သူတို့သည် ငါ့ကိုခေါ်ကြလိမ့်မည်။ သို့သော် ငါသည် ထူးမည်မဟုတ်။ သူတို့သည် ငါ့ကိုကြိုးစား၍ရှာကြလိမ့်မည်။ သို့သော် ငါ့ကိုတွေ့ရကြမည်မဟုတ်။
အာမုတ် 8:12 - မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် ထာဝရဘုရား၏နှုတ်ထွက်စကားကို ပင်လယ်တစ်ခုမှ ပင်လယ်တစ်ခုသို့၊ မြောက်အရပ်မှ အရှေ့အရပ်သို့ လှည့်လည်သွားလာ၍ ရှာဖွေသော်လည်း တွေ့မည်မဟုတ်။ Common Language Bible လူတို့သည်ပင်လယ်သေမှမြေထဲပင်လယ် တိုင်အောင်လည်းကောင်း မြောက်အရပ်မှအရှေ့ သို့လည်းကောင်း၊ နေရာအနှံ့အပြား၌သတင်း စကားတော်ကိုလှည့်လည်၍ရှာကြသော်လည်း သတင်းစကားတော်ကိုမတွေ့ဘဲနေကြ လိမ့်မည်။- Garrad Bible အိုင် ကြီး မှ ပယ် လယ် အ ထိ ကိုလည်း ကောင်း၊ မြောက် ဘက် မှ အ ရှေ့ ဘက် ထိ လည်း ကောင်း၊ ပြည် သူ ပြည် သား တို့ သည်၊ ငါ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို၊ ခေါက် တုံ့ ခေါက် ပြန် လိုက် ရှာ သော် လည်း၊ တွေ့ ကြ တော့ မည် မ ဟုတ်။ Judson Bible လူတို့သည် ထာဝရဘုရား၏ အမိန့်တော်ကိုရှာလျက်၊ ပင်လယ်တစ်ပါးမှသည် ပင်လယ်တစ်ပါးတိုင်အောင် လှည့်လည်၍၊ တောင်မြောက် ပြေးသွားသော်လည်း မတွေ့ရကြ။ |
သူတို့သည် ငါ့ကိုခေါ်ကြလိမ့်မည်။ သို့သော် ငါသည် ထူးမည်မဟုတ်။ သူတို့သည် ငါ့ကိုကြိုးစား၍ရှာကြလိမ့်မည်။ သို့သော် ငါ့ကိုတွေ့ရကြမည်မဟုတ်။
ပြက်ရယ်ပြုတတ်သောသူသည် ဉာဏ်ပညာကိုရှာဖွေသော်လည်း မတွေ့ပေ။ အသိဉာဏ်ရှိသောသူမူကား အသိပညာကိုရလွယ်၏။
ဗျာဒိတ်နိမိတ်မရှိလျှင် လူတို့သည် စည်းလွတ်ဝါးလွတ်ပြုမူတတ်ကြ၏။ ပညတ်တရားကိုစောင့်ထိန်းသောသူမူကား မင်္ဂလာရှိ၏။
“အချင်းလူသား၊ အစ္စရေးသက်ကြီးဝါကြီးတို့အား ‘ဘုရားရှင်ထာဝရဘုရားက ငါ့ထံမေးလျှောက်ရန် သင်တို့လာကြသလော။ စင်စစ် ငါအသက်ရှင်သည်နှင့်အညီ သင်တို့ကို မေးလျှောက်ခွင့်မပြုဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။
ဘုရားရှင်ထာဝရဘုရားက ‘အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့သည် ယနေ့တိုင်အောင် ပူဇော်သက္ကာများအဖြစ် ကိုယ့်သားတို့ကို မီးရှို့ပူဇော်လျက်၊ ရုပ်တုရှိသမျှတို့နောက်သို့လိုက်၍ ကိုယ်ကိုညစ်ညူးစေလျက်နှင့်ပင် သင်တို့မေးလျှောက်သည်ကို ငါခွင့်ပြုရမည်လော။ စင်စစ် ငါအသက်ရှင်သည်နှင့်အညီ သင်တို့ကို ငါ့ထံမေးလျှောက်ခွင့်မပေး။
အို ဒံယေလ၊ သင်မူကား နောက်ဆုံးကာလတိုင်အောင် ဤစကားတို့ကို လျှို့ဝှက်ထားလော့၊ ဤစာစောင်ကို တံဆိပ်ခတ်ထားလော့။ လူအများတို့မူကား လှည့်လည်ရှာဖွေ၍ အသိပညာတိုးပွားကြလိမ့်မည်”ဟု ငါ့အား ပြောပြ၏။
ထာဝရဘုရားသည် သူတို့ကို စွန့်ခွာတော်မူပြီဖြစ်၍ သိုးအုပ်၊ နွားအုပ်တို့ဖြင့် ထာဝရဘုရားကို သွား၍ရှာဖွေကြသော်လည်း သူတို့ တွေ့ကြရမည်မဟုတ်။
ငါ့ဘက်၌မနေသောသူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသောသူသည် တစ်ကွဲတစ်ပြားဖြစ်စေသောသူဖြစ်၏။
သူငယ်ရှမွေလသည် ဧလိထံပါး၌နေ၍ ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်လျက်နေ၏။ ထိုနေ့ရက်များတွင် ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာခဲ၏။ ဗျာဒိတ်နိမိတ်လည်း နည်းပါးလှ၏။