ရဟောဘ၏သား၊ ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးသည် ယူဖရေးတီးမြစ်တစ်လျှောက်ကို ပြန်လည်သိမ်းပိုက်ရန် စစ်ချီလာသောအခါ ဒါဝိဒ်မင်းကြီးသည် သူ့ကိုတိုက်ခိုက်ပြီး
ဧဇရ 4:16 - မြန်မာ့စံမီသမ္မာကျမ်း အကယ်၍ ဤမြို့ကို ပြန်လည်တည်ဆောက်၍ မြို့ရိုးကိုလက်စသတ်ပြီးလျှင် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းသည် အရှင့်ပိုင်မြေဖြစ်တော့မည်မဟုတ်ကြောင်းကို အရှင်မင်းကြီးအား အကျွန်ုပ်တို့လျှောက်ထားအပ်ပါသည်”ဟု ပါရှိ၏။ Common Language Bible သို့ဖြစ်၍ဤမြို့နှင့်မြို့ရိုးကိုပြီးစီးအောင်ပြန်လည်တည်ဆောက်ခဲ့လျှင် အရှင်မင်းကြီးသည်ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်ကိုထိန်းသိမ်းအုပ်ချုပ်နိုင်တော့မည်မဟုတ်ကြောင်းလျှောက်ထားအပ်ပါသည်'' ဟူ၍တည်း။ Garrad Bible ထို မြို့ နှင့် မြို့ ရိုး ပါ ပြု ပြင် ပြီး စီး ခဲ့ လျှင်၊ ဘု ရင် မင်း မြတ် အာ ဏာ တော် သည်၊ မြစ် ကြီး အ နောက် ဘက် ၌ တည် တော့ မည် မ ဟုတ် ကြောင်း ကို၊ ထောက် ခံ တင် သွင်း ပါ သည် ဟူ၍ တည်း။ Judson Bible ထိုမြို့ကိုတည်ပြန်၍ မြို့ရိုးကို လက်စသတ်လျှင်၊ ကိုယ်တော်သည် မြစ်အနောက်ဘက်၌ အစိုးရတော်မမူကြောင်းကို ကျွန်တော်တို့ လျှောက်ထားပါသည်ဟု စာ၌ပါသတည်း။ |
ရဟောဘ၏သား၊ ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးသည် ယူဖရေးတီးမြစ်တစ်လျှောက်ကို ပြန်လည်သိမ်းပိုက်ရန် စစ်ချီလာသောအခါ ဒါဝိဒ်မင်းကြီးသည် သူ့ကိုတိုက်ခိုက်ပြီး
သူသည် တိဖသမြို့မှ ဂါဇမြို့အထိ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းတစ်လျှောက်လုံးကို ပိုင်၏။ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိဘုရင်အားလုံးတို့ကို အုပ်စိုးရပြီး သူ့ဝန်းကျင်တစ်ခွင်မှာ ငြိမ်းချမ်းသာယာခြင်းရှိလေ၏။
အရှင်မင်းကြီး၊ ဘိုးဘေးတော်တို့ထားခဲ့သောမှတ်တမ်းလွှာများကို ရှာဖွေစိစစ်ကြည့်ပါ။ ဤမြို့သည် ပုန်ကန်တတ်သောမြို့၊ ဘုရင်များနှင့် တိုင်းပြည်၏အကျိုးကို ဆုတ်ယုတ်စေသောမြို့၊ ရှေးယခင်ကပင် ဆူပူအုံကြွမှုဖြစ်စေတတ်သောမြို့ဖြစ်သောကြောင့် ဖျက်ဆီးခံခဲ့ရကြောင်းကို မှတ်တမ်းလွှာများတွင် တွေ့ရှိရပါလိမ့်မည်။
ထိုအခါ ရှင်ဘုရင်က သူတို့ထံသို့ ပြန်စာပို့လိုက်သည်မှာ “ဗိုလ်ချုပ်ရေဟုံ၊ စာရေးတော်ကြီးရှိမရှဲ၊ ကျန်ရှိသောရှမာရိမြို့သားအပေါင်းပါများနှင့် ကျန်ရှိသောယူဖရေးတီးမြစ်အနောက်ဘက်ကမ်းနေသူများအား နှုတ်ဆက်လိုက်ပါ၏။
ဂျေရုဆလင်မြို့ကိုအစိုးရသော တန်ခိုးကြီးဘုရင်တို့သည် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း တစ်လျှောက်လုံးကိုပါ အုပ်ချုပ်ရပြီး သူတို့အား အခွန်အကောက်၊ ဆက်ကြေးတို့ကို ဆက်သရသည်ကိုလည်း သိရ၏။