ဧဇရ 9:10 - မြန်မာ့စံမီသမ္မာကျမ်း
အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ဤသို့ဖြစ်ပျက်ပြီးမှ ယခု အကျွန်ုပ်တို့ မည်သို့လျှောက်ရပါမည်နည်း။ အကျွန်ုပ်တို့သည် ပညတ်တော်ကို စွန့်ပယ်ကြပါပြီ။
အခန်းကိုကြည့်ပါ။
``သို့ရာတွင် အို ဘုရားသခင်၊ ထိုသို့ကျေးဇူး တော်ကိုခံစားရပြီးမှ အကျွန်ုပ်တို့သည် အဘယ်သို့လျှောက်ထားနိုင်ကြပါမည်နည်း။ ကိုယ်တော်က`သင်တို့သိမ်းပိုက်လတ္တံ့သောပြည် သည်ညစ်ညမ်းသည်။ ပြည်သူပြည်သားတို့သည် ပြည်တစ်စွန်းမှတစ်စွန်းတိုင်အောင် စက်ဆုတ် ရွံရှာဖွယ်ကောင်းသည့်အကျင့်ဆိုးများဖြင့် ပြည့်နှက်စေလေပြီ။ သင်တို့သည်ထိုပြည် ထွက်အသီးအနှံများကိုဝစွာစားသုံးကာ ထိုပြည်ကိုလည်းမိမိတို့သားမြေးများ လက်သို့ထာဝစဉ်အပ်နှံလိုကြပါက ထို ပြည်သူပြည်သားတို့နှင့်အဘယ်အခါ၌ မျှထိမ်းမြားစုံဖက်မှုမပြုကြနှင့်။ သူတို့ ၏ကြီးပွားတိုးတက်ရေးအတွက်အဘယ် အခါ၌မျှ အကူအညီမပေးကြနှင့်' ဟုကိုယ်တော်၏အစေခံပရောဖက်များ အားဖြင့် ပေးတော်မူသောအမိန့်တော်တို့ကို အကျွန်ုပ်တို့မနာခံကြပါ။-
အခန်းကိုကြည့်ပါ။
အို အ ကျွန်ုပ် တို့၏ ဘု ရား သ ခင်၊ ထို သို့ သော ကျေး ဇူး တော် ကို ခံ ရ ပြီး မှ၊ မည် သို့ လျှောက် ရ ပါ အံ့ နည်း။ သင် တို့ ဝင် ရောက်၍ အ ပိုင် ရ ကြ မည့် ပြည် သည်၊ တိုင်း ရင်း သား တို့ ၏ မ သန့် ရာ များ နှင့် ရွံ ရှာ ဖွယ် ဓ လေ့ များ ကြောင့်၊ ပြည် တစ် စွန်း မှ တစ် စွန်း တိုင် မ သန့် အောင်၊ ညစ် ညူး ခြင်း နှင့် ပြည့် စုံ သော ပြည် ဖြစ်၏။ သို့ ဖြစ်၍ သင် တို့ ခွန် အား ရှိ လျက်၊ ပြည် ကျိုး ကို ခံ စား ပြီး လျှင်၊ သား စဉ် မြေး ဆက် ပိုင် ရ စေ ရန်၊ သင် တို့ သား သ မီး များ ကို ချင်း တို့ သား သ မီး များ နှင့် ပေး စား ထိမ်း မြား ခြင်း မ ပြု ဘဲ၊ ချင်း တို့ စည်း စိမ် ချမ်း သာ အ ကျိုး ကို မ ရှာ ကြ ရ ဟု၊ ကျွန် တော် ရင်း ပ ရော ဖက် တို့ အား ဖြင့် မြစ် တား တော် မူ ခဲ့ သော ပ ညတ် တော် ကို၊ အ ကျွန်ုပ် တို့ စွန့် ပယ် ကြ ပါ ပြီ။
အခန်းကိုကြည့်ပါ။
ယခုလည်း အိုအကျွန်ုပ်တို့၏ ဘုရားသခင်၊ ဤသို့ ပြုမိပြီးမှ၊
အခန်းကိုကြည့်ပါ။