ကိုယ်တော်သည် သူတို့ကို ဘေးကင်းလုံခြုံစွာဖြင့် နားနေရသောအခွင့်ပေးတော်မူ၍ သူတို့သွားသောလမ်းများကိုလည်း စောင့်ကြည့်တော်မူ၏။
အာမုတ် 8:7 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ယာကုပ်၏မာနကြောင့် ဤသို့ ကျိန်ဆိုတော်မူပြီ။ “သူတို့ပြုသောအမှုတို့ကို ငါ ဘယ်တော့မှမမေ့။ Common Language Bible ထာဝရဘုရားက``ငါသည်ဤသူတို့၏ ယုတ်မာမှုများကို ဘယ်သောခါမှမမေ့ နိုင်ဟုယာကုပ်၏ဘုန်းတန်ခိုးကိုတိုင်တည် ၍ကျိန်ဆိုတော်မူပြီ။- Garrad Bible ငါ သည်၊ ထို သူ တို့ အ ကျင့် အ ကြံ အ ပြု အ မူ များ ကို၊ လျစ် လျူ ရှု တော့ မည် မ ဟုတ် ဟု၊ ယာ ကုပ် အ မျိုး၏ မာ န ကို တိုင် တည် လျက်၊ ထာ ဝ ရ ဘု ရား သ စ္စာ ဆို တော် မူ လေ ပြီ။ Judson Bible ထာဝရဘုရားသည် ယာကုပ်၏ဘုန်းကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်ကား၊ အကယ်စင်စစ် သူတို့ကျင့်ကြံ ပြုမူသမျှတို့ကို ငါသည် အစဉ်မပြတ် မမေ့လျော့။ |
ကိုယ်တော်သည် သူတို့ကို ဘေးကင်းလုံခြုံစွာဖြင့် နားနေရသောအခွင့်ပေးတော်မူ၍ သူတို့သွားသောလမ်းများကိုလည်း စောင့်ကြည့်တော်မူ၏။
သူက “ဘုရားသခင် မေ့လျော့တော်မူပြီ။ မျက်နှာတော်လွှဲ၍ မည်သည့်အခါမျှ မြင်တော်မမူ”ဟု စိတ်နှလုံးထဲ၌ပြောဆိုတတ်၏။
ကိုယ်တော်သည် မိမိချစ်တော်မူသည့် ယာကုပ်၏ဂုဏ်ယူဝင့်ကြွားစရာတည်းဟူသော ငါတို့၏အမွေကို ငါတို့အတွက်ရွေးချယ်တော်မူ၏။(စေလာ)
ဘုရားသခင်သည် ဝမ်းမြောက်စွာကြွေးကြော်သော အသံနှင့် တက်သွားတော်မူ၏။ ထာဝရဘုရားသည် တံပိုးမှုတ်သံနှင့် တက်သွားတော်မူ၏။
ဘုရားသခင်၏အစွမ်းသတ္တိကို သိမှတ်ဝန်ခံကြလော့။ ကိုယ်တော်၏အာနုဘော်တော်သည် အစ္စရေးအပေါ်၌ရှိ၍ ကိုယ်တော်၏အစွမ်းသတ္တိသည် မိုးတိမ်တို့၌ရှိ၏။
မောရှေက “လက်တစ်ဖက်သည် ထာဝရဘုရား၏ပလ္လင်တော်အပေါ် ဆန့်ထားလျက်ရှိသည်ဖြစ်၍ ထာဝရဘုရားသည် အာမလက်လူတို့ကို မျိုးဆက်အဆက်ဆက် စစ်တိုက်တော်မူလိမ့်မည်”ဟု ဆို၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကို ဗျာဒိတ်ပေးတော်မူ၏။ “သင်တို့၏အပြစ်ကို သင်တို့သေသည့်တိုင်အောင် ဖြေလွှတ်လိမ့်မည်မဟုတ်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ငါကိုယ်တော်တိုင် သင်ကျူးလွန်သောအပြစ်တို့ကို ငါ့အဖို့ ငါပယ်ဖျက်၏။ သင်၏အပြစ်တို့ကို ငါအောက်မေ့မည်မဟုတ်။
ယုဒအမျိုး၏အပြစ်ကို သူတို့၏နှလုံးသားပြင်၊ သူတို့၏ယဇ်ပလ္လင်ဦးချိုများပေါ်တွင် သံကညစ်ဖြင့် ရေးထိုးထား၏။ စိန်ချွန်ဖြင့် ရေးထွင်းထား၏။
ထာဝရဘုရားက “သူတို့သည် အိမ်နီးချင်း၊ ညီအစ်ကိုချင်းတို့အား ‘ထာဝရဘုရားနှင့် သိကျွမ်းခြင်းရှိလော့’ဟု သင်ကြားပေးစရာမလို။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် လူတိုင်း ငါ့ကို သိကျွမ်းကြလိမ့်မည်။ သူတို့၏ဒုစရိုက်များကို ခွင့်လွှတ်မည်။ သူတို့၏အပြစ်များကို အောက်မေ့တော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
“သင်တို့နှင့် သင်တို့၏ဘိုးဘေးများ၊ ရှင်ဘုရင်များ၊ အကြီးအကဲများနှင့် ပြည်သူပြည်သားတို့သည် ယုဒပြည်၊ ဂျေရုဆလင်မြို့လမ်းများပေါ်တွင် နံ့သာပေါင်းမီးရှို့ပူဇော်ခဲ့ကြသည်ကို ထာဝရဘုရား မအောက်မေ့ဘဲနေတော်မူမည်လော။ မမှတ်ဘဲနေတော်မူမည်လော။
သူတို့ပြုသောမကောင်းမှုအားလုံးကို ငါမှတ်ထားကြောင်း သူတို့၏စိတ်ထဲ၌ မတွေးမိကြ။ ယခုမှာ သူတို့ပြုသောအမှုသည် သူတို့ကိုဝိုင်းထားလေပြီ။ သူတို့လုပ်သမျှကို ငါမြင်လေပြီ။
သူတို့သည် ငါ့ထံ လှူဖွယ်ဝတ္ထုများကို ပူဇော်သောအခါ ယဇ်ကောင်များကိုပူဇော်၍ အသားကို စားကြ၏။ ထိုပူဇော်သက္ကာတို့ကို ထာဝရဘုရား လက်ခံတော်မမူ။ သူတို့၏ဒုစရိုက်ကို မှတ်ထားပြီး သူတို့၏အပြစ်ကို ဒဏ်ခတ်မည်။ သူတို့ကို အီဂျစ်ပြည်သို့ ပြန်သွားစေမည်။
သူတို့သည် ဂိဗာမြို့သားတို့လက်ထက်ကကဲ့သို့ အလွန်အကျင့်ပျက်ပြားကြ၏။ ကိုယ်တော်သည် သူတို့၏ဒုစရိုက်များကို မှတ်ထားပြီး သူတို့၏အပြစ်များကို ဒဏ်ခတ်တော်မူမည်။
ဘုရားရှင်ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်းကို တိုင်တည်ကျိန်ဆို၍ “ကြည့်ရှုလော့။ သင်တို့ကို ချိတ်များဖြင့်လည်းကောင်း၊ ကြွင်းကျန်သူတို့ကို ငါးမျှားချိတ်များဖြင့်လည်းကောင်း ဖမ်းခေါ်သွားသောနေ့ ရောက်လာလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားသည် မိမိကိုယ်ကိုတိုင်တည်ကျိန်ဆိုတော်မူပြီ။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားက “ယာကုပ်၏မာနကို ငါရွံရှာ၏။ သူ၏ခံတပ်များကိုလည်း ငါမုန်း၏။ ထို့ကြောင့် မြို့နှင့်တကွ မြို့ထဲရှိသမျှတို့ကို ရန်သူလက်သို့အပ်ပစ်မည်”ဟု မိန့်တော်မူ၏။