အခြားသူတို့ကလည်း ရွှေဒင်္ဂါးပြားနှစ်သောင်း၊ ငွေမိနာ့နှစ်ထောင်၊ ယဇ်ပုရောဟိတ်ဝတ်စုံ ခြောက်ဆယ့်ခုနစ်စုံကို ပေးလှူကြ၏။
ဧဇရ 3:1 - မြန်မာ့စံမီသမ္မာကျမ်း သတ္တမလ ရောက်သောအခါ ကိုယ့်မြို့ကိုယ့်ရွာတို့၌နေထိုင်ကြသော အစ္စရေးလူမျိုးတို့သည် ဂျေရုဆလင်မြို့သို့ တစ်စိတ်တစ်သဘောတည်းစုဝေးလာကြ၍ Common Language Bible သတ္တမလသို့ရောက်သောအခါဣသရေလ အမျိုးသားတို့သည် မိမိတို့၏မြို့ရွာများ တွင်အတည်တကျနေထိုင်လျက်ရှိကြ၏။ ထိုနောက်သူတို့သည် ယေရုရှလင်မြို့တွင် စုဝေးကြလျက်၊- Garrad Bible သ တ္တ မ လ တိုင် ရောက် သော်၊ မြို့ ရွာ များ၌ အ ခြေ ကျ သော ဣ သ ရေ လ အ မျိုး သား တို့ သည်၊ ယေ ရု ရှ လင် မြို့ သို့၊ တစ် ဦး တည်း ကဲ့ သို့ လာ ရောက် စု ရုံး ကြ ရာ၊ Judson Bible သတ္တမလရောက်မှ မြို့ရွာအရပ်ရပ်၌ နေသော ဣသရေလအမျိုးသား လူအပေါင်းတို့သည်၊ ယေရုရှလင်မြို့သို့ တညီတညွတ်တည်း လာ၍ စုဝေးကြ၏။ |
အခြားသူတို့ကလည်း ရွှေဒင်္ဂါးပြားနှစ်သောင်း၊ ငွေမိနာ့နှစ်ထောင်၊ ယဇ်ပုရောဟိတ်ဝတ်စုံ ခြောက်ဆယ့်ခုနစ်စုံကို ပေးလှူကြ၏။
ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ တံခါးစောင့်များ၊ သီချင်းသည်များ၊ ပြည်သားအချို့၊ ဗိမာန်တော်အစေအပါးများနှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ကိုယ့်မြို့ကိုယ့်ရွာသို့ ပြန်လာနေထိုင်ကြ၏။ ခုနစ်လမြောက်တွင် အစ္စရေးအမျိုးသားတို့သည် ကိုယ့်မြို့ကိုယ့်ရွာတွင် အခြေတကျဖြစ်လာကြ၏။
လူအပေါင်းတို့သည် ရေတံခါးရှေ့ရှိကွင်းပြင်တွင် တစ်စိတ်တစ်သဘောတည်းစုရုံးလာကြပြီး မောရှေအားဖြင့် အစ္စရေးလူမျိုးတို့အား ထာဝရဘုရား မိန့်မှာတော်မူသော ပညတ်တရားကျမ်းကို ယူဆောင်ခဲ့ရန် ကျမ်းပြုဆရာဧဇရအား တောင်းဆိုကြ၏။
မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသော ပညတ်တရားကျမ်း၌ သတ္တမလပွဲခံချိန်တွင် အစ္စရေးအမျိုးသားတို့သည် ယာယီတဲ၌နေရကြမည်ဟု ရေးသားထားသည်ကို တွေ့ရှိကြလေ၏။
သင်တို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ကား ဤသို့ဖြစ်၏။ သင်တို့၏အမျိုးသားချင်းဖြစ်စေ၊ သင်တို့ထဲတွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားဖြစ်စေ သတ္တမလ၊ ဆယ်ရက်နေ့၌ မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သတ္တမလ၊ ပထမနေ့သည် သင်တို့ ငြိမ်ဝပ်စွာနေရသောနေ့၊ အောက်မေ့ဖွယ်ရာတံပိုးမှုတ်သည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းပြုသောနေ့ ဖြစ်ရမည်။
လူအပေါင်းတို့သည် ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုလျက် တစ်စိတ်တစ်သဘောတည်းဖြင့် ဝတ်ပြုနိုင်ရန် ငါသည် သူတို့အား သန့်ရှင်းသောနှုတ်ကို ပြန်ပေးမည်။
သူတို့သည် နေ့တိုင်း တညီတညွတ်တည်းဖြင့် ဗိမာန်တော်၌ အစဉ်တစိုက်စုဝေးကြ၍ တစ်အိမ်ပြီးတစ်အိမ်မုန့်ဖဲ့ခြင်းအမှုကိုပြုလျက် စေတနာစိတ်နှင့်ရွှင်မြူးသောစိတ်တို့ဖြင့် အစားအစာကို ဝေမျှစားသောက်ကြကာ
ယုံကြည်သူတို့၏အစုအဝေးသည် တစ်စိတ်တစ်သဘောတည်းရှိကြ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ မိမိဥစ္စာပစ္စည်းများကို မိမိပိုင်ဆိုင်သည်ဟုမဆိုဘဲ ရှိသမျှသောအရာတို့ကို စုပေါင်းပိုင်ဆိုင်သောအရာအဖြစ်ထားကြ၏။
ညီအစ်ကိုတို့၊ သင်တို့အားလုံးသည် ပြောဆိုရာ၌ညီညွတ်မှုရှိ၍ အချင်းချင်းကွဲပြားခြင်းမရှိဘဲ တစ်စိတ်တစ်သဘောတည်းဖြင့် စည်းစည်းလုံးလုံးရှိကြမည့်အကြောင်း ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုအမှီပြု၍ သင်တို့အား ငါတိုက်တွန်းနှိုးဆော်ပါ၏။
ယောက်ျားအပေါင်းတို့သည် တဆေးမဲ့မုန့်ပွဲတော်၌တစ်ကြိမ်၊ ခုနစ်သီတင်းမြောက်ပွဲတော်၌တစ်ကြိမ်၊ ယာယီတဲစုပွဲတော်၌တစ်ကြိမ် တစ်နှစ်လျှင်သုံးကြိမ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ထာဝရဘုရား၏ရှေ့တော်၌ မျက်နှာလာပြရမည်။ ထာဝရဘုရား၏ရှေ့တော်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။
ဂိလဒ်ပြည်အပါအဝင် ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင်နေထိုင်သော အစ္စရေးအမျိုးသားအပေါင်း လူအုပ်ကြီးတို့သည် မိဇပါမြို့သို့ရောက်လာ၍ ထာဝရဘုရားရှေ့တော်တွင် တစ်စိတ်တစ်သဘောတည်း စုရုံးကြ၏။