စုစုပေါင်းရွှေငွေအသုံးအဆောင် ငါးထောင်လေးရာ ရှိ၏။ ဘေဘီလုံမြို့မှ ဂျေရုဆလင်မြို့သို့ သုံ့ပန်းတို့ ပြန်လာကြသောအခါ ရှေရှဗာဇာသည် ထိုအသုံးအဆောင်ရှိသမျှကိုပါ ယူဆောင်လာခဲ့၏။
ဧဇရ 4:1 - မြန်မာ့စံမီသမ္မာကျမ်း သုံ့ပန်းအဖြစ်ပါသွားသူတို့၏သားမြေးများသည် ထာဝရဘုရားအဖို့ ဗိမာန်တော်တည်ဆောက်ကြောင်းကို ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးတို့၏ရန်သူတို့ ကြားသိရလျှင် Common Language Bible ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသောသူတို့သည် ဣသရေလအမျိုးသားတို့ဘုရားသခင်ထာဝရဘုရား၏ဗိမာန်တော်ကို ပြန်လည်တည်ဆောက်လျက်ရှိကြောင်း ယုဒအနွယ်နှင့်ဗင်္ယာမိန်အနွယ်တို့၏ရန်သူများကြားသိကြသောအခါ၊- Garrad Bible ယု ဒ၊ ဗင်္ယာ မိန် အ နွယ် သား တို့၏ ရန် သူ တို့ သည်၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ဖို့ ဗိမာန် တော် ကို၊ သုံ့ ဘမ်း ခံ ရ သူ တို့ တည် ဆောက် ကြောင်း ကြား သိ လျှင်၊ Judson Bible သိမ်းသွားခြင်းကိုခံရသော အမျိုးသားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအဖို့ ဗိမာန်တော်ကို တည်ကြသည်ဟု ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုး၏ ရန်သူတို့သည် ကြားလျှင်၊ |
စုစုပေါင်းရွှေငွေအသုံးအဆောင် ငါးထောင်လေးရာ ရှိ၏။ ဘေဘီလုံမြို့မှ ဂျေရုဆလင်မြို့သို့ သုံ့ပန်းတို့ ပြန်လာကြသောအခါ ရှေရှဗာဇာသည် ထိုအသုံးအဆောင်ရှိသမျှကိုပါ ယူဆောင်လာခဲ့၏။
သုံ့ပန်းသားမြေးတို့မူကား ဝန်ခံကြ၏။ ယဇ်ပုရောဟိတ်ဧဇရသည်လည်း အိမ်ထောင်စုအကြီးအမှူးတို့ကို ဘိုးဘေးတို့မျိုးနွယ်အလိုက် အားလုံးကိုနာမည်နှင့်တကွ သီးခြားခွဲထားပြီးလျှင် ဒသမလ၊ တစ်ရက်နေ့၌ အမှုကိုစစ်ဆေးရန် စုဝေးကြ၏။
ထို့ကြောင့် ဝမ်းမြောက်စွာကြွေးကြော်သံလော၊ အော်ဟစ်ငိုကြွေးသံလော မည်သူမျှခွဲခြား၍ မရနိုင်ဖြစ်လေ၏။ လူအုပ်ကြီး၏ဆူညံစွာအော်ဟစ်ကြွေးကြော်သံကြီးမှာ အဝေးမှပင် ကြားရလေ၏။
အစ္စရေးအမျိုးသားများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိသားများနှင့် ပြန်လာသောသုံ့ပန်းသားမြေးတို့သည် ဘုရားသခင်၏အိမ်တော်ဆက်ကပ်ပွဲကို ဝမ်းမြောက်စွာကျင်းပကြ၏။
သူသည် ပထမလ၊ တစ်ရက်နေ့တွင် ဘေဘီလုံမြို့မှ စတင်ထွက်ခွာလာ၏။ ဘုရားသခင်သည် သူနှင့်အတူရှိ၍ ကျေးဇူးပြုတော်မူသောကြောင့် ပဉ္စမလ၊ တစ်ရက်နေ့တွင် ဂျေရုဆလင်မြို့သို့ ပြန်ရောက်လာ၏။
ဤသို့ဖြင့် ဒံယေလကို အထံတော်သို့ ခေါ်ဆောင်လာရာ ရှင်ဘုရင်က ဒံယေလအား “သင်သည် ငါ့ခမည်းတော် ယုဒပြည်မှခေါ်ဆောင်လာသောယုဒသုံ့ပန်း ဒံယေလလော။
ထို့ကြောင့် ဂျေရုဆလင်မြို့ကို ပြန်လည်ပြုပြင်တည်ဆောက်ရန် အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ ဘိသိက်ခံမင်းတစ်ပါးပေါ်ထွန်းမည့်နေ့အထိ ခုနစ်သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်းကြာလိမ့်မည်ဟု သိနားလည်လော့။ ခဲယဉ်းသောကာလများ၌ပင် ထိုမြို့၏လမ်းနှင့်ကျုံးတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ကြလိမ့်မည်။
အကြောင်းမူကား ထိရောက်မှုရှိသောအမှုတော်လုပ်ငန်းအတွက် ကြီးမားသောတံခါးသည် ငါ့အတွက်ပွင့်လျက်ရှိ၍ ဆန့်ကျင်သောသူလည်း များစွာရှိကြ၏။