ထာဝရဘုရားက အစ္စရေးအမျိုးအနွယ်အား “အသက်ချမ်းသာရာရမည့်အကြောင်း ငါ့ကိုရှာကြလော့။
ထာဝရဘုရားက``ဣသရေလပြည်သား တို့အားငါ့ထံသို့ပြန်လာကြလော့။ သို့ပြု လျှင်သင်တို့သည်အသက်ချမ်းသာလိမ့်မည်။-
ဣ သ ရေ လ အ မျိုး သား တို့ အား ထာ ဝ ရ ဘု ရား က၊ သုံ့ ဘမ်း သိမ်း သွား ခံ ရ အံ့ သော ဂိ လ ဂါ လ မြို့ ကို ရှာ ဖွေ ခြင်း၊ အ လ ဟဿ ဖြစ် အံ့ သော ဗေ သ လ မြို့ သို့ ဝင် ရောက် ခြင်း၊ ဗေ ရ ရှေ ဘ မြို့ သို့ သွား ခြင်း ကို မ ပြု ဘဲ၊ ငါ့ ကို ရှာ ဖွေ ၍ အ သက် ချမ်း သာ ရ ကြ လော့ ဟု မိန့် တော် မူ ၏။
ထာဝရဘုရားသည် ဣသရေလအမျိုးအား မိန့်တော်မူသည်ကား၊ ငါ့ကို ရှာကြလော့။ ရှာလျှင် အသက်ချမ်းသာရကြလိမ့်မည်။
“အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ သစ္စာရှိရှိအသက်ရှင်လျှောက်လှမ်းခဲ့သည်ကိုလည်းကောင်း၊ ရှေ့တော်၌ ကောင်းသောအမှု ပြုခဲ့သည်ကိုလည်းကောင်း အောက်မေ့တော်မူပါ”ဟု ထာဝရဘုရားထံ ဆုတောင်းပြီး ခါးသီးစွာအော်ဟစ်ငိုကြွေးလေ၏။
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။
ယောရှဖတ်မင်းကြီးသည်ကြောက်ရွံ့၍ ထာဝရဘုရားကိုရှာရန် စိတ်ဆုံးဖြတ်ပြီး ယုဒပြည်တစ်ပြည်လုံးသို့ အစာရှောင်ရန် ကြေညာ၏။
ယုဒလူမျိုးတို့သည် ထာဝရဘုရားကိုရှာရန် စုဝေးလာကြ၏။ ထာဝရဘုရားကိုရှာရန် ယုဒမြို့ရွာအားလုံးမှ လူတို့ရောက်လာကြ၏။
ယောရှိမင်းကြီး နန်းစံရှစ်နှစ်၊ အသက်အရွယ်နုနယ်နေသေးစဉ်တွင်ပင် ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင်ကို စတင်ရှာခဲ့၏။ သက်တော်တစ်ဆယ့်နှစ်နှစ်တွင် ဂျေရုဆလင်မြို့အပါအဝင်ယုဒပြည်ရှိ အထွတ်အမြတ်ထားရာနေရာများ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကို စတင်ဖယ်ရှားပစ်၏။
ပညာသတိရှိသောသူ၊ ဘုရားသခင်ကိုရှာသောသူ ရှိ၊ မရှိသိမြင်ရန် ထာဝရဘုရားသည် လူသားတို့ကို ကောင်းကင်ဘုံမှငုံ့ကြည့်တော်မူ၏။
ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့သည် ဝလင်စွာစားရကြလိမ့်မည်။ ထာဝရဘုရားကိုရှာသောသူတို့သည် ကိုယ်တော်ကိုချီးမွမ်းကြလိမ့်မည်။ သင် တို့စိတ်နှလုံးသည် ထာဝစဉ်ရှင်သန်ပါစေ။
အကျွန်ုပ်စိတ်နှလုံးက “ငါ၏မျက်နှာကိုရှာကြလော့”ဟု ကိုယ်တော်ကိုယ်စားဆိုသောအခါ အို ထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ်ရှာပါမည်။
စိတ်နှိမ့်ချသောသူတို့သည် ထိုအမှုကိုမြင်၍ ဝမ်းမြောက်ကြလိမ့်မည်။ ဘုရားသခင်ကိုရှာသောသူတို့၊ သင်တို့၏စိတ်နှလုံးသည် ရှင်သန်ပါစေသော။
အကြောင်းမူကား ထာဝရဘုရားသည် နွမ်းပါးသောသူတို့ကို နားညောင်းတော်မူ၏။ အချုပ်အနှောင်ခံရသောမိမိ၏လူတို့ကိုလည်း မထီမဲ့မြင်ပြုတော်မမူပေ။
အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရားကို မမျှော်ကြည့်၊ ထာဝရဘုရားကို မရှာဘဲ အီဂျစ်ပြည်၏မြင်းများ၊ များစွာသောစစ်ရထား၊ အလွန်အားကြီးသောမြင်းစီးသူရဲတို့ကို ကိုးစားမှီဝဲပြီး အီဂျစ်ပြည်သို့သွား၍ အကူအညီတောင်းသူတို့သည် အမင်္ဂလာရှိကြ၏။
ငါ့စကားကို နားထောင်ကြလော့။ ငါ့ထံသို့လာကြလော့။ သင်တို့၏စိတ်ဝိညာဉ် အသက်ရှင်မည့်အကြောင်း နားထောင်ကြလော့။ ဒါဝိဒ်အပေါ်ထားရှိသော မြဲမြံသည့်မေတ္တာကရုဏာနှင့်အညီ ထာဝရပဋိညာဉ်ကို သင်တို့နှင့်ငါပြုမည်။
ယေရမိကလည်း “မင်းကြီးကို သူတို့လက်သို့ အပ်နှံကြမည်မဟုတ်။ အကျွန်ုပ်ဆင့်ဆိုသော ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ သို့ပြုလျှင် မင်းကြီးအသက်ချမ်းသာရာရ၍ ကောင်းစားလိမ့်မည်။
ငါ၏ပြဋ္ဌာန်းချက်တို့ကိုလိုက်လျှောက်ပြီး စီရင်ထုံးဖွဲ့ချက်တို့ကို သစ္စာရှိစွာစောင့်ထိန်းလျက် ဖြောင့်မတ်သောသူဖြစ်လျှင် သူသည် အမှန်ပင်အသက်ချမ်းသာရာရမည်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထာဝရဘုရားကို ရှာဖို့ အချိန်တန်ပြီ။ ထာဝရဘုရားသည် ကြွလာ၍ သင်တို့အပေါ် ဖြောင့်မတ်ခြင်းမိုးကို မရွာစေမီတိုင်အောင် သင်တို့သည် ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲ၍ မေတ္တာကရုဏာအသီးကို ရိတ်သိမ်းကြလော့။ ပလပ်မြေကို ထွန်ယက်ကြလော့။
အသက်ချမ်းသာရာရမည့်အကြောင်း ထာဝရဘုရားကိုရှာကြလော့။ သို့မဟုတ်လျှင် ယောသပ်အမျိုးအနွယ်ကို ရုတ်ချည်းမီးလောင်၍ ငြှိမ်းသတ်မည့်သူမရှိဘဲ ဗေသလမြို့ကို ဝါးမျိုလိမ့်မည်။
စိတ်နှလုံးနှိမ့်ချ၍ စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာသောပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရားကိုရှာကြလော့။ ထာဝရဘုရား အမျက်တော်ကျရောက်သောနေ့တွင် အကွယ်အကာရကောင်းရနိုင်သည်ဖြစ်၍ ဖြောင့်မတ်ခြင်းကိုရှာကြလော့။ စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။
အကြောင်းမူကား တောင်းသောသူတိုင်းသည်ရ၏။ ရှာသောသူသည်လည်း တွေ့၏။ တံခါးခေါက်သောသူကိုလည်း ဖွင့်ပေးလိမ့်မည်။
“ယနေ့ သင်တို့အား ငါသတိပေးသောစကားရှိသမျှတို့ကို နှလုံးသွင်းကြလော့။ ဤတရားစကားရှိသမျှတို့ကို လိုက်နာစောင့်ထိန်းမည့်အကြောင်း သင်တို့၏သားသမီးတို့ကို မှာကြားကြလော့။
ဤတရားစကားသည် သင်တို့အဖို့ အချည်းနှီးစကားမဟုတ်။ သင်တို့၏အသက်ဖြစ်၏။ ဤတရားစကားကို စောင့်ထိန်းခြင်းဖြင့် သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ သိမ်းပိုက်မည့်ပြည်၌ အသက်ရှည်ရှည်နေထိုင်ရမည်ဖြစ်၏”ဟု ဆိုလေ၏။
သို့သော် ထိုအရပ်၌ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့်ရှာလျှင် တွေ့ရကြလိမ့်မည်။