ပါးရှားဘုရင်ကုရုမင်းကြီးက “ကောင်းကင်ဘုံရှင် ဘုရားသခင်ထာဝရဘုရားသည် မြေကြီးပေါ်ရှိတိုင်းနိုင်ငံအလုံးစုံကို ငါ့အား ပေးတော်မူပြီ။ ယုဒပြည်၊ ဂျေရုဆလင်မြို့တွင် ကိုယ်တော့်အဖို့ အိမ်တော်ကိုတည်ရန် ငါ့ကို ခန့်ထားတော်မူပြီ။
ဧဇရ 5:15 - မြန်မာ့စံမီသမ္မာကျမ်း “ဤအသုံးအဆောင်တို့ကိုယူ၍ ဂျေရုဆလင်မြို့ရှိ ဗိမာန်တော်၌ ပြန်ထားလော့။ ဘုရားသခင်၏အိမ်တော်ကိုလည်း မူလနေရာ၌ ပြန်လည်တည်ဆောက်လော့”ဟု မှာလိုက်၏။ Common Language Bible ကုရုမင်းသည်ယုဒဘုရင်ခံအဖြစ် မိမိခန့်ထားသည့်ရှေရှဗာဇာအမည်ရှိသူ၏လက်သို့ ထိုအသုံးအဆောင်တော်များကိုအပ်နှံတော်မူ၍ ယေရုရှလင်မြို့ဗိမာန်တော်သို့ပြန်လည်ယူဆောင်သွားစေပြီးလျှင် ထိုဗိမာန်တော်ကိုနေရာဟောင်းတွင် ပြန်လည်တည်ဆောက်ရန်မိန့်မှာတော်မူပါ၏။- Garrad Bible ဤ အ သုံး အ ဆောင် တော် များ ကို၊ ယေ ရု ရှ လင် မြို့ ဗိ မာန် တော် တွင် ယူ ဆောင် သွင်း ထား လော့။ ဘု ရား သ ခင့် ဗိ မာန် တော် ကို လည်း၊ နေ ရာ ရင်း တွင် တည် ဆောက် ကြ စေ ဟူ သော အ မိန့် တော် အ တိုင်း၊ Judson Bible ဤတန်ဆာတို့ကို ယူ၍ ယေရုရှလင်မြို့၏ ဗိမာန်တော်သို့ ဆောင်သွားလော့။ ဘုရားသခင်၏အိမ်တော်ကို မိမိနေရာ၌ တည်ပြန်စေဟု မိန့်တော်မူသည်အတိုင်း၊ |
ပါးရှားဘုရင်ကုရုမင်းကြီးက “ကောင်းကင်ဘုံရှင် ဘုရားသခင်ထာဝရဘုရားသည် မြေကြီးပေါ်ရှိတိုင်းနိုင်ငံအလုံးစုံကို ငါ့အား ပေးတော်မူပြီ။ ယုဒပြည်၊ ဂျေရုဆလင်မြို့တွင် ကိုယ်တော့်အဖို့ အိမ်တော်ကိုတည်ရန် ငါ့ကို ခန့်ထားတော်မူပြီ။
သူတို့သည် ပြည်သားတို့ကိုကြောက်ရွံ့လျက်နှင့်ပင် ယဇ်ပလ္လင်ကို မူလနေရာ၌ တည်ဆောက်ကြ၏။ ထို့နောက် နံနက်အချိန်၊ နေဝင်ချိန်တို့၌ ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်များကို ပူဇော်ကြ၏။
ဂျေရုဆလင်ဗိမာန်တော်မှ သိမ်းယူ၍ ဘေဘီလုံဗိမာန်သို့ နေဗုခဒ်နေဇာမင်းကြီး ယူဆောင်လာသည့် ရွှေဖလား၊ ငွေဖလားစသော ဘုရားသခင်၏အိမ်တော်အသုံးအဆောင်များကို ကုရုမင်းကြီးသည် ဘေဘီလုံဗိမာန်မှထုတ်၍ ဘုရင်ခံအဖြစ် ခန့်အပ်ခြင်းခံရသော ရှေရှဗာဇာထံသို့ ပေးအပ်ပြီး
ရှေရှဗာဇာလည်း ဂျေရုဆလင်မြို့သို့ရောက်လာ၍ ဘုရားသခင်၏အိမ်တော်ကို အုတ်မြစ်ချ၏။ ထိုအချိန်ကစ၍ တည်ဆောက်ရာ ယခုထိ မပြီးစီးသေးပါ’ဟု အကျွန်ုပ်တို့အား ပြန်ဖြေပါ၏။
“ကုရုမင်းကြီးနန်းစံပထမနှစ်တွင် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်နှင့်ပတ်သက်၍ ကုရုမင်းကြီးက ‘ယဇ်ကောင်များကို ပူဇော်ရာ အိမ်တော်ကို ပြန်လည်တည်ဆောက်စေ။ အုတ်မြစ်ကို ခိုင်ခံ့စွာချစေ။ အိမ်တော်သည် အမြင့်အတောင်ခြောက်ဆယ်၊ အကျယ်အတောင်ခြောက်ဆယ် ရှိရမည်။