သင်တို့အသီးသီးသည် မြို့ရိုးပျက်အပေါက်များမှတစ်ဆင့် အရှေ့တည့်တည့် ဟာမုန်အရပ်သို့ နှင်ထုတ်ခြင်းခံရမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့ကိုအနီးဆုံးမြို့နံရံပျက်အပေါက် သို့ဆွဲသွားပြီးအပြင်သို့လွှင့်ပစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။
သင်တို့သည် အသီးအသီးကိုယ်စီတွေ့သော အပေါက်ဖြင့်ထွက်၍ ရဲတိုက်ထဲသို့ ချခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
နောက်ဆုံး၌ မြို့ရိုးကျိုးပေါက်သွားပြီး ခါလဒဲစစ်သည်တို့က မြို့ကိုဝိုင်းရံထားကြသော်လည်း ရှင်ဘုရင်နှင့်တကွ စစ်သူရဲအပေါင်းတို့သည် ညအချိန်တွင် ဘုရင့်ဥယျာဉ်တော်အနီး မြို့ရိုးနှစ်ခုကြားရှိတံခါးမှထွက်၍ အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။
သူတို့သည် ဂျော်ဒန်မြစ်တိုင်အောင် ဆီးရီးယားစစ်သည်တို့နောက်သို့ လိုက်ကြရာ ဆီးရီးယားစစ်သည်တို့ ပြေးရင်းပစ်ချထားခဲ့သော အဝတ်များ၊ လက်နက်ကိရိယာများ လမ်းတစ်လျှောက်လုံးပြည့်နှက်နေသည်ကို တွေ့ရလေ၏။ တမန်တို့သည်လည်း ရှင်ဘုရင်ထံသို့ပြန်လာ၍ သတင်းပို့ကြလျှင်
ထိုနေ့ရက်၌ လူတို့သည် မိမိတို့ရှိခိုးကိုးကွယ်ရန် ထုလုပ်ထားသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့များအလယ်၌ ပစ်ထားကြမည်။
ထိုနေ့ရက်၌ သင်တို့လက်ဖြင့်လုပ်သော၊ သင်တို့ကိုအပြစ်ဖြစ်စေသော ငွေရုပ်တု၊ ရွှေရုပ်တုများကို လူတိုင်း စွန့်ပစ်ကြလိမ့်မည်။
နောက်ဆုံး၌ မြို့ရိုးကျိုးပေါက်သွားသဖြင့် စစ်သူရဲအပေါင်းတို့ ထွက်ပြေးကြ၏။ ခါလဒဲစစ်သည်တို့က မြို့ကိုဝိုင်းရံထားကြသော်လည်း စစ်သူရဲတို့သည် ညအချိန်တွင် ဘုရင့်ဥယျာဉ်တော်အနီး မြို့ရိုးနှစ်ခုကြားရှိတံခါးမှထွက်၍ အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။
သူတို့ကိုအုပ်စိုးသောမင်းသည် အထုပ်ကိုပခုံးပေါ်တင်၍ အမှောင်ထဲသို့ ထွက်သွားရလိမ့်မည်။ နံရံကိုဖောက်၍ အထုပ်သယ်သွားရလိမ့်မည်။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးထားရလိမ့်မည်။
သူတို့မျက်စိရှေ့တွင်ပင် နံရံကိုဖောက်ပြီး သင့်အထုပ်ကို ထုတ်သွားလော့။
ထို့ကြောင့် ယခု သူတို့သည် ဖမ်းခေါ်သွားခြင်းခံရသူတို့တွင် ထိပ်ဆုံးမှ ဖမ်းခေါ်သွားခြင်းခံရလိမ့်မည်။ သူတို့ပျော်ပါးခဲ့သောပွဲများသည်လည်း အဆုံးသတ်ရလိမ့်မည်။
ထာဝရဘုရား၏အမျက်တော်ကျရောက်သောနေ့၌ သူတို့၏ရွှေငွေများသည် သူတို့ကို ကယ်တင်နိုင်မည်မဟုတ်။ သဝန်တိုခြင်းမီးသည် မြေတစ်ပြင်လုံးကို လောင်ကျွမ်းသွားလိမ့်မည်။ မြေကြီးသားအပေါင်းတို့ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ဘဝနိဂုံးချုပ်စေမည်။
လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။ တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း။
ဂိလဒ်အမျိုးသည် ဂျော်ဒန်မြစ်တစ်ဖက်၌ပင် နေနေကြပါသည်တကား။ ဒန်အမျိုးကား အဘယ်ကြောင့် သင်္ဘောများပေါ်၌ နေရစ်ရသနည်း။ အာရှာအမျိုးကလည်း ပင်လယ်ကမ်းခြေ၌သာ ထိုင်နေကြပါသည်တကား၊ ပင်လယ်ဆိပ်ကမ်း၌သာ နေထိုင်ကြပါသည်တကား။