ထိုစကားကို ရှင်ဘုရင်နှင့်မှူးမတ်တို့ သဘောကျနှစ်သက်သဖြင့် ရှင်ဘုရင်သည် မမုကန်ပြောသည့်အတိုင်း ပြု၏။
ဧသတာ 1:20 - မြန်မာ့စံမီသမ္မာကျမ်း အရှင်မင်းကြီးချမှတ်သောအမိန့်ကို ကျယ်ပြောလှသောနိုင်ငံတစ်ဝန်းလုံးသို့ ကြေညာလျှင် အယုတ်အလတ်အမြတ်မရွေး မိန်းမအပေါင်းတို့သည် ကိုယ့်ယောက်ျားကို ကိုယ်ရိုသေနာခံကြလိမ့်မည်”ဟု လျှောက်တင်လေ၏။ Common Language Bible အရှင်၏အမိန့်တော်ကို ဤကျယ်ဝန်းသည့် အင်ပါယာနိုင်ငံတော်တစ်လျှောက်လုံးတွင် ကြေညာလိုက်သောအခါ အမျိုးသမီး အပေါင်းတို့သည်မိမိတို့၏ခင်ပွန်းများ အားဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေရိုသေကြပါလိမ့်မည်'' ဟုလျှောက် ၏။ Garrad Bible ဘု ရင် မင်း အ မိန့် တော် ကို ကျယ် ဝန်း သော နိုင် ငံ တစ် လျှောက်၊ ထုတ် ဆင့် တော် မူ သော အ ခါ၊ အ ယုတ်၊ အ လတ်၊ အ မြတ် ဖြစ် သော ခင် ပွန်း တို့ အား၊ မိန်း မ အ ပေါင်း တို့ ရို သေ ကြ ပါ လိမ့် မည် ဟု တင် လျှောက် လေ ၏။ Judson Bible သို့ပြုလျှင် ရှင်ဘုရင်ပေးတော်မူသော အမိန့်တော်ကို ကျယ်ဝန်းသော နိုင်ငံတော်တစ်လျှောက်လုံး ကြော်ငြာသောအခါ၊ မိန်းမအပေါင်းတို့သည် ကိုယ်ခင်ပွန်း အယုတ်အမြတ်တို့ကို ရိုသေကြပါလိမ့်မည်ဟု ရှင်ဘုရင်နှင့် မှူးမတ်တို့ရှေ့မှာ လျှောက်ထား၏။ |
ထိုစကားကို ရှင်ဘုရင်နှင့်မှူးမတ်တို့ သဘောကျနှစ်သက်သဖြင့် ရှင်ဘုရင်သည် မမုကန်ပြောသည့်အတိုင်း ပြု၏။
ထို့နောက်တွင် အာရွှေရုမင်းကြီးသည် အမျက်ပြေ၍ ဝါရှတိကိုသတိရလေ၏။ ဝါရှတိပြုမူခဲ့ပုံနှင့် သူ့အပေါ် အပြစ်ဒဏ်ချခဲ့ပုံတို့ကိုလည်း သတိရလေ၏။
မည်သို့ပင်ဖြစ်စေ သင်တို့တစ်ဦးစီသည်လည်း မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိဇနီးသည်ကို ချစ်ကြလော့။ ဇနီးသည်တို့သည်လည်း မိမိခင်ပွန်းသည်ကို ရိုသေကြလော့။
မြို့သားယောက်ျားအပေါင်းတို့သည် ထိုသူကို ခဲနှင့်အသေပေါက်သတ်ရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။ သို့မှသာ အစ္စရေးလူမျိုးအပေါင်းတို့သည် ကြား၍ ကြောက်ရွံ့ကြလိမ့်မည်။
ဇနီးသည်တို့၊ သခင်ဘုရား၌ရှိသောသူနှင့်သင့်လျော်သည်နှင့်အညီ ခင်ပွန်းသည်ကို နာခံကြလော့။