အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




အာ​မုတ် 8:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ငါ့​အား ဤသို့ မြင်​စေ​တော်မူ​ပြန်​၏​။ ကြည့်ရှု​လော့​။ နွေရာသီသီးနှံ​ထည့်​ထား​သော​တောင်း​တစ်​လုံး​ကို ငါ​မြင်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​သည်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ရူ​ပါ​ရုံ တစ်​ခု​ကို​မြင်​ရ​၏။ ထို​ရူ​ပါ​ရုံ​တွင်​အ​သီး မှည့်​များ​ထည့်​ထား​သော​ခြင်း​တောင်း​တစ်​ခု ကို​တွေ့​ရ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

တစ် ဖန်၊ အ ရှင် ထာ ဝ ရ ဘု ရား ဖော် ပြ တော် မူ သည့် အ တိုင်း၊ အ သီး ပြည့် သော တောင်း တစ် လုံး ကို ငါ မြင် ရာ၊ အို အာ မုတ်၊

အခန်းကိုကြည့်ပါ။

Judson Bible

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ နွေ​ကာ​လ​အ​သီး​ပါ​သော တောင်း​သည် ထင်​ရှား၏။

အခန်းကိုကြည့်ပါ။



အာ​မုတ် 8:1
6 ပူးပေါင်းရင်းမြစ်များ  

ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် ဂျေရုဆလင်​မြို့​ရှိ ယောယကိမ်​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယေခေါနိ​မင်းကြီး​နှင့်တကွ ယုဒ​လူမျိုး​အကြီးအကဲ​များ​၊ လက်မှုပညာသည်​နှင့် ပန်းပဲသမား​တို့​ကို ဘေဘီလုံ​မြို့​သို့ ဖမ်း​ခေါ်သွား​ပြီး​နောက်ပိုင်း​တွင် ထာဝရဘုရား​သည် ငါ့​အား ထာဝရဘုရား​၏​ဗိမာန်တော်​ရှေ့​၌​ရှိ​သော သဖန်းသီး​ခြင်းတောင်း​နှစ်​တောင်း​ကို​ပြ​၏​။


ဘုရားရှင်​ထာဝရဘုရား​က ငါ့​အား ဤသို့ မြင်​စေ​တော်မူ​၏​။ ကြည့်ရှု​လော့​။ ကောက်နှောင်း​ပေါ်စအချိန်​တွင် ကိုယ်တော်​သည် နှံကောင်အုပ်​ကြီး​ကို လွှတ်လိုက်​တော်မူ​၏​။ ဤ​အချိန်​သည် ရှင်ဘုရင်​အဖို့ ကောက်ရိတ်​ပြီး ကောက်နှောင်း​ပေါ်ချိန်​ဖြစ်​၏​။


သို့သော် ထာဝရဘုရား​က ‘​သင့်​မယား​သည် မြို့​ထဲတွင် ပြည့်တန်ဆာမ ဖြစ်​မည်​။ သင့်​သား​သမီး​တို့​သည် ဓား​ဖြင့်​လဲကျ​သေဆုံး​ရ​လိမ့်မည်​။ သင်​၏​မြေ​ကို​လည်း ကြိုး​ဖြင့်​တိုင်းတာ​ခွဲဝေ​ယူ​ကြ​လိမ့်မည်​။ သင်​သည်​လည်း မစင်ကြယ်​သော​ပြည်​တွင် သေ​ရ​လိမ့်မည်​။ အစ္စရေး​လူမျိုး​သည်​လည်း နေရင်းပြည်​မှ သုံ့ပန်း​အဖြစ် မုချ​ဖမ်းခေါ်​သွား​ခြင်း​ခံရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ပြန်ပြော​လေ​၏​။


တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ငါ့​အား ဤသို့ မြင်​စေ​တော်မူ​ပြန်​၏​။ ကြည့်ရှု​လော့​။ ဘုရားရှင်​ထာဝရဘုရား​သည် တရားစီရင်​ရန် မီး​ကို​ဆင့်ခေါ်​ရာ မီး​သည် ကျယ်ပြန့်​နက်ရှိုင်း​သော​ရေထု​ကို ဝါးမျို​ပြီးလျှင် မြေကြီး​ကို​လည်း ဝါးမျို​လေ​၏​။


တစ်ဖန် ငါ့​အား ဤသို့ မြင်​စေ​တော်မူ​၏​။ ကြည့်ရှု​လော့​။ ဘုရားရှင်​သည် ချိန်ကြိုး​ကို​ကိုင်​လျက် ချိန်ကြိုး​ဖြင့်​တိုင်းတာ​ဆောက်လုပ်​ထား​သော မြို့ရိုး​ပေါ်တွင်​ရပ်​နေ​၏​။


ကိုယ်တော်​က “​အာမုတ်​၊ သင် မည်သည့်​အရာ​ကို မြင်​သနည်း​”​ဟု မေး​တော်မူ​လျှင် ငါ​က “​နွေရာသီသီးနှံ​ထည့်​ထား​သော​တောင်း​ကို မြင်​ပါ​၏​”​ဟု လျှောက်​ရာ ထာဝရဘုရား​က “​ငါ့​လူမျိုး​တော်​အစ္စရေး​တို့​၏​နိဂုံး​သည် ရောက်လာ​လေ​ပြီ​။ သူ​တို့​ကို ငါ​အလွတ်ပေး​တော့​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏​။