ဟောရှေမင်းကြီးနန်းစံကိုးနှစ်အကြာတွင် အဆီးရီးယားဘုရင်သည် ရှမာရိမြို့ကိုသိမ်းပိုက်ပြီး အစ္စရေးလူမျိုးတို့ကို အဆီးရီးယားပြည်သို့ဖမ်းခေါ်သွားကာ ဟာလာအရပ်၊ ဂေါဇန်နယ်ရှိဟာဗော်မြစ်နားနှင့်မေဒိမြို့ တို့၌နေထိုင်စေ၏။
အာမုတ် 7:11 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား အာမုတ်က ‘ယေရောဗောင်မင်းကြီးသည် ဓားဖြင့်သေရလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် နေရင်းပြည်မှ အမှန်ပင်ဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ ဟောပြောပါသည်”ဟု လျှောက်ဆိုစေ၏။ Common Language Bible `ယေရောဗောင်မင်းသည်တိုက်ပွဲ၌ကျဆုံး ပြီးဣသရေလပြည်သားတို့သည် မိမိတို့ ၏နိုင်ငံမှတစ်ပါးတစ်နိုင်ငံသို့ဖမ်းသွား ခံရမည်' ဟုဟောနေပါသည်'' ဟူ၍သံ တော်ဦးတင်လိုက်၏။ Garrad Bible ယေ ရော ဗောင် မင်း သည်၊ ဓား ဖြင့် ကွယ် လွန် ခြင်း၊ ဣ သ ရေ လ အ မျိုး သည်၊ နေ ပြည် မှ သုံ့ ဘမ်း သိမ်း သွား ခြင်း ကို ခံ ရ ကြ လ တ္တံ့ ဟူ၍၊ အာ မုတ် တော် လှန် သည် ကို လျှောက် လိုက် သည့် ပြင်၊ Judson Bible ယေရောဗောင်သည် ဓားဖြင့် သေရလိမ့်မည်။ ဣသရေလအမျိုးသားတို့သည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမုတ်ဆိုတတ်ပါသည်ဟု လျှောက်လေ၏။ |
ဟောရှေမင်းကြီးနန်းစံကိုးနှစ်အကြာတွင် အဆီးရီးယားဘုရင်သည် ရှမာရိမြို့ကိုသိမ်းပိုက်ပြီး အစ္စရေးလူမျိုးတို့ကို အဆီးရီးယားပြည်သို့ဖမ်းခေါ်သွားကာ ဟာလာအရပ်၊ ဂေါဇန်နယ်ရှိဟာဗော်မြစ်နားနှင့်မေဒိမြို့ တို့၌နေထိုင်စေ၏။
သူတို့သည် ငါ၏စကားတို့ကို တစ်နေ့လုံး လိုရာဆွဲ၍ မမှန်မကန်ပြောဆိုကြ၏။ သူတို့၏အကြံအစည်ရှိသမျှတို့သည် ငါ့အပေါ် ဘေးအန္တရာယ်ကျရောက်စေရန်ဖြစ်၏။
‘ဤအိမ်တော်သည် ရှိလောအရပ်ကဲ့သို့ ဖြစ်လိမ့်မည်။ ဤမြို့သည် နေထိုင်သောသူမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်လိမ့်မည်’ဟု ထာဝရဘုရား၏နာမတော်ဖြင့် အဘယ်ကြောင့် ပရောဖက်ပြုဟောပြောရသနည်း”ဟု ဆိုပြီးလျှင် လူတို့သည် ထာဝရဘုရားအိမ်တော်၌ ယေရမိထံ ဝိုင်းအုံလာကြ၏။
သူတို့သည် စကားတော်အလုံးစုံကို ကြားရသောအခါ အသီးသီးကြောက်ရွံ့တုန်လှုပ်ကြ၏။ ဗာရုတ်အားလည်း “ဤစကားအလုံးစုံတို့ကို ရှင်ဘုရင်ထံ မဖြစ်မနေတင်ပြရမည်”ဟု ဆိုပြီး
ယုဒဘုရင်ဩဇိမင်းကြီးလက်ထက်နှင့် ယောရှ၏သား အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးလက်ထက် ငလျင်မလှုပ်မီ နှစ်နှစ်တွင် တေကောမြို့သား သိုးထိန်းအာမုတ်သည် အစ္စရေးပြည်နှင့်ပတ်သက်၍ မြင်ရသည့်အတိုင်း ဆင့်ဆိုသောစကားမှာ ဤသို့ဖြစ်၏။
ထိုအခါ ဗေသလမြို့ရှိ ယဇ်ပုရောဟိတ်အာမဇိက အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးထံသို့ လူလွှတ်၍ “အာမုတ်သည် အစ္စရေးအမျိုးတို့အလယ်တွင် အရှင်မင်းကြီးကို လျှို့ဝှက်ကြံစည်နေပါပြီ။ ပြည်တော်သည် သူ့စကားအလုံးစုံတို့ကို ခံနိုင်မည်မဟုတ်ပါ။
ထို့ပြင် အာမဇိက အာမုတ်အား “အို ဗျာဒိတ်ရသူ၊ ယုဒပြည်သို့ ပြန်ပြေးလော့။ ထိုပြည်တွင် ပရောဖက်ပြု၍ အသက်မွေးလော့။
ဣဇက်အထွတ်အမြတ်ထားရာနေရာတို့သည် လူသူကင်းမဲ့လိမ့်မည်။ အစ္စရေးလူမျိုး၏သန့်ရှင်းရာဌာနတို့သည်လည်း တိတ်ဆိတ်ခြောက်ကပ်လိမ့်မည်။ ငါသည် ယေရောဗောင်အမျိုးကို ဓားဖြင့်တိုက်မည်”ဟု မိန့်တော်မူ၏။
သင်ချစ်မြတ်နိုးသောသားသမီးတို့သည် ဖမ်းခေါ်သွားခြင်းခံရမည်ဖြစ်သောကြောင့် ဆံပင်ညှပ်၍ ခေါင်းတုံးတုံးလော့။ လင်းယုန်ငှက်ကဲ့သို့ သင့်ခေါင်းကို ပြောင်စေလော့။
“ဤသူက ‘ငါသည် ဘုရားသခင်၏ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်း ပြန်လည်တည်ဆောက်နိုင်သည်’ဟု ပြောပါသည်”ဟူ၍ ထွက်ဆိုကြ၏။
အကြောင်းမူကား ဤသူက ‘နာဇရက်မြို့သားယေရှုသည် ဤနေရာကိုဖျက်ဆီး၍ အကျွန်ုပ်တို့အား မောရှေပေးအပ်ခဲ့သည့်ဓလေ့ထုံးစံတို့ကို ပြောင်းလဲစေလိမ့်မည်’ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါသည်”ဟု ထွက်ဆိုစေကြ၏။