ကိုယ်တော်သည် ကိုယ်တော့်နှုတ်တော်ထွက်စကားကိုထောက်၍ ကိုယ်တော်၏အလိုတော်အတိုင်းပြုတော်မူသော ဤကြီးမြတ်သောအမှုအလုံးစုံတို့ကို ကိုယ်တော့်အစေအပါးအား သိစေတော်မူပါပြီ။
ဧဖက် 4:32 - မြန်မာ့စံမီသမ္မာကျမ်း အချင်းချင်းကျေးဇူးပြုလျက် သနားစုံမက်ကြကာ ဘုရားသခင်သည် ခရစ်တော်၌ သင်တို့ကိုခွင့်လွှတ်တော်မူသကဲ့သို့ အချင်းချင်းခွင့်လွှတ်ကြလော့။ Common Language Bible သင်တို့သည်တစ်ဦးကိုတစ်ဦးသနားချစ်ခင်ကြ လော့။ ဘုရားသခင်သည်ခရစ်တော်ကြောင့်သင်တို့ အားအပြစ်လွှတ်တော်မူသည့်နည်းတူ သင်တို့သည် လည်းတစ်ဦးနှင့်တစ်ဦးအပြစ်လွှတ်ကြလော့။ Garrad Bible တစ် ဦး ကို တစ် ဦး ထောက် ထား ညှာ တာ လျက် သင် တို့ ကို ခ ရစ် တော်၌ ဘု ရား သ ခင် ချမ်း သာ ပေး တော် မူ သည့် နည်း တူ အ ချင်း ချင်း တို့ အား ချမ်း သာ ပေး ကြ လော့။ Judson Bible အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် တစ်ဦးကို တစ်ဦး ကျေးဇူးပြုကြလော့။ သနားကြင်နာကြလော့။ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့ကို ခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့သည်လည်း တစ်ဦးကို တစ်ဦး ခွင့်လွှတ်ကြလော့။ |
ကိုယ်တော်သည် ကိုယ်တော့်နှုတ်တော်ထွက်စကားကိုထောက်၍ ကိုယ်တော်၏အလိုတော်အတိုင်းပြုတော်မူသော ဤကြီးမြတ်သောအမှုအလုံးစုံတို့ကို ကိုယ်တော့်အစေအပါးအား သိစေတော်မူပါပြီ။
သူသည်စွန့်ကြဲ၍ နွမ်းပါးသောသူတို့အား ပေးကမ်း၏။ သူ၏ဖြောင့်မတ်ခြင်းသည် ထာဝရတည်၏။ သူ၏ဦးချိုသည် ဘုန်းအသရေရှိစွာ ချီးမြှောက်ခြင်းကိုခံရလိမ့်မည်။
ထာဝရဘုရားသည် အရာခပ်သိမ်းတို့အပေါ် ကောင်းမြတ်တော်မူ၏။ မိမိပြုလုပ်ဖန်ဆင်းသောအရာအားလုံးကိုလည်း သနားစုံမက်တော်မူ၏။
ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်၏အသက်ကို ဂရုစိုက်တတ်၏။ ဆိုးယုတ်သောသူတို့၏သနားစုံမက်ခြင်းမူကား ရက်စက်မှုဖြစ်၏။
ပညာသတိရှိသောသူသည် မိမိ၏ဒေါသကိုချုပ်တည်းတတ်၏။ သူ၏ဂုဏ်ကျက်သရေကား သူတစ်ပါးကျူးလွန်သောအပြစ်ကို ဖြေလွှတ်ခြင်းဖြစ်၏။
လူ့ထံမှအလိုရှိအပ်သောအရာကား သူ၏မေတ္တာကရုဏာဖြစ်၏။ ဆင်းရဲသောသူသည် လိမ်လည်သောသူထက် ပို၍ကောင်း၏။
ဖြောင့်မတ်သောသူဆုံးပါးသွားသည်ကို မည်သူမျှနှလုံးမသွင်းကြ။ ကျေးဇူးပြုတတ်သောသူတို့ ရုပ်သိမ်းခြင်းခံရသည်ကို မည်သူမျှနားမလည်ကြ။ အကယ်စင်စစ် ဖြောင့်မတ်သောသူသည် မကောင်းမှုထဲမှရုပ်သိမ်းခံရခြင်းဖြစ်၏။
ထိုအခါ အီသီယိုးပီးယားအမျိုးသား ဧဗဒမေလက်က ယေရမိအား “ဤအဝတ်ဟောင်းအဝတ်စုတ်တို့ကို သင့်ချိုင်းနှင့် ကြိုးအကြား၌ ခံထားလော့”ဟု ပြောသည့်အတိုင်း ယေရမိပြုလေ၏။
အကျွန်ုပ်တို့အပေါ် အပြစ်ကြွေးရှိသူများကို အကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်ကြွေးများကိုလည်း ခွင့်လွှတ်တော်မူပါ။
သင်တို့သည် မတ်တတ်ရပ်လျက် ဆုတောင်းကြသောအခါ တစ်ဦးတစ်ယောက်အပေါ် အပြစ်တင်စရာတစ်စုံတစ်ခုရှိလျှင် ခွင့်လွှတ်ကြလော့။ သို့ပြုလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖသည်လည်း သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်။
ဤအပြစ်များခွင့်လွှတ်ခြင်းကျေးဇူးသည် ငါတို့ဘုရားသခင်၏အကြင်နာကရုဏာတော်ကြောင့် သက်ရောက်လာသည်ဖြစ်၍ ထိုကရုဏာတော်အားဖြင့် အထက်ကောင်းကင်မှနေအရုဏ်သည် ငါတို့အပေါ်သက်ရောက်ပြီး
အကျွန်ုပ်တို့အပေါ် အပြစ်ကြွေးရှိသူအားလုံးတို့ကို အကျွန်ုပ်တို့ခွင့်လွှတ်သည်ဖြစ်၍ အကျွန်ုပ်တို့၏အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။ အကျွန်ုပ်တို့ကို ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေပါနှင့်’ဟူ၍ မြွက်ဆိုကြလော့”ဟု မိန့်တော်မူ၏။
တစ်နေ့အတွင်း သင့်ကိုခုနစ်ကြိမ်ပြစ်မှားလျက် သင့်ထံသို့ ခုနစ်ကြိမ်တိုင်တိုင်လာ၍ ‘အကျွန်ုပ်နောင်တရပါ၏’ဟု ဆိုလျှင် သူ့ကိုခွင့်လွှတ်ရမည်”ဟု မိန့်တော်မူ၏။
သို့သော် သင်တို့သည် သင်တို့၏ရန်သူများကို ချစ်ကြလော့။ ကောင်းသောအမှုကိုပြုကြလော့။ မည်သည့်အရာမျှ ပြန်လည်ရရှိရန်မမျှော်လင့်ဘဲ ချေးငှားကြလော့။ ထိုသို့ပြုလျှင် သင်တို့ရရှိမည့်ဆုလာဘ်သည်ကြီးမား၍ သင်တို့သည် အမြင့်ဆုံးသောဘုရား၏သားသမီးများဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ထိုအရှင်သည် ကျေးဇူးမသိသောသူနှင့် ဆိုးသောသူတို့အားလည်း ကျေးဇူးပြုတော်မူ၏။
သူတစ်ပါးကိုမစီရင်ကြနှင့်။ သို့ပြုလျှင် သင်တို့သည်လည်း စီရင်ခြင်းကို လုံးဝခံရမည်မဟုတ်။ သူတစ်ပါးကိုအပြစ်ရှိသည်ဟုမသတ်မှတ်ကြနှင့်။ သို့ပြုလျှင် သင်တို့သည်လည်း အပြစ်ရှိသည်ဟုသတ်မှတ်ခြင်းကို လုံးဝခံရမည်မဟုတ်။ သူတစ်ပါးကိုခွင့်လွှတ်ကြလော့။ သို့ပြုလျှင် သင်တို့သည်လည်း ခွင့်လွှတ်ခြင်းကိုခံရကြလိမ့်မည်။
ကျွန်းသားတို့သည် ငါတို့အား ထူးခြားသောချစ်ခင်ကြင်နာမှုကိုပြသကြ၏။ မိုးရွာ၍ချမ်းအေးသောကြောင့် သူတို့သည် မီးဖိုလျက် ငါတို့အားလုံးကို လက်ခံကြိုဆိုကြ၏။
ညီအစ်ကိုချင်းချစ်သောမေတ္တာအားဖြင့် အချင်းချင်းချစ်ခင်ကြင်နာကြ၍ ရိုသေသမှုပြုခြင်း၌ သူတစ်ပါးသည် မိမိထက်သာလွန်သည်ဟု မှတ်ယူကြလော့။
မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် မနာလိုခြင်းမရှိ။ ဝါကြွားခြင်းမရှိ။ မာနထောင်လွှားခြင်းမရှိ။
သင်တို့ခွင့်လွှတ်သောသူကို ငါသည်လည်းခွင့်လွှတ်၏။ ငါသည် တစ်စုံတစ်ဦးကိုခွင့်လွှတ်လျှင် သင်တို့အတွက် ခရစ်တော်၏ရှေ့တော်၌ခွင့်လွှတ်၏။
ထို့ကြောင့် ယခုအခါတွင် သင်တို့သည် သူ့ကိုခွင့်လွှတ်၍ နှစ်သိမ့်ပေးသင့်၏။ သို့မဟုတ်လျှင် သူသည် ကြီးစွာသောဝမ်းနည်းခြင်း၌ နစ်မွန်းသွားလိမ့်မည်။
ဖြူစင်ခြင်း၌ဖြစ်စေ၊ အသိပညာ၌ဖြစ်စေ၊ စိတ်ရှည်ခြင်း၌ဖြစ်စေ၊ ကျေးဇူးပြုခြင်း၌ဖြစ်စေ၊ သန့်ရှင်းသောဝိညာဉ်တော်၌ဖြစ်စေ၊ ဟန်ဆောင်မှုကင်းသောမေတ္တာ၌ဖြစ်စေ၊
ထို့ကြောင့် ချစ်တော်မူသောသားသမီးများအဖြစ် ဘုရားသခင်ကို အတုယူသူများဖြစ်ကြလော့။
သည်းခံသောသူတို့သည် မင်္ဂလာရှိ၏ဟု ငါတို့ယူဆကြ၏။ ယောဘ၏သည်းခံခြင်းကို သင်တို့ကြားရကြပြီ။ နောက်ဆုံးတွင် ထာဝရဘုရားပြုတော်မူသောအမှုအားဖြင့် ကိုယ်တော်သည် အလွန်ကြင်နာတတ်၍ ကရုဏာနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်း သင်တို့တွေ့မြင်ရကြ၏။
ဘုရားဝတ်၌မွေ့လျော်ခြင်း၌ ညီအစ်ကိုချင်းချစ်သောမေတ္တာကိုလည်းကောင်း၊ ညီအစ်ကိုချင်းချစ်သောမေတ္တာ၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း လုံ့လဝီရိယရှိသမျှဖြင့် ထပ်ဆင့်ဖြည့်စွက်ကြလော့။
ငါတို့သည် ကိုယ့်အပြစ်များကိုဖော်ပြဝန်ခံလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံ၍ ဖြောင့်မတ်သောအရှင်ဖြစ်တော်မူသောကြောင့် ငါတို့၏အပြစ်များကိုခွင့်လွှတ်ပြီး ငါတို့ကို မတရားမှုရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။
သားသမီးတို့၊ သင်တို့သည် ခရစ်တော်၏နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းခံရပြီဖြစ်သောကြောင့် သင်တို့ထံ ငါရေးလိုက်၏။
ထိုအခါ နောမိက သူ့ချွေးမအား “အသက်ရှင်သောသူ၊ သေသောသူတို့ကို မေတ္တာကရုဏာအစဉ်ထားတော်မူသော ထာဝရဘုရားသည် သူ့ကို ကောင်းချီးပေးပါစေသော။ သူသည် ငါတို့နှင့် ဆွေးမျိုးနီးစပ်သူ၊ ငါတို့ကို ရွေးနုတ်ခွင့်ရှိသူ ဖြစ်၏”ဟု ဆို၏။