အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




အာ​မုတ် 9:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မိုးကောင်းကင်​တွင် အထက်ခန်း​များ​ကို တည်ဆောက်​တော်မူ​သော​အရှင်​၊ မြေကြီး​ပေါ်တွင် အုတ်မြစ်ချ​တော်မူ​သော​အရှင်​၊ ပင်လယ်​ရေ​ကို ဆင့်ခေါ်​ပြီး မြေ​မျက်နှာပြင်​ပေါ် လွှတ်ပေး​လိုက်​သော​အရှင်​၏​နာမ​တော်​ကား ထာဝရဘုရား ဖြစ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကောင်း​ကင်​၌ မိ​မိ​အိမ်​တော် ကို​တည်​ဆောက်​ခဲ့​၏။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​လုံး​ဝန်း​သော ကောင်း​ကင်​ယံ​ခုံး​ကို​တင်​တော်​မူ​၏။ ပင်​လယ်​ရေ​များ​ကို​ခေါ်​ယူ​လျက်​မြေ​ပေါ်​၌ သွန်း​လောင်း​ခဲ့​၏။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ထက်​အ​ခန်း​တော်​တို့​ကို ကောင်း​ကင်၌​ဆောက်၍၊ အောက်​တိုက်​တော်​ကို မြေ​ကြီး​ပေါ်​မှာ တည်​တော်​မူ၏။ သ​မု​ဒ္ဒ​ရာ​ရေ​ကို​ခေါ်၍ မြေ​ကြီး​ပြင်၌ သွန်း​လောင်း​တော်​မူ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။

အခန်းကိုကြည့်ပါ။



အာ​မုတ် 9:6
9 ပူးပေါင်းရင်းမြစ်များ  

ဤသို့ဖြင့် ကောင်းကင်​၊ မြေကြီး​နှင့်တကွ ၎င်း​တို့​၌​ရှိ​သော​တန်ဆာ​အားလုံး​ပြီးစီး​လေ​၏​။


ကိုယ်တော်​သည် တောင်​များ​ကို မိမိ​၏​အထက်ခန်း​တို့​မှ ရေလောင်း​တော်မူ​၏​။ ကမ္ဘာမြေကြီး​သည် ကိုယ်တော်​ပြု​တော်မူ​သော အမှု​တို့​၏​အသီးအပွင့်​ကြောင့် ပြည့်စုံကြွယ်ဝ​လျက်​ရှိ​ပါ​၏​။


ကိုယ်တော်​သည် မိမိ​အထက်ခန်း​တို့​၏​ရက်မ​များ​ကို ရေ​ပေါ်တွင်​တည်​ထား​ပြီး တိမ်တိုက်​များ​ကို မြင်းရထား​အဖြစ်​စီး​လျက် လေ​၏​တောင်ပံ​များ​ဖြင့် သွားလာ​တော်မူ​၏​။


သင်​တို့​သည် ငါ့​ကို မ​ကြောက်ရွံ့​ကြ​သလော​။ ငါ့​ရှေ့​၌​မ​တုန်လှုပ်​ကြ​သလော​။ ပင်လယ်​ရေ​မ​ကျော်လွန်​နိုင်​အောင် သဲ​နယ်နိမိတ်​ကို အရံအတား​အဖြစ် ငါ​နေရာချ​ထား​၏​။ ပင်လယ်​သည် ဟုန်းဟုန်းမြည်​သော်လည်း နယ်နိမိတ်​ကို​မ​ကျော်​နိုင်​။ လှိုင်းတံပိုး​ထ​သော်လည်း နယ်နိမိတ်​ကို မ​လွှမ်းမိုး​နိုင်​။


ကြည့်ရှု​လော့​။ တောင်​တို့​ကို ပုံဖော်​၍ လေ​ကို ဖန်ဆင်း​တော်မူ​သော​အရှင်​၊ လူ​၏​အတွေး​ကို လူ​အား သိမြင်​စေ​သော​အရှင်​၊ အရုဏ်ဦး​ကို အမှောင်​ကျ​စေ​ပြီး မြေကြီး​ပေါ်ရှိ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို နင်းနယ်​တော်မူ​သော​အရှင်​၏​နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​ဟူ၍​ဖြစ်​၏​။


ခုနစ်စင်ကြယ်​နှင့် သရဝဏ်နက္ခတ်​တို့​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​၊ သေမင်းအရိပ်​ကို နံနက်အလင်း​ဖြစ်စေ​သော​အရှင်​၊ နေ့​ကို ည​အမှောင်​ဖြစ်စေ​သော​အရှင်​၊ ပင်လယ်​ရေ​ကို ဆင့်ခေါ်​ပြီး ထို​ရေ​တို့​ကို မြေ​မျက်နှာပြင်​ပေါ်​လွှတ်ပေး​လိုက်​သော​အရှင်​၏​နာမ​တော်​ကား ထာဝရဘုရား​ဟူ၍​ဖြစ်​၏​။