အကယ်၍ ဤမြို့ကို ပြန်လည်တည်ဆောက်၍ မြို့ရိုးကိုလက်စသတ်ပြီးလျှင် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းသည် အရှင့်ပိုင်မြေဖြစ်တော့မည်မဟုတ်ကြောင်းကို အရှင်မင်းကြီးအား အကျွန်ုပ်တို့လျှောက်ထားအပ်ပါသည်”ဟု ပါရှိ၏။
ဧဇရ 4:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရှင်ဘုရင်က သူတို့ထံသို့ ပြန်စာပို့လိုက်သည်မှာ “ဗိုလ်ချုပ်ရေဟုံ၊ စာရေးတော်ကြီးရှိမရှဲ၊ ကျန်ရှိသောရှမာရိမြို့သားအပေါင်းပါများနှင့် ကျန်ရှိသောယူဖရေးတီးမြစ်အနောက်ဘက်ကမ်းနေသူများအား နှုတ်ဆက်လိုက်ပါ၏။ Common Language Bible မင်းကြီး၏ပြန်ကြားလွှာမှာ၊ ``ဘုရင်ခံရေဟုံ၊ အတွင်းဝန်ရှိမရှဲနှင့်တကွ အပေါင်းအဖော်များဖြစ်ကြသောရှမာရိမြို့သားများနှင့် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်သားတို့အား နှုတ်ခွန်းဆက်သလိုက်ပါသည်။'' Garrad Bible ထို့ ကြောင့် ဘု ရင် မင်း သည်၊ ဘု ရင် ခံ ရေ ဟုံ၊ အ တွင်း ဝန် ရှိ မ ရှဲ တို့ မှ စ၍၊ ရှ မာ ရိ နယ် နှင့် မြစ် ကြီး အ နောက် ဘက် ပြည် နယ် များ တွင် နေ ထိုင် သော ဘက် ပါ သူ တို့ ထံ အ မိန့် တော် ပြန် လိုက် သည် မှာ၊ Judson Bible ရှင်ဘုရင်သည် စာတိုက်စိုးရေဟုံနှင့် မြို့စာရေးရှိမရှဲ မှစ၍၊ ရှမာရိမြို့၌နေသော ထိုသူတို့၏ အပေါင်းအဖော်များ၊ မြစ်အနောက်ဘက်၌နေသော အခြားသူများတို့ရှိရာသို့ ပြန်ပေးလိုက်သော စာဟူမူကား၊ |
အကယ်၍ ဤမြို့ကို ပြန်လည်တည်ဆောက်၍ မြို့ရိုးကိုလက်စသတ်ပြီးလျှင် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းသည် အရှင့်ပိုင်မြေဖြစ်တော့မည်မဟုတ်ကြောင်းကို အရှင်မင်းကြီးအား အကျွန်ုပ်တို့လျှောက်ထားအပ်ပါသည်”ဟု ပါရှိ၏။
အာတဇေရဇ်မင်းကြီးလက်ထက်၌လည်း ဗိရှလံ၊ မိသရေဒတ်၊ တဗေလတို့နှင့် ကျန်အပေါင်းပါတို့သည် ပါးရှားဘုရင်အာတဇေရဇ်မင်းကြီးထံသို့ စာရေးသားပေးပို့ကြ၏။ ထိုစာကို အာရမိတ်ဘာသာသို့ ဘာသာပြန်ဆို ရေးသားပေးလိုက်၏။
မင်းကြီးထံ သူတို့ပေးလိုက်သောစာတွင် ဤသို့ ရေးသားထား၏။ “ဒါရိမင်းကြီး၌ ငြိမ်ဝပ်ချမ်းသာအပေါင်း ရှိပါစေသော။
“ဘုရင်တို့၏ဘုရင် အာတဇေရဇ်မင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရားသခင်၏ပညတ်တရားကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ယဇ်ပုရောဟိတ်ဧဇရအား နှုတ်ဆက်လိုက်ပါ၏။
နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးကိုပြောဆိုသော ကမ္ဘာအရပ်ရပ်ရှိလူမျိုးအပေါင်းတို့ထံသို့ ငါနေဗုခဒ်နေဇာမင်းကြီး ပြောကြားလိုက်ပါ၏။ သင်တို့ ကြီးပွားတိုးတက်ကြပါစေသော။
ထို့နောက် ဒါရိမင်းကြီးသည် မြေတစ်ပြင်လုံးရှိနိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးအပေါင်းတို့ထံသို့ စာရေးလိုက်၏။ ထိုစာတွင် “သင်တို့၌ ငြိမ်ဝပ်ချမ်းသာ တိုးပွားပါစေသော။
မည်သည့်အိမ်သို့မဆို သင်တို့ဝင်ကြသောအခါ ‘ဤအိမ်၌ ငြိမ်သက်ခြင်းရှိပါစေ’ဟူ၍ ဦးစွာနှုတ်ဆက်ကြလော့။
ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ သန့်ရှင်းသူများအဖြစ်ခေါ်ယူတော်မူသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ငါရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။