ဆင်းရဲသားတို့ကို ငွေဖြင့်၊ နွမ်းပါးသူတို့ကို ဖိနပ်တစ်ရံဖြင့် ကုန်သွယ်ကြမည်။ ဂျုံစပါးအဖျင်းကို ရောင်းစားမည်”ဟု ဆိုတတ်ကြ၏။
တန်ဖိုးမရှိသောဂျုံစပါးကိုတက်စျေး ဖြင့်ရောင်းမည်။ အကြွေးနစ်လွန်းသဖြင့် ဆင်းရဲနေသူကိုရှာပြီးကျွန်အဖြစ်နှင့် ခြေနင်းတစ်ရံစာမျှဖြင့်ဝယ်ယူမည်'' ဟုသင်တို့ဆိုကြလေပြီ။
သူတို့အား “လူမျိုးခြားတို့ထံ အရောင်းစားခံလိုက်ရသော ငါတို့အမျိုးသားချင်းဂျူးလူမျိုးတို့ကို ငါတို့ မဖြစ်မနေပြန်ဝယ်ယူခဲ့ပြီးမှ သင်တို့သည် ကိုယ့်အမျိုးသားချင်းကို ပြန်ရောင်းစားပါပြီတကား။ ငါတို့ထံ ပြန်ရောင်းစားကြပါပြီတကား”ဟု ဆိုသောအခါ သူတို့သည် ဘာမျှပြန်မပြောဘဲ ဆိတ်ဆိတ်နေကြ၏။
သူတို့သည် တံစိုးလက်ဆောင်ယူ၍ လူအသက်ကို သတ်ကြ၏။ သင်သည် အတိုးအမြတ်ယူ၍ အိမ်နီးချင်း၏ပစ္စည်းကို အနိုင်အထက်လုယူ၏။ ငါ့ကိုလည်း မေ့လျော့လေပြီ’ဟု မိန့်တော်မူ၏။
သူတို့သည် ငါ့လူမျိုးတော်တို့ကိုမဲချခွဲဝေယူကြ၏။ ပြည့်တန်ဆာကိုရရန် လုလင်ငယ်ဖြင့် အလဲအလှယ်ပြု၍ စပျစ်ဝိုင်သောက်ရန် လုံမငယ်ကို ရောင်းကြ၏။
ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့ကို သူတို့၏နေရင်းပြည်နှင့်ဝေးရာ ဂရိအမျိုးသားတို့ထံသို့ ရောင်းစားပစ်၏။
တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ ထာဝရဘုရားက “အစ္စရေးလူမျိုးတို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ငွေအတွက် ဖြောင့်မတ်သောသူကို ရောင်းစား၏။ ဖိနပ်တစ်ရံအတွက် နွမ်းပါးသူကို ရောင်းစား၏။
အာဇုတ်မြို့ခံတပ်များနှင့် အီဂျစ်ပြည်ခံတပ်များတွင် ကြွေးကြော်လော့။ “ရှမာရိတောင်ပေါ်မှာ စုဝေး၍ မြို့ထဲတွင် ဝရုန်းသုန်းကားမှုကြီးဖြစ်နေသည်ကို၊ ညှဉ်းပန်းနှိပ်စက်မှုဖြစ်နေသည်ကို ကြည့်ကြလော့။
ဆင်းရဲသားတို့ကိုနှိပ်စက်ပြီး နွမ်းပါးသူတို့ကိုညှဉ်းဆဲကာ မိမိသခင်တို့ကိုပင် “ငါတို့အတွက် သောက်စရာယူခဲ့ပါ”ဟု ဆိုတတ်သော ရှမာရိတောင်ပေါ်မှ ဗာရှန်နွားမတို့၊ ဤစကားကို နားထောင်ကြလော့။
နွမ်းပါးသူတို့ကို နိုင်ထက်စီးနင်းပြုပြီး တိုင်းပြည်ရှိဆင်းရဲသားတို့ကို ဖယ်ရှားပစ်သောသူတို့၊ နားထောင်ကြလော့။
ငါကလည်း “ထိုအရာကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်သော် သူက “လွင့်မျောနေသောဧဖာဖြစ်၍ တစ်ပြည်လုံးကျူးလွန်သောအပြစ်ကို ပုံဖော်၏”ဟု ဆိုလေ၏။