တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
ဧဇရ 3:7 - မြန်မာ့စံမီသမ္မာကျမ်း ကျောက်ဆစ်သမား၊ လက်သမားတို့ကို ငွေပေး၍ခိုင်းစေ၏။ ပါးရှားဘုရင် ကုရုမင်းကြီး၏ခွင့်ပြုချက်ဖြင့် ဆီဒုန်အမျိုးသား၊ တိုင်ရာအမျိုးသားတို့ကို စားနပ်ရိက္ခာနှင့်ဆီကိုပေး၍ သစ်ကတိုးသားများကို လက်ဘနွန်တောမှ ယုပ္ပေမြို့အရောက် မျှောချစေ၏။ Common Language Bible ပြည်သူတို့သည်ပန်းရန်များနှင့်လက်သမား များကိုပေးချေရန်ငွေပေးလှူကြ၏။ ပေရသိ ဘုရင်ကုရုမင်းခွင့်ပြုချက်အရလေဗနုန် တောမှ သစ်ကတိုးများကို ယုပ္ပေဆိပ်အရောက် စုံမျောစေခြင်းငှာ တုရုနှင့်ဇိဒုန်မြို့သား များထံသို့အစားအစာ၊ စပျစ်ရည်နှင့် သံလွင်ဆီတို့ကိုပေးပို့ကြ၏။- Garrad Bible ကျောက် ဆစ် သ မား နှင့် ဗိသု ကာ တို့ အား ငွေ ပေး လျက်၊ ပေ ရ သိ ဘု ရင် ကု ရု မင်း အ ခွင့် ပြု သည့် အ တိုင်း၊ သစ် က တိုး သစ် များ ကို လေ ဗ နုန် တော မှ ယု ပ္ပေ ဆိပ် ရောက် စုံ မျော စေ ခြင်း ငှာ၊ ဇိ ဒုန်၊ တု ရု မြို့ သား တို့ အား လည်း။ စား နပ် ရိ က္ခာ နှင့် ဆီ များ ကို ပေး ကြ၏။ Judson Bible ပန်းရန်သမားနှင့် လက်သမားတို့အားလည်း ငွေကိုပေးကြ၏။ ပေရသိရှင်ဘုရင်ကုရု အခွင့်ပေးတော်မူသည်အတိုင်း၊ အာရဇ်သစ်သားကို လေဗနုန်တောင်မှ ယုပ္ပေဆိပ်သို့ ဆောင်စေခြင်းငှာ၊ ဇိဒုန်မြို့သားနှင့် တုရုမြို့သားတို့အား၊ စားစရိတ်နှင့် ဆီများကို ပေးကြ၏။ |
တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
ထို့ကြောင့် အကျွန်ုပ်အဖို့ လက်ဘနွန်တောင်မှ သစ်ကတိုးပင်များကို ခုတ်ပေးကြရန် အမိန့်ထုတ်ပြန်ပါ။ အကျွန်ုပ်၏အမှုထမ်းတို့သည် မင်းကြီး၏အမှုထမ်းတို့နှင့်အတူ အလုပ်လုပ်ကြပါလိမ့်မည်။ မင်းကြီး၏အမှုထမ်းတို့အတွက် လုပ်အားခကိုလည်း မင်းကြီးဆိုသည့်အတိုင်း ပေးပါမည်။ မင်းကြီးသိတော်မူသည့်အတိုင်း အကျွန်ုပ်တွင် ဆီဒုန်လူမျိုးတို့ကဲ့သို့ သစ်ခုတ်ကျွမ်းကျင်သူ မရှိပါ”ဟု မှာကြားလိုက်လေ၏။
ထိုသေတ္တာထဲတွင် ငွေအမြောက်အမြားရှိလာသည်ကို မြင်လျှင် ဘုရင့်စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်းတို့သည် လာ၍ ထာဝရဘုရား၏အိမ်တော်၌ရှိသောငွေများကို အိတ်ထဲထည့်ပြီး ရေတွက်လေ၏။
သို့သော် ထာဝရဘုရား၏အိမ်တော်အတွက် ငွေဇလုံများ၊ မီးညှပ်များ၊ အင်တုံများ၊ တံပိုးခရာများ၊ ရွှေထည်ငွေထည်ပစ္စည်းများ စသည်တို့ကို ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လာသောငွေများဖြင့် မပြုလုပ်ပေ။
ထိုငွေများကို ထာဝရဘုရား၏အိမ်တော်၌ ခန့်ထားသောအလုပ်ကြီးကြပ်သူတို့လက်သို့ ပေးအပ်၏။ ထာဝရဘုရား၏အိမ်တော်၌အလုပ်လုပ်သောအလုပ်သမားတို့သည် အိမ်တော်ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ထိုငွေကို အသုံးပြုကြ၏။
သတ္တမလ၊ ပထမရက်တွင် စတင်၍ထာဝရဘုရားထံ မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။ ထိုအချိန်ထိ ထာဝရဘုရား၏ဗိမာန်တော်အုတ်မြစ်ကို မချရသေးချေ။
ယုဒပြည်၊ အစ္စရေးပြည်တို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ သင့်ကုန်စည်တို့ကို မိန္နိတ်မြို့မှထွက်သော ဂျုံ၊ မုန့်၊ ပျားရည်၊ ဆီ၊ လိမ်းဆေး စသည်တို့နှင့် လဲလှယ်ကြ၏။
သို့သော် ယောနသည် ထ၍ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ ထွက်ပြေးလေ၏။ သူသည် ယုပ္ပေမြို့သို့ဆင်းသွားပြီး တာရှုပြည်သို့သွားမည့်သင်္ဘောကို တွေ့သဖြင့် သင်္ဘောခပေးပြီး အထဲသို့ဝင်ကာ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ သင်္ဘောသားတို့နှင့်အတူ လိုက်သွားလေ၏။
ဟေရုဒ်မင်းသည် တိုင်ရာမြို့သားနှင့်ဆီဒုန်မြို့သားတို့အပေါ် ပြင်းစွာဒေါသထွက်သဖြင့် သူတို့သည် မင်းကြီးထံသို့ တစ်စုတစ်ဝေးတည်းလာကြ၍ မင်းကြီး၏အတွင်းဝန်ဗလတ္တုကိုစည်းရုံးကာ ငြိမ်းချမ်းမှုရရှိရန်အတွက် တောင်းပန်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ပြည်သည် မင်းကြီး၏ပြည်မှ အစားအစာကိုရရှိသောကြောင့်ဖြစ်၏။
ယုပ္ပေမြို့တွင် ဒေါ်ကာဟု အဓိပ္ပာယ်ရသည့် တဗိသအမည်ရှိသော တပည့်တော်မတစ်ဦးရှိ၏။ သူသည် ကောင်းသောအမှု၊ ပေးကမ်းစွန့်ကြဲခြင်းအမှုတို့နှင့် ပြည့်စုံ၏။
ယုပ္ပေမြို့သည် လုဒ္ဒမြို့နှင့် နီးသည်ဖြစ်၍ လုဒ္ဒမြို့တွင် ပေတရုရှိကြောင်း တပည့်တော်တို့ကြားလျှင် လူနှစ်ဦးကို သူ့ထံသို့စေလွှတ်ကာ “အကျွန်ုပ်တို့ထံသို့ အလျင်အမြန်ကြွလာခဲ့ပါ”ဟု တောင်းပန်ကြ၏။
ပေတရုသည် ယုပ္ပေမြို့တွင် သားရေနယ်သမားရှိမုန်ထံ၌ ရက်ပေါင်းများစွာတည်းခိုနေ၏။