ယခု ငါ့အစေအပါးဒါဝိဒ်အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ငါသည် သင့်ကို သိုးထိန်းကျောင်းရာစားကျက်မြေမှ ခေါ်ယူပြီး ငါ့လူမျိုးတော်အစ္စရေးကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားပြီ။
အာမုတ် 7:15 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထာဝရဘုရားသည် ငါ့ကို သိုးကျောင်းရာမှ ခေါ်ထုတ်ပြီးလျှင် ထာဝရဘုရားက ‘ငါ့လူမျိုးတော်အစ္စရေးတို့အား သွား၍ပရောဖက်ပြုဟောပြောလော့’ဟု မိန့်ဆို၏။ Common Language Bible ထာဝရဘုရားသည်ငါ့ကိုသိုးကျောင်း နေရာမှခေါ်ယူပြီး လူမျိုးတော်ဣသရေလ ထံသို့သွားရောက်၍ဗျာဒိတ်ပေးရန်စေခိုင်း တော်မူခဲ့သည်။- Garrad Bible ထိန်း ကျောင်း ရာ မှ ထာ ဝ ရ ဘု ရား ခေါ် တော် မူ လျက်၊ ဣ သ ရေ လ လူ မျိုး တော် အား သွား၍ ဟော ပြော လော့ ဟု မိန့် တော် မူ ခဲ့ လေ ပြီ။ Judson Bible ထာဝရဘုရားသည် နွားကျောင်းရာမှ ငါ့ကိုနုတ်ယူ၍၊ သင်သွားလော့။ ငါ၏လူ ဣသရေလအမျိုးတွင် ပရောဖက်ပြုလော့ဟု မိန့်တော်မူ၏။ |
ယခု ငါ့အစေအပါးဒါဝိဒ်အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ငါသည် သင့်ကို သိုးထိန်းကျောင်းရာစားကျက်မြေမှ ခေါ်ယူပြီး ငါ့လူမျိုးတော်အစ္စရေးကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားပြီ။
ဤသို့ဖြင့် ဧလိယသည် ထိုနေရာမှထွက်သွား၍ ရှာဖတ်၏သား ဧလိရှဲနှင့်တွေ့၏။ လယ်ထွန်လျက်ရှိသောနွားတစ်ဆယ့်နှစ်ရှဉ်းတွင် ဧလိရှဲသည် တစ်ဆယ့်နှစ်ရှဉ်းမြောက်၌ လယ်ထွန်နေ၏။ ဧလိယသည် သူ့နားသို့သွားပြီး မိမိဝတ်လုံကို သူ့အပေါ် လွှားတင်ပေးလိုက်လျှင်
သို့သော် ထာဝရဘုရားက ငါ့အား “ ‘အကျွန်ုပ်သည် သူငယ်သာဖြစ်ပါသည်’ဟု မဆိုနှင့်။ သင့်ကိုငါစေလွှတ်သော လူအပေါင်းတို့ထံသို့ သင်သွားရမည်။ ငါမိန့်မှာသောစကားအလုံးစုံတို့ကို သင်ပြောကြားရမည်။
ယေရမိကလည်း မှူးမတ်များနှင့် ပြည်သူပြည်သားအပေါင်းတို့အား “ဤအိမ်တော်နှင့် ဤမြို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောသောစကားကို သင်တို့အလုံးစုံကြားရပြီ။ ထိုသို့ဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူပြီ။
ခြင်္သေ့ဟိန်းဟောက်သောအခါ မကြောက်သောသူ ရှိသလော။ ဘုရားရှင်ထာဝရဘုရားမိန့်ဆိုသောအခါ ပရောဖက်မပြုဘဲ နေဝံ့သူ ရှိသလော။
ထို့နောက် ယေရှုသည် ထိုအရပ်မှကြွတော်မူစဉ် အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် မဿဲဟုခေါ်သောသူတစ်ဦးကိုမြင်၍“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူသော် သူသည်ထ၍ နောက်တော်သို့လိုက်လေ၏။
သို့သော် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်လာသောအခါ သင်တို့သည် တန်ခိုးကိုရရှိလျက် ဂျေရုဆလင်မြို့၊ ယုဒနယ်နှင့်ရှမာရိနယ်တစ်ခုလုံးသာမက မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေများဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အကျွန်ုပ်တို့သည် မိမိတို့ကြားရ၊ မြင်ရသောအရာတို့ကို မဟောပြောဘဲမနေနိုင်”ဟု သူတို့အား ပြန်ပြောကြ၏။
“သွား၍ ဗိမာန်တော်ထဲ၌ရပ်လျက် ဤအသက်ရှင်ခြင်းနှင့်ဆိုင်သော တရားစကားအလုံးစုံတို့ကို လူတို့အားဟောပြောကြလော့”ဟု ဆို၏။
ပရောဖက်တို့နှင့်အတူ ရှောလုပရောဖက်ပြုသည်ကို သူနှင့်သိကျွမ်းခဲ့သောသူတို့တွေ့သောအခါ ထိုသူတို့က “ကိရှ၏သားကား မည်သို့ဖြစ်သွားပါသနည်း။ ရှောလုသည်လည်း ပရောဖက်တို့အပါအဝင် ဖြစ်သလော”ဟု အချင်းချင်းမေးမြန်းကြ၏။