Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​လ 3:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​ကို သူ​တို့​၏​နေရင်းပြည်​နှင့်​ဝေး​ရာ ဂရိ​အမျိုးသား​တို့​ထံသို့ ရောင်းစား​ပစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​တို့​အား မိ​မိ​တို့​တိုင်း​ပြည်​မှ ရပ်​ဝေး​သို့​ခေါ်​ဆောင်​ကာ၊ ဂ​ရိ​အ​မျိုး သား​တို့​ထံ​တွင်​ရောင်း​စား​ခဲ့​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ဂ ရိတ် အ မျိုး သား တို့ လက် တွင်း သို့၊ ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့ ကို၊ သင် တို့ ရောင်း စား ခဲ့ သော ကြောင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို​နေ​ရင်း​ပြည်​မှ အ​ဝေး​သို့ ပြောင်း​စေ​လို​သော​ငှာ၊ ဟေ​လ​သ​အ​မျိုး​သား​တို့​အား ရောင်း​လိုက်​သော​ကြောင့်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​လ 3:6
6 ပူးပေါင်းရင်းမြစ်များ  

ယာဝန်​အမျိုးသား​၊ တုဗလ​အမျိုးသား​၊ မေရှက်​အမျိုးသား​တို့​သည် သင်​နှင့်​ကုန်သွယ်​ကြ​၏​။ သင်​၏​ကုန်စည်​များ​ကို သက်ရှိ​လူ​များ​၊ ကြေးနီ​အသုံးအဆောင်​များ​နှင့် လဲလှယ်​ကြ​၏​။


သူ​တို့​သည် ငါ့​လူမျိုး​တော်​တို့​ကို​မဲချ​ခွဲဝေ​ယူ​ကြ​၏​။ ပြည့်တန်ဆာ​ကို​ရ​ရန် လုလင်ငယ်​ဖြင့် အလဲအလှယ်ပြု​၍ စပျစ်ဝိုင်​သောက်​ရန် လုံမငယ်​ကို ရောင်း​ကြ​၏​။


သင်​တို့​၏​သား​သမီး​များ​ကို ယုဒ​အမျိုးသား​တို့​လက်​သို့ ငါ​ရောင်းပစ်​မည်​။ ယုဒ​အမျိုးသား​တို့​က​လည်း သူ​တို့​ကို ရပ်ဝေး​ရှိ ရှေဘ​လူမျိုး​တို့​ထံသို့ ရောင်းပစ်​လိမ့်မည်​။ စင်စစ် ထာဝရဘုရား မိန့်​တော်မူ​ပြီ​။”


ငါ​သည် ယုဒ​ကို လေးသဖွယ် တင်​မည်​၊ ဧဖရိမ်​ကို မြားသဖွယ် ပြု​မည်​။ အို ဇိအုန်​၊ သင့်​သား​တို့​ကို ငါ​နှိုးဆော်​မည်​။ အို ဂရိ​၊ သင့်​သား​တို့​ကို ငါ​ဆန့်ကျင်​မည်​။ သင့်​ကို စစ်သူရဲ​၏​ဓား​သဖွယ် ဖြစ်​စေ​မည်​။”


သင်​၏​သား​သမီး​တို့​သည် အခြား​လူမျိုး​လက်​သို့ ရောက်သွား​လိမ့်မည်​။ သို့ဖြစ်၍ သင်​၏​မျက်စိ​တို့​သည် သူ​တို့​ကို တစ်ချိန်လုံး မျှော်ကြည့်​၍ အားကုန်​လိမ့်မည်​။ သင့်​လက်​သည် အား​မ​ရှိ​။


‘​ထို​လမ်း​ကို နောက်တစ်ဖန် သင်​မ​မြင်​ရ​’​ဟု သင့်​အား ငါ​ဆင့်ဆို​ခဲ့​သည့်​အတိုင်း ထာဝရဘုရား​သည် သင့်​ကို အီဂျစ်​ပြည်​သို့ ထို​လမ်း​ဖြင့်​မ​ဟုတ်​ဘဲ သင်္ဘော​နှင့်​ပြန်သွား​စေ​တော်မူ​မည်​။ ထို​ပြည်​၌ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​အဖြစ် သင့်ကိုယ်သင် သင့်​ရန်သူ​တို့​ထံသို့ ရောင်း​မည်​။ သင့်​ကို မည်သူ​မျှ​ဝယ်​မည်​မ​ဟုတ်​”​ဟု ဆို​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ