၄ ရာ 12:10 - မြန်မာ့စံမီသမ္မာကျမ်း10 ထိုသေတ္တာထဲတွင် ငွေအမြောက်အမြားရှိလာသည်ကို မြင်လျှင် ဘုရင့်စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်းတို့သည် လာ၍ ထာဝရဘုရား၏အိမ်တော်၌ရှိသောငွေများကို အိတ်ထဲထည့်ပြီး ရေတွက်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible10 အလှူခံသေတ္တာတွင်ငွေများလာသည့်အခါ တိုင်း ဘုရင့်အတွင်းဝန်နှင့်ယဇ်ပုရောဟိတ် မင်းတို့လာ၍ ငွေကိုထုတ်ယူကာအရည် ကြိုပြီးလျှင်ချိန်တွယ်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible10 အ လှူ ငွေ မြောက် မြား သည် ကို မြင် သည့် ကာ လ သံ တော် ဆင့် နှင့် ပ ရော ဟိတ် မင်း တို့ ဝင်၍ ဗိ မာန် တော်၌ တွေ့ သော အ လှူ ငွေ ကို ရေ တွက် ထုပ် ထား ကြ ပြီး လျှင် အခန်းကိုကြည့်ပါ။Judson Bible10 ငွေများသည်ကိုသိမြင်လျှင်၊ ရှင်ဘုရင်၏စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်းသည်လာ၍ ဗိမာန်တော်၌စုသောငွေကို ထုတ်ထားလျက် စာရင်းယူ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ရှင်ဘုရင်က ယဇ်ပုရောဟိတ်မင်းဟိလခိ၊ လက်ထောက်ယဇ်ပုရောဟိတ်များနှင့် တံခါးစောင့်များအား ဗာလဘုရား၊ အာရှရနတ်ဘုရားမနှင့် ကောင်းကင်တန်ဆာများအဖို့ပြုလုပ်ထားသောအသုံးအဆောင်များအားလုံးကို ထာဝရဘုရား၏ဗိမာန်တော်မှ ထုတ်ဆောင်လာရန် အမိန့်ပေး၏။ ရှင်ဘုရင်သည် ထိုအရာတို့ကို ဂျေရုဆလင်မြို့ပြင် ကေဒြုန်လွင်ပြင်တွင်မီးရှို့ပြီး ပြာများကို ဗေသလမြို့သို့ ယူဆောင်သွား၏။
ကောရေ၏မြစ်၊ ဧဗျာသပ်၏မြေး၊ ကောရ၏သား ရှလ္လုံနှင့် သူ၏ဘိုးဘေးအိမ်ထောင်စုမှ ဆွေမျိုးသားချင်းဖြစ်သော ကောရအမျိုးတို့သည် တဲတော်တံခါး စောင့်ကြပ်သောအမှုကို ထမ်းဆောင်ရသူများ ဖြစ်၏။ သူတို့၏ဘိုးဘေးများသည်လည်း ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်ဝင်ပေါက်ကို စောင့်ကြပ်ခဲ့ရသူများ ဖြစ်၏။
လေဝိအမျိုးသားတို့သည် ငွေအမြောက်အမြားရလာပြီဖြစ်ကြောင်း သိမြင်လျှင် သေတ္တာကို ဘုရင့်အမှုထမ်းများထံသို့ ယူဆောင်လာကြ၏။ ထိုအခါ စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်အကြီးအကဲတို့သည်လာ၍ သေတ္တာထဲမှ ငွေကိုထုတ်ပြီး ယူဆောင်သွား၏။ သေတ္တာကိုမူ သူ့နေရာတွင် ပြန်ထားစေ၏။ နေ့စဉ်နေ့တိုင်း ထိုသို့ပြုရာ ငွေအမြောက်အမြားကို ကောက်ခံရရှိလေ၏။