ဤဘုရားသခင်၏အိမ်တော် တည်ဆောက်ခြင်းအမှုကို မနှောင့်ယှက်ကြနှင့်။ ဂျူးဘုရင်ခံနှင့် ဂျူးသက်ကြီးဝါကြီးတို့သည် ဘုရားသခင်၏အိမ်တော်ကို မူလနေရာ၌ ပြန်လည်တည်ဆောက်ကြစေ။
ဗိမာန်တော်တည်ဆောက်မှုကိုလည်းမနှောင့်ယှက်ကြနှင့်။ ယုဒဘုရင်ခံနှင့်ယုဒခေါင်းဆောင်တို့အား ဘုရားသခင်၏ဗိမာန်တော်ကိုနေရာဟောင်းတွင် ပြန်လည်တည်ဆောက်ခွင့်ပြုကြလော့။-
ကင်း ကင်း နေ၍၊ ဗိ မာန် တော် တည် ဆောက် မှု ကို ရှိ စေ လော့။ ယု ဒ ဘု ရင် ခံ နှင့် အ ကြီး အ ကဲ တို့ သည်၊ နေ ရာ ရင်း၌ ဤ ဗိ မာန် ကို တည် ဆောက် ကြ စေ။
ထိုဘုရား၏ အိမ်တော်တည်ခြင်းအမှုကို မဆီးမတားကြနှင့်။ ယုဒမြို့ဝန်နှင့် ယုဒအမျိုးအသက်ကြီး သူတို့သည် ထိုအိမ်တော်ကို မိမိနေရာ၌ တည်ပါလေစေ၊
သင်တို့တွင် မည်သူသည် ဘုရားသခင်၏လူဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင်ရှိတော်မူပါစေသော။ သူသည် ယုဒပြည် ဂျေရုဆလင်မြို့သို့တက်သွား၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ပါစေ။ ဘုရားသခင်သည် ဂျေရုဆလင်မြို့တွင်စံပယ်တော်မူ၏။
ထို့ကြောင့် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း၏ဘုရင်ခံ တာတနဲ၊ ရှေသာဗောဇနဲမှစ၍ မြစ်အနောက်ဘက်ကမ်းရှိ သူတို့၏အပေါင်းပါ အဖာသပြည်သားတို့၊ ထိုအမှုနှင့် ကင်းကင်းရှင်းရှင်းနေကြလော့။
ဘုရားသခင်၏အိမ်တော် ပြန်လည်တည်ဆောက်ခြင်းအမှု၌ ဂျူးသက်ကြီးဝါကြီးတို့အား သင်တို့လုပ်ဆောင်ပေးရမည့်အရာနှင့်ပတ်သက်၍ ငါထုတ်ပြန်လိုက်သည်မှာ တည်ဆောက်ခြင်းအမှု ရပ်ဆိုင်းမသွားစေရန် ကုန်ကျစရိတ်ကို ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းမှရသော ဘုရင့်အခွန်ဘဏ္ဍာထဲမှ သူတို့အား အလျင်မီထုတ်ပေးရမည်။