သင်တို့သည် အကျွန်ုပ်ကို မကောင်းကြံစည်ခဲ့သော်လည်း ယနေ့မြင်ရသည့်အတိုင်း များစွာသောလူတို့အသက်ချမ်းသာရာရစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာအတွက် ကြံစည်တော်မူ၏။
အာမုတ် 3:6 - မြန်မာ့စံမီသမ္မာကျမ်း မြို့ထဲတွင် တံပိုးမှုတ်သံကြားသောအခါ လူတို့ မထိတ်လန့်ဘဲ နေမည်လော။ ထာဝရဘုရားပြုတော်မမူဘဲ မြို့ထဲတွင် ဘေးအန္တရာယ်ကျရောက်နိုင်မည်လော။ Common Language Bible မြို့တွင်း၌စစ်ခရာသံကိုကြားရလျှင် မြို့သားတို့သည် မထိတ်လန့်ဘဲနေလိမ့် မည်လော။ ထာဝရဘုရားစီရင်သောကြောင့်သာလျှင် မြို့ထဲသို့ဘေးဒုက္ခကျရောက်လာရသည် မဟုတ်လော။ Garrad Bible မြို့ သား တို့ မ လန့် ဘဲ၊ တံ ပိုး မှုတ် ခြင်း၊ ထာ ဝ ရ ဘု ရား စီ ရင် တော် မ မူ ဘဲ၊ မြို့၌ ဘေး သင့် ခြင်း များ ရှိ မည် လော။ Judson Bible မြို့ထဲမှာ တံပိုးမှုတ်လျှင်၊ မြို့သားတို့သည် မကြောက်မလန့်ဘဲနေကြလိမ့်မည်လော။ ထာဝရဘုရား စီရင်တော်မမူဘဲ ဘေးတစ်စုံတစ်ခုသည် မြို့ထဲမှာ ရောက်လိမ့်မည်လော။ |
သင်တို့သည် အကျွန်ုပ်ကို မကောင်းကြံစည်ခဲ့သော်လည်း ယနေ့မြင်ရသည့်အတိုင်း များစွာသောလူတို့အသက်ချမ်းသာရာရစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာအတွက် ကြံစည်တော်မူ၏။
ထိုသို့ သက်ကြီးဝါကြီးတို့အား ပြောဆိုနေစဉ် တမန်သည် သူတို့ထံရောက်လာ၍ ဧလိရှဲက “ဤကပ်ဘေးသည် ထာဝရဘုရားထံတော်မှ လာခြင်းဖြစ်၏။ အဘယ်ကြောင့် ထာဝရဘုရားကို စောင့်နေရဦးမည်နည်း”ဟု ဆို၏။
ငါသည် အလင်းကိုပုံဖော်ဖန်ဆင်း၏၊ အမှောင်ကိုလည်းဖန်ဆင်း၏။ ငြိမ်းချမ်းမှုကိုဖြစ်စေ၏၊ ဘေးအန္တရာယ်ကိုလည်း ဖြစ်ပေါ်စေ၏။ ဤအရာအားလုံးတို့ကို ငါထာဝရဘုရား စီရင်၏။
အို လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်သည် ကြောက်ရွံ့ရိုသေခြင်းကို ခံထိုက်တော်မူပါ၏။ မည်သူသည် ကိုယ်တော့်ကို မကြောက်ရွံ့ဘဲနေပါသနည်း။ လူမျိုးတကာတို့၏ပညာရှိအပေါင်းတို့တွင်လည်းကောင်း၊ တိုင်းနိုင်ငံရှိသမျှတို့တွင်လည်းကောင်း ကိုယ်တော်နှင့်တူသောသူတစ်ယောက်မျှမရှိပါ။
ငါ့အူထဲ၊ အသည်းထဲအထိ နာကျင်နေ၏။ ငါ့စိတ် မငြိမ်မသက်ဖြစ်နေ၏။ ငါသည် တိတ်ဆိတ်စွာမနေနိုင်။ တံပိုးမှုတ်သံ၊ စစ်ပွဲကြွေးကြော်သံကို ငါကြားရ၏။
ယုဒပြည်၌ ဟောပြောလော့။ ဂျေရုဆလင်မြို့ကို ကြားသိစေလော့။ ပြည်တစ်လျှောက်လုံး တံပိုးမှုတ်ကြလော့။ ‘စုဝေးကြစို့။ ခံတပ်မြို့များအတွင်းသို့ဝင်ကြစို့’ဟု ကြွေးကြော်ကြလော့။
သင်တို့သည် ငါ့ကို မကြောက်ရွံ့ကြသလော။ ငါ့ရှေ့၌မတုန်လှုပ်ကြသလော။ ပင်လယ်ရေမကျော်လွန်နိုင်အောင် သဲနယ်နိမိတ်ကို အရံအတားအဖြစ် ငါနေရာချထား၏။ ပင်လယ်သည် ဟုန်းဟုန်းမြည်သော်လည်း နယ်နိမိတ်ကိုမကျော်နိုင်။ လှိုင်းတံပိုးထသော်လည်း နယ်နိမိတ်ကို မလွှမ်းမိုးနိုင်။
အို ဗင်္ယာမိန်အမျိုးသားတို့၊ ဂျေရုဆလင်မြို့မှထွက်၍ လုံခြုံရာသို့ပြေးကြလော့။ တေကောရွာ၌ တံပိုးမှုတ်ကြလော့။ ဗေသက္ကရင်ရွာ၌ အချက်ပြမီးကို မြှောက်ပြကြလော့။ ပျက်စီးခြင်းဘေးအန္တရာယ်ကြီးသည် မြောက်ဘက်အရပ်မှ ထွက်ပေါ်လာပြီ။
ထိုသူသည် ပြည်သို့ ဓားဘေးကျရောက်သည်ကို သိမြင်ပြီး တံပိုးမှုတ်လျက် ပြည်သားတို့ကို သတိပေးသောအခါ
ဂိဗာမြို့၌ သိုးချိုမှုတ်ကြလော့။ ရာမမြို့၌ တံပိုးခရာမှုတ်ကြလော့။ ဗေသဝင်မြို့၌ တပ်လှန့်အချက်ပေးကြလော့။ ‘အို ဗင်္ယာမိန်၊ အနောက်သို့လှည့်ကြည့်လော့။’
မြေပေါ်မှာ ထောင်ချောက်မထောင်ဘဲ ငှက်ကိုမိမည်လော။ မည်သည့်သားကောင်မှ မမိဘဲ ကျော့ကွင်းသည် မြေပေါ်မှမြောက်တက်သွားမည်လော။
မြင့်သောမျှော်စင်ကြီးများ၊ ခိုင်ခံ့သောမြို့များကို ဆန့်ကျင်၍ တံပိုးမှုတ်ကြွေးကြော်သောနေ့ ဖြစ်လိမ့်မည်။
ထိုကာလမတိုင်မီ လူတို့သည် လုပ်အားခ မရ။ တိရစ္ဆာန်ငှားရမ်းခလည်း မရ။ ငါသည် လူအပေါင်းတို့အား အိမ်နီးချင်းအချင်းချင်း ရန်သူဖြစ်စေသဖြင့် သွားလာသောသူတို့သည် ရန်သူရှိသောကြောင့် လုံခြုံမှုမရှိခဲ့’ဟု မိန့်တော်မူ၏။
ဘုရားသခင်ချမှတ်ထားသောအကြံအစည်တော်နှင့် ကြိုတင်သိမြင်သောဉာဏ်တော်တို့အရ အပ်နှံခြင်းခံရသောထိုအရှင်ကို သင်တို့သည် တရားမဲ့သောသူတို့လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်၌တင်၍ ကွပ်မျက်ကြ၏။
ကိုယ်တော်၏လက်တော်နှင့်အကြံအစည်တော်တို့အားဖြင့် ဖြစ်ပျက်လာရန်ကြိုတင်သတ်မှတ်ထားသမျှသောအရာတို့ကို ပြုခဲ့ကြပါပြီ။
ထို့ကြောင့် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့်ပတ်သက်သည့်အကြောင်းကို ငါတို့သိသဖြင့် လူတို့ကိုစည်းရုံးကြ၏။ ငါတို့အကြောင်းသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှားပြီဖြစ်၍ သင်တို့၏အသိစိတ်၌လည်း ထင်ရှားပြီဟု ငါမျှော်လင့်၏။