စုစုပေါင်းရွှေငွေအသုံးအဆောင် ငါးထောင်လေးရာ ရှိ၏။ ဘေဘီလုံမြို့မှ ဂျေရုဆလင်မြို့သို့ သုံ့ပန်းတို့ ပြန်လာကြသောအခါ ရှေရှဗာဇာသည် ထိုအသုံးအဆောင်ရှိသမျှကိုပါ ယူဆောင်လာခဲ့၏။
ဧဇရ 1:8 - မြန်မာ့စံမီသမ္မာကျမ်း ပါးရှားဘုရင် ကုရုမင်းကြီးသည် ထိုအိမ်တော်အသုံးအဆောင်တို့ကို ဘဏ္ဍာစိုးမိသရေဒတ်အား ထုတ်ယူစေ၏။ မိသရေဒတ်သည်လည်း ရေတွက်ပြီး ယုဒခေါင်းဆောင် ရှေရှဗာဇာအား ပေးအပ်လိုက်၏။ Common Language Bible မင်းကြီးသည်ထိုဖလားတို့ကိုရွှေတိုက်စိုးမိသရေဒတ်သို့ပေးအပ်၍ မိသရေဒတ်သည်ယင်းတို့ကိုယုဒဘုရင်ခံရှေရှဗာဇာသို့၊- Garrad Bible အ ခွန် တော် ဝန် မိ သ ရေ ဒတ် လက် ဖြင့်၊ ယု ဒ မင်း မျိုး အ ကြီး အ ကဲ ရှေ ရှ ဗာ ဇာ့ ထံ ရေ တွက် အပ် ပေး စေ ၏။ Judson Bible ပေရသိရှင်ဘုရင် ကုရုသည် ရွှေတိုက်စိုး မိသရေဒတ်လက်ဖြင့် ထုတ်၍၊ ယုဒမင်း ရှေရှဗာဇာ၌ ရေတွက်လျက် အပ်တော်မူ၏။ |
စုစုပေါင်းရွှေငွေအသုံးအဆောင် ငါးထောင်လေးရာ ရှိ၏။ ဘေဘီလုံမြို့မှ ဂျေရုဆလင်မြို့သို့ သုံ့ပန်းတို့ ပြန်လာကြသောအခါ ရှေရှဗာဇာသည် ထိုအသုံးအဆောင်ရှိသမျှကိုပါ ယူဆောင်လာခဲ့၏။
ဇေရုဗဗေလ၊ ယေရွှာ၊ နေဟမိ၊ စရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့်အတူလိုက်ပါလာသော အစ္စရေးအမျိုးသားတို့၏အရေအတွက်ကား
ဂျေရုဆလင်ဗိမာန်တော်မှ သိမ်းယူ၍ ဘေဘီလုံဗိမာန်သို့ နေဗုခဒ်နေဇာမင်းကြီး ယူဆောင်လာသည့် ရွှေဖလား၊ ငွေဖလားစသော ဘုရားသခင်၏အိမ်တော်အသုံးအဆောင်များကို ကုရုမင်းကြီးသည် ဘေဘီလုံဗိမာန်မှထုတ်၍ ဘုရင်ခံအဖြစ် ခန့်အပ်ခြင်းခံရသော ရှေရှဗာဇာထံသို့ ပေးအပ်ပြီး
ရှေရှဗာဇာလည်း ဂျေရုဆလင်မြို့သို့ရောက်လာ၍ ဘုရားသခင်၏အိမ်တော်ကို အုတ်မြစ်ချ၏။ ထိုအချိန်ကစ၍ တည်ဆောက်ရာ ယခုထိ မပြီးစီးသေးပါ’ဟု အကျွန်ုပ်တို့အား ပြန်ဖြေပါ၏။
ထိုအခါ ရှာလသေလ၏သား ဇေရုဗဗေလနှင့် ယောဇဒက်၏သားယေရွှာတို့သည် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်တည်ဆောက်ခြင်းအမှုကို ပြန်လည်အစပြုကြလေ၏။ ဘုရားသခင်၏ပရောဖက်တို့သည်လည်း သူတို့နှင့်အတူပါရှိပြီး ကူညီကြ၏။
ဘေဘီလုံမြို့ရှိ ဗေလဘုရားကို ငါဒဏ်ခတ်မည်။ သူဝါးမျိုခဲ့သမျှကို သူ့ပါးစပ်မှ ပြန်အန်ထုတ်စေမည်။ လူမျိုးတကာတို့သည် သူ့ကို ဆည်းကပ်ကြတော့မည်မဟုတ်။ ဘေဘီလုံမြို့ရိုးကြီး ပြိုလဲသွားလေပြီ။
ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ ဆဋ္ဌမလ၊ တစ်ရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလနှင့် ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုတို့ထံသို့ ရောက်လာသည်မှာ ဤသို့တည်း။
ဤသို့ဖြင့် ထာဝရဘုရားသည် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလ၏စိတ်ကိုလည်းကောင်း၊ ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၏စိတ်ကိုလည်းကောင်း၊ ကြွင်းကျန်သောသူအပေါင်း၏စိတ်ကိုလည်းကောင်း လှုံ့ဆော်သဖြင့် သူတို့သည် လာ၍ မိမိတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ကြ၏။