Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​ဇ​ရ 9:10 - Common Language Bible

10-12 ``သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ ထို​သို့​ကျေး​ဇူး တော်​ကို​ခံ​စား​ရ​ပြီး​မှ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​လျှောက်​ထား​နိုင်​ကြ​ပါ​မည်​နည်း။ ကိုယ်​တော်​က`သင်​တို့​သိမ်း​ပိုက်​လတ္တံ့​သော​ပြည် သည်​ညစ်​ညမ်း​သည်။ ပြည်​သူ​ပြည်​သား​တို့​သည် ပြည်​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင် စက်​ဆုတ် ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​အ​ကျင့်​ဆိုး​များ​ဖြင့် ပြည့်​နှက်​စေ​လေ​ပြီ။ သင်​တို့​သည်​ထို​ပြည် ထွက်​အ​သီး​အ​နှံ​များ​ကို​ဝ​စွာ​စား​သုံး​ကာ ထို​ပြည်​ကို​လည်း​မိ​မိ​တို့​သား​မြေး​များ လက်​သို့​ထာ​ဝ​စဉ်​အပ်​နှံ​လို​ကြ​ပါ​က ထို ပြည်​သူ​ပြည်​သား​တို့​နှင့်​အ​ဘယ်​အ​ခါ​၌ မျှ​ထိမ်း​မြား​စုံ​ဖက်​မှု​မ​ပြု​ကြ​နှင့်။ သူ​တို့ ၏​ကြီး​ပွား​တိုး​တက်​ရေး​အ​တွက်​အ​ဘယ် အ​ခါ​၌​မျှ အ​ကူ​အ​ညီ​မ​ပေး​ကြ​နှင့်' ဟု​ကိုယ်​တော်​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ အား​ဖြင့် ပေး​တော်​မူ​သော​အ​မိန့်​တော်​တို့​ကို အ​ကျွန်ုပ်​တို့​မ​နာ​ခံ​ကြ​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10-12 အို အ ကျွန်ုပ် တို့၏ ဘု ရား သ ခင်၊ ထို သို့ သော ကျေး ဇူး တော် ကို ခံ ရ ပြီး မှ၊ မည် သို့ လျှောက် ရ ပါ အံ့ နည်း။ သင် တို့ ဝင် ရောက်၍ အ ပိုင် ရ ကြ မည့် ပြည် သည်၊ တိုင်း ရင်း သား တို့ ၏ မ သန့် ရာ များ နှင့် ရွံ ရှာ ဖွယ် ဓ လေ့ များ ကြောင့်၊ ပြည် တစ် စွန်း မှ တစ် စွန်း တိုင် မ သန့် အောင်၊ ညစ် ညူး ခြင်း နှင့် ပြည့် စုံ သော ပြည် ဖြစ်၏။ သို့ ဖြစ်၍ သင် တို့ ခွန် အား ရှိ လျက်၊ ပြည် ကျိုး ကို ခံ စား ပြီး လျှင်၊ သား စဉ် မြေး ဆက် ပိုင် ရ စေ ရန်၊ သင် တို့ သား သ မီး များ ကို ချင်း တို့ သား သ မီး များ နှင့် ပေး စား ထိမ်း မြား ခြင်း မ ပြု ဘဲ၊ ချင်း တို့ စည်း စိမ် ချမ်း သာ အ ကျိုး ကို မ ရှာ ကြ ရ ဟု၊ ကျွန် တော် ရင်း ပ ရော ဖက် တို့ အား ဖြင့် မြစ် တား တော် မူ ခဲ့ သော ပ ညတ် တော် ကို၊ အ ကျွန်ုပ် တို့ စွန့် ပယ် ကြ ပါ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ယ​ခု​လည်း အို​အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ဤ​သို့ ပြု​မိ​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ဤသို့​ဖြစ်ပျက်​ပြီးမှ ယခု အကျွန်ုပ်​တို့ မည်သို့​လျှောက်​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​တို့​သည် ပညတ်တော်​ကို စွန့်ပယ်​ကြ​ပါ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဇ​ရ 9:10
10 ပူးပေါင်းရင်းမြစ်များ  

ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​မှန် သ​မျှ​သည် ပ​ညတ်​တ​ရား​စိုး​မိုး​မှု​လက်​အောက် တွင်​ရှိ​နေ​သူ​များ​အ​တွက်​ဖြစ်​ကြောင်း​ယ​ခု ငါ​တို့​သိ​ကြ​၏။ ဤ​သို့​ဖြစ်​ရ​ခြင်း​အ​ကြောင်း မှာ​လူ​တို့​၏​ဆင်​ခြေ​ဆင်​လက်​မှန်​သ​မျှ​ကို ရပ်​စဲ​စေ​ရန်​နှင့် လူ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​စေ​ရန်​ဖြစ်​ပေ​သည်။-


ထာ​ဝ​ရ​ဘု​ရား​၏​မ​ကုန်​ဆုံး​နိုင်​သော​မေတ္တာ တော်​နှင့် က​ရု​ဏာ​တော်​သည် မိုး​သောက်​ချိန်​ကဲ့​သို့​လန်း​ဆန်း​လျက်၊ နေ​ထွက်​ချိန် ကဲ့​သို့​ဧ​ကန်​မု​ချ​တည်​မြဲ​၍​နေ​တော်​မူ​သေး​သည်။


အို ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ရန်​သူ​များ​ထံ​မှ​နောက်​သို့ ဆုတ်​ပြေး​လာ​ရ​ပြီ​ဖြစ်​ခြင်း​ကြောင့် အ​ကျွန်ုပ် သည်​မည်​သို့​ပြော​ရ​ပါ​မည်​နည်း။-


ယု​ဒ​က``ကျွန်​တော်​တို့​သည် အ​ရှင်​အား​မည်​သို့ လျှောက်​ထား​နိုင်​ပါ​မည်​နည်း။ မည်​ကဲ့​သို့​ဆင်​ခြေ တက်​နိုင်​ပါ​မည်​နည်း။ ကျွန်​တော်​တို့​မ​ကူး​လွန် ကြောင်း မည်​ကဲ့​သို့​သက်​သေ​အ​ထောက်​အ​ထား ပြ​နိုင်​ပါ​အံ့​နည်း။ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် က​ကျွန်​တော်​တို့​၏​အ​ပြစ်​ကို​ဖော်​ထုတ်​တော် မူ​ပါ​ပြီ။ ဖ​လား​နှင့်​တွေ့​ရ​သူ​တစ်​ဦး​သာ​မ​က ကျွန်​တော်​တို့​အား​လုံး​အ​ရှင့်​ထံ​၌​ကျွန်​ခံ​ပါ မည်'' ဟု​လျှောက်​ထား​လေ​၏။


အ​ကျွန်ုပ်​တို့​သည်​ကျွန်​ခံ​လျက်​နေ​ကြ​ရ သော်​လည်း ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​တို့ ကို​စွန့်​ပစ်​တော်​မ​မူ​ပါ။ ကိုယ်​တော်​သည်​ပေ​ရ​သိ ဘု​ရင်​တို့​ရှေ့​တွင် အ​ကျွန်ုပ်​တို့​ကို​မျက်​နှာ​သာ ရ​စေ​တော်​မူ​၍ အ​သက်​ရှင်​ခွင့်​နှင့်​ပျက်​စီး ယို​ယွင်း​နေ​သည့်​ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​ခွင့်​နှင့် ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​တို့​တွင် ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ခွင့်​ကို ပေး​စေ​တော်​မူ​ပါ​၏။


ကိုယ်​တော်​သည်​သူ​တို့​အား​တစ်​နှစ်​ပြီး​တစ်​နှစ် သည်း​ခံ​၍​သ​တိ​ပေး​တော်​မူ​ပါ​၏။ ကိုယ်​တော်​၏​နှိုး​ဆော်​သူ​ပ​ရော​ဖက်​များ​က ပြော​ဆို​ဆုံး​မ​ကြ​သော်​လည်း ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​နား​ပင်း​လျက် နေ​ကြ​ပါ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​လူ​မျိုး​ခြား​တို့​အား ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​နှိမ်​နင်း​ခွင့် ပေး​တော်​မူ​ပါ​၏။


အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ၊ ဘု​ရင်​များ၊ ခေါင်း​ဆောင်​များ​နှင့် ယဇ်​ပု​ရော​ဟိတ်​များ​သည်​ကိုယ်​တော်​၏ ပ​ညတ်​တ​ရား​တော်​ကို​မ​စောင့်​ထိန်း​ခဲ့​ကြ​ပါ။ သူ​တို့​သည်​ကိုယ်​တော်​၏​အ​မိန့်​တော်​များ၊ သ​တိ​ပေး​တော်​မူ​ချက်​များ​ကို နား​မ​ထောင်​ကြ​ပါ။


ကျွန်​တော်​မျိုး​တို့​သည်​ဘိုး​ဘေး​များ​နည်း​တူ အ​ပြစ်​ကူး​ကြ​ပါ​ပြီ။ ယုတ်​မာ​ဆိုး​ညစ်​ကြ ပါ​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ