ်း ထိုအကြောင်းအရာအလုံးစုံကို မော်ဒကဲ ကြားသိသောအခါ မိမိအဝတ်တို့ကိုဆုတ်ဖြဲ၍ လျှော်တေအဝတ်ကိုဝတ်ပြီးလျှင် ပြာ၌လူးလေ၏။ ထို့နောက် မြို့လယ်ခေါင်သို့သွားကာ ကျယ်လောင်စွာ ခါးခါးသီးသီး အော်ဟစ်ငိုကြွေးလေ၏။ Common Language Bible ဤအဖြစ်အပျက်အလုံးစုံကို မော်ဒကဲ သိရသောအခါပြင်းစွာစိတ်ဒုက္ခရောက်လျက် မိမိ၏အဝတ်များကိုဆုတ်ပြီးလျှင်လျှော် တေကိုဝတ်၍ဦးခေါင်းကိုပြာနှင့်လူး၏။ ထို နောက်သူသည်ပြင်းပြစွာငိုကြွေးမြည်တမ်း လျက် နန်းတော်အဝင်ဝသို့ရောက်သည်တိုင် အောင်မြို့ကိုဖြတ်၍လျှောက်သွားလေသည်။ မည်သူမဆိုလျှော်တေကိုဝတ်၍ နန်းတွင်း သို့မဝင်ရသောကြောင့်သူသည်နန်းတွင်း သို့မဝင်ချေ။- Garrad Bible ထို အ မှု ခပ် သိမ်း ကို မော် ဒ ကဲ သိ သော်၊ အ ဝတ် ဆုတ် ခြင်း၊ လျှော် တေ ဝတ် ခြင်း၊ ပြာ တင် ခြင်း များ ကို ပြု လျက်၊ မြို့ တွင်း သို့ သွား ပြီး လျှင်၊ အ လွန် နစ် နာ သ ဖြင့် ပြင်း ထန် စွာ အော် ဟစ်၍၊ Judson Bible ထိုအမှုရှိသမျှကို မော်ဒကဲသိသောအခါ၊ မိမိ အဝတ်ကို ဆုတ်၍ ပြာနှင့်လူးလျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ မြို့အလယ်သို့သွား၍ ကြီးကျယ်သောအသံနှင့် ငိုကြွေးလေ၏။ |
ဧသောသည် ဖခင်၏စကားကိုကြားသောအခါ အလွန်ခါးသီးစွာခံစားရလျက် ကျယ်လောင်စွာအော်ဟစ်ငိုကြွေးကာ “အဖေ၊ အကျွန်ုပ်ကို၊ အကျွန်ုပ်ကိုလည်း ကောင်းချီးပေးပါ”ဟု ဖခင်အားဆိုလေ၏။
ယာကုပ်သည် မိမိအဝတ်ကိုဆုတ်ဖြဲ၍ ခါး၌လျှော်တေအဝတ်ကိုစည်းကာ မိမိသားအတွက် ရက်ပေါင်းများစွာငိုကြွေးမြည်တမ်းလေ၏။
ထိုအခါ ဒါဝိဒ်သည် မိမိဝတ်ထားသောအဝတ်ကို ဆွဲဆုတ်ပစ်၏။ သူ့နောက်လိုက်အပေါင်းတို့သည်လည်း ထိုနည်းတူ ပြုကြပြီးလျှင်
တာမာသည် ခေါင်းပေါ်မှာပြာကိုတင်လျက် မိမိဝတ်ထားသောရောင်စုံသင်တိုင်းကို ဆွဲဆုတ်ပစ်လေ၏။ ထို့နောက် ခေါင်းပေါ်မှာလက်ကိုတင်ကာ အော်ဟစ်ငိုကြွေးလျက် ပြန်သွားလေ၏။
လျှော်တေအဝတ်ဖြင့် ဘုရင့်နန်းတော်တံခါးသို့ ဝင်ခွင့်မရှိသောကြောင့် သူသည် ဘုရင့်နန်းတော်တံခါးနားတွင် ရပ်နေ၏။
ဘုရင့်အမိန့်စာရောက်ရှိသည့် နယ်မြေဒေသအသီးသီးတို့မှ ဂျူးလူမျိုးတို့သည် အကြီးအကျယ်ငိုကြွေးမြည်တမ်းကြလေ၏။ အစာရှောင်လျက်၊ ငိုကြွေးလျက်၊ မြည်တမ်းလျက် လူအများတို့သည် လျှော်တေအဝတ်ကိုဝတ်၍ ပြာ၌လူးကြလေ၏။
ထိုအခါ ယောဘသည် ထ၍ ဝတ်လုံကိုဆုတ်လေ၏။ ဆံပင်ကိုလည်းရိတ်ပြီး မြေပေါ်တွင် ပျပ်ဝပ်ကိုးကွယ်လျက်
ယောဘသည် အိုးခြမ်းပဲ့တစ်ခုကိုယူ၍ ပြာထဲတွင် ထိုင်လျက် မိမိကိုယ်ကိုကုတ်ခြစ်နေရလေ၏။
ထို့ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာမိပါ၏။ နောင်တရလျက် မြေမှုန့်ထဲ၊ ပြာပုံထဲမှာ ထိုင်နေရပါ၏”ဟု လျှောက်လေ၏။
ဟေရှဘုန်မြို့၊ ဧလာလေမြို့တို့သည်လည်း အော်ဟစ်ကြ၏။ သူတို့၏အသံကို ယာဟတ်မြို့တိုင်အောင်ကြားရသဖြင့် မောဘစစ်သည်တို့ပါ စိတ်တုန်လှုပ်ချောက်ချား၍ အော်ဟစ်ကြ၏။
“ငါ့ကိုမကြည့်ကြနှင့်။ အားရပါးရငိုကြွေးပါရစေ။ ငါ့လူမျိုးသမီးပျိုတို့ ပျက်စီးသည်ဖြစ်၍ ငါ့ကိုနှစ်သိမ့်ဖို့ မကြိုးစားကြနှင့်”ဟု ငါဆို၏။
ဟေဇကိမင်းကြီးသည် ထိုစကားကိုကြားလျှင် မိမိအဝတ်ကိုဆုတ်ဖြဲ၍ လျှော်တေအဝတ်ကိုဝတ်ပြီး ထာဝရဘုရား၏အိမ်တော်သို့ သွားလေ၏။
မင်းကြီးသည် လျှော်တေအဝတ်ဝတ်ထားသည့် နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အသက်ကြီးသောယဇ်ပုရောဟိတ်တို့ကို အာမုတ်၏သား ပရောဖက်ဟေရှာယထံသို့ စေလွှတ်၏။
ငါနှစ်သက်သောအစာရှောင်ခြင်းကား ဤသို့လော။ လူသည် မိမိကိုယ်မိမိနှိမ့်ချ၍ ကျူပင်ကဲ့သို့ ခေါင်းကိုကိုင်းညွတ်ကာ လျှော်တေနှင့်ပြာအပေါ်လဲလျောင်းသောနေ့လော။ ဤသည်ကို အစာရှောင်ရာနေ့၊ ထာဝရဘုရားလက်ခံတော်မူသောနေ့ဟု သင်တို့ခေါ်မည်လော။
ဓားကို သွေးသူလက်သို့ အပ်လိုက်လေပြီ။ သူသည် ပြောင်လက်အောင်၊ ထက်အောင် သွေးပြီး လူသတ်လက်သို့ အပ်လေပြီ’ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ အချင်းလူသား၊ ညည်းတွားလော့။ သူတို့ရှေ့တွင် နှလုံးကြေကွဲစွာ၊ ခါးသီးစွာ ညည်းတွားလော့။
ထိုအခါ ငါသည် အစာရှောင်လျက်၊ လျှော်တေအဝတ်ဝတ်လျက်၊ ပြာ၌လူးလျက် အရှင်ဘုရားသခင်ထံ မျက်နှာမူ၍ အသနားခံဆုတောင်းလေ၏။
ထို့အတွက်ကြောင့် အကျွန်ုပ်ငိုကြွေးမြည်တမ်းမည်။ ဖိနပ်မစီး၊ အဝတ်မဝတ်ဘဲ သွားလာမည်။ ခွေးအကဲ့သို့အူပြီး ငှက်ကုလားအုတ်ကဲ့သို့ အော်မြည်မည်။
ထာဝရဘုရား၏နေ့ရက်တော်ကြီး ရောက်လုနီးပြီ၊ ရောက်လုနီးပြီ။ အလျင်အမြန်ရောက်လာတော့မည်။ ထာဝရဘုရား၏နေ့ရက်တော်တွင် အော်ဟစ်သံသည် ခါးသီး၏။ စစ်သူရဲတို့ပင် ကျယ်လောင်စွာအော်ဟစ်ကြလိမ့်မည်။
“ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့၌ပြုခဲ့သောတန်ခိုးလက္ခဏာများကို တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့၌ပြုခဲ့လျှင် သူတို့သည် ရှေးယခင်ကပင် လျှော်တေအဝတ်ကိုဝတ်လျက် ပြာနှင့်လူးကာ နောင်တရခဲ့ကြပေလိမ့်မည်။
တမန်တော်ဗာနဗနှင့်ပေါလုတို့သည် ထိုအကြောင်းကိုကြားလျှင် မိမိတို့၏အဝတ်ကိုဆုတ်ဖြဲ၍ လူထုပရိသတ်အလယ်သို့ပြေးသွားကာ
ထိုအခါ ယောရှုသည် မိမိအဝတ်ကိုဆုတ်၍ အစ္စရေးသက်ကြီးဝါကြီးတို့နှင့်တကွ နေဝင်ချိန်တိုင်အောင် ထာဝရဘုရား၏သေတ္တာတော်ရှေ့၊ မြေပေါ်မှာပျပ်ဝပ်လျက်၊ ခေါင်းပေါ်၌ မြေမှုန့်ကိုတင်လျက်နေကြ၏။
ထိုအခါ ငါသည် ငါ၏သက်သေနှစ်ပါးတို့အား အခွင့်ပေးသဖြင့် သူတို့သည် လျှော်တေအဝတ်ကိုဝတ်လျက် ရက်ပေါင်းတစ်ထောင့်နှစ်ရာခြောက်ဆယ်တိုင်တိုင် ပရောဖက်ပြုဟောပြောကြလိမ့်မည်”ဟု ဆို၏။