ယဇ်ပုရောဟိတ်တို့သည် ဖာရောမင်းကြီးထံမှအစားအစာရရှိသည်ဖြစ်၍ သူတို့သည် ဖာရောမင်းကြီးပေးသော အစားအစာကိုစားရကြသောကြောင့် မိမိတို့၏မြေကိုမရောင်းကြပေ။ ထို့ကြောင့် သူတို့၏လယ်ကိုကား ယောသပ် မဝယ်ပေ။
ဧဇရ 7:24 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်၊ လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်၊ ဗိမာန်တော်အစေအပါး၊ ဘုရားသခင်၏အိမ်တော်၌အမှုဆောင်သူ စသည်တို့ထံမှ အခွန်အကောက်၊ ဆက်ကြေး ကောက်ခံခွင့်မရှိကြောင်း သိမှတ်လော့။ Common Language Bible သင်တို့သည်ယဇ်ပုရောဟိတ်များ၊ လေဝိ အနွယ်ဝင်များ၊ ဂီတပညာသည်များ၊ အစောင့် တပ်သားများနှင့်အလုပ်သမားများထံမှ သော်လည်းကောင်း၊ ဗိမာန်တော်နှင့်သက်ဆိုင် သည့်အခြားသူများထံမှသော်လည်းကောင်း အဘယ်အခွန်တော်ကိုမျှမကောက်မခံ ကြရ။ Garrad Bible ထို မှ တစ် ပါး၊ ပ ရော ဟိတ်၊ လေ ဝိ ဂိုဏ်း သား၊ သီ ဆို သူ၊ တံ ခါး စောင့်၊ ကျွန် သီး တော်၊ ဗိ မာန် တော် အ မှု ဆောင် တစ် စုံ တစ် ယောက် မျှ၊ ငွေ တော်၊ အ ခွန် တော်၊ အ ကောက် တော် မ ခွဲ ရ ဟူ၍ တည်း။ Judson Bible ထိုမှတစ်ပါး၊ ယဇ်ပုရောဟိတ် လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားကျွန်၊ ဘုရားသခင်၏ အိမ်တော်အမှုစောင့် တစ်စုံတစ်ယောက်၌မျှ ငွေတော်ကို မခွဲစေနှင့်။ အခွန်တော်အကောက်တော်ကို မခံမယူစေနှင့်ဟု ငါမှာလိုက်၏။ |
ယဇ်ပုရောဟိတ်တို့သည် ဖာရောမင်းကြီးထံမှအစားအစာရရှိသည်ဖြစ်၍ သူတို့သည် ဖာရောမင်းကြီးပေးသော အစားအစာကိုစားရကြသောကြောင့် မိမိတို့၏မြေကိုမရောင်းကြပေ။ ထို့ကြောင့် သူတို့၏လယ်ကိုကား ယောသပ် မဝယ်ပေ။
ဤသို့ဖြင့် ငါးပုံတစ်ပုံသည် ဖာရောမင်းကြီးအပိုင်ဖြစ်၏ဟု ယောသပ်စီရင်ခဲ့သောစည်းမျဉ်းဥပဒေသည် အီဂျစ်ပြည်၌ ယနေ့တိုင်အောင်တည်၏။ ယဇ်ပုရောဟိတ်တို့၏မြေကိုကား ဖာရောမင်းကြီးမပိုင်ပေ။
ထိုမြို့ကိုပြန်လည်တည်ဆောက်၍ မြို့ရိုးများကိုလက်စသတ်လျှင် သူတို့သည် အခွန်အကောက်၊ ဆက်ကြေးတို့ကိုပေးဆောင်တော့မည်မဟုတ်ဘဲ ဘုရင့်ဘဏ္ဍာတော်ထိခိုက်မည်ကို အရှင်မင်းကြီးသိမှတ်တော်မူပါ။
ဂျေရုဆလင်မြို့ကိုအစိုးရသော တန်ခိုးကြီးဘုရင်တို့သည် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း တစ်လျှောက်လုံးကိုပါ အုပ်ချုပ်ရပြီး သူတို့အား အခွန်အကောက်၊ ဆက်ကြေးတို့ကို ဆက်သရသည်ကိုလည်း သိရ၏။
အာတဇေရဇ်မင်းကြီး နန်းစံသတ္တမနှစ်တွင် အချို့သော အစ္စရေးအမျိုးသားများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးသားများ၊ သီချင်းသည်များ၊ တံခါးစောင့်များ၊ ဗိမာန်တော်အစေအပါးများသည် ဂျေရုဆလင်မြို့သို့ ပြန်လာကြ၏။
အချို့ကလည်း “ငါတို့၏လယ်များ၊ စပျစ်ခြံများအတွက် ဘုရင့်ထံအခွန်ဆောင်ဖို့ ငွေချေးကြရပြီ။
ထို့နောက် ယေရှုသည် ထိုအရပ်မှကြွတော်မူစဉ် အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် မဿဲဟုခေါ်သောသူတစ်ဦးကိုမြင်၍“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူသော် သူသည်ထ၍ နောက်တော်သို့လိုက်လေ၏။