သူသည် အစေအပါးအသီးသီးတို့အား သူတို့၏အရည်အချင်းနှင့်အညီ တစ်ဦးကိုငါးတာလန်၊ အခြားတစ်ဦးကိုနှစ်တာလန်နှင့် နောက်တစ်ဦးကိုတစ်တာလန် စသည်ဖြင့် ပေးအပ်ပြီးလျှင် ခရီးထွက်လေ၏။
ဧဖက် 4:7 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါတို့တစ်ဦးစီသည် ခရစ်တော်ပေးတော်မူသော ကောင်းချီးလက်ဆောင်၏ပမာဏအတိုင်း ကျေးဇူးတော်ကိုခံစားရကြ၏။ Common Language Bible ခရစ်တော်ချပေးတော်မူသည်အတိုင်းငါတို့ တစ်ဦးစီသည်ထူးမြတ်သည့်ဆုကျေးဇူးကို ခံစားကြရပေသည်။- Garrad Bible သို့ ရာ တွင် ငါ တို့ အ သီး အ သီး သည် ခ ရစ် တော်၏ ဆု တော် နှင့် အ မျှ ကျေး ဇူး တော် ကို ခံ စား ရ လေ ပြီ။ Judson Bible သို့သော်လည်း ခရစ်တော်သည် ဆုပေးတော်မူသည်အတိုင်း ငါတို့သည် ကျေးဇူးတော်ကို အသီးအသီး ကိုယ်စီခံရကြပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ကျွန်ုပ်တို့တစ်ဦးစီသည် ခရစ်တော် ခွဲဝေပေးတော်မူသည့်အတိုင်း အထူးစွမ်းရည်ကို အသီးသီး ရရှိကြ၏။ |
သူသည် အစေအပါးအသီးသီးတို့အား သူတို့၏အရည်အချင်းနှင့်အညီ တစ်ဦးကိုငါးတာလန်၊ အခြားတစ်ဦးကိုနှစ်တာလန်နှင့် နောက်တစ်ဦးကိုတစ်တာလန် စသည်ဖြင့် ပေးအပ်ပြီးလျှင် ခရီးထွက်လေ၏။
ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်များကိုမြွက်ဆိုတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအဆမရှိပေးတော်မူ၏။
ငါ့အားပေးအပ်တော်မူသော ကျေးဇူးတော်အားဖြင့် သင်တို့ထဲတွင်ရှိသောသူအားလုံးကို ငါမှာကြားလိုသည်မှာ သင်တို့သည် မိမိကိုယ်ကို ထင်သင့်သည်ထက် ပို၍အထင်မကြီးကြဘဲ သင်တို့အသီးသီးအား ဘုရားသခင်ခွဲဝေပေးတော်မူသော ယုံကြည်ခြင်းအတိုင်းအတာနှင့်အညီ သင့်တင့်လျောက်ပတ်စွာ ထင်မြင်ကြလော့။
ငါတို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည်နှင့်အညီ သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို အချည်းနှီးမခံယူကြနှင့်ဟု သင်တို့အားတိုက်တွန်းနှိုးဆော်ပါ၏။
သင်တို့အတွက် ငါ့အားပေးအပ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် စီမံခန့်ခွဲမှုကို သင်တို့ကြားသိကြသည်ဟု ငါယူဆ၏။
သန့်ရှင်းသူအားလုံးတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါ့အား ဤကျေးဇူးတော်ကိုပေးအပ်တော်မူခြင်းမှာ ချင့်မျှော်တွေးဆ၍မရနိုင်သော ခရစ်တော်၏ကြွယ်ဝမှုကို လူမျိုးခြားတို့အားဟောပြောစေရန်နှင့်
ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများအားဖြင့်လည်းကောင်း၊ တန်ခိုးလက္ခဏာအမျိုးမျိုးအားဖြင့်လည်းကောင်း၊ မိမိအလိုတော်နှင့်အညီ သန့်ရှင်းသောဝိညာဉ်တော်ကို မျှဝေပေးတော်မူခြင်းအားဖြင့်လည်းကောင်း သူတို့နှင့်အတူ သက်သေခံတော်မူ၏။
သင်တို့တစ်ဦးစီသည် မိမိခံစားရရှိသည့်ဆုကျေးဇူးအလျောက် ဘုရားသခင်၏အမျိုးမျိုးသောကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းသောဘဏ္ဍာစိုးများကဲ့သို့ ထိုဆုကျေးဇူးအားဖြင့် အချင်းချင်းကူညီဆောင်ရွက်ပေးကြလော့။