အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




အာ​မုတ် 2:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​မောဘ​ပြည်​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​သည် ဧဒုံ​ဘုရင်​၏​အရိုးစု​ကို မီးရှို့​ပြာချ​ပစ်​လေ​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​က``မော​ဘ​ပြည်​သား​တို့ သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ် ပေး​ရ​တော့​မည်။ သူ​တို့​သည်​ဧ​ဒုံ​မင်း​၏ အ​ရိုး​စု​ကို​ပြာ​ချ​လိုက်​ခြင်း​ဖြင့် ဧ​ဒုံ မင်း​ကို​မ​လေး​မ​စား​ပြု​ခဲ့​ကြ​ပြီ။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြန် သည် မှာ၊ ဧ ဒုံ ဘု ရင်၏ အ ရိုး များ ကို ပြာ ကျ အောင် ဖုတ် သော၊ မော ဘ လူ မျိုး၏ လွန် ကျူး မှု သုံး မျိုး မ က၊ လေး မျိုး အ လျောက် ခံ သင့် ဒဏ် ကို၊ ငါ မ ပ လပ် စေ ဘဲ၊

အခန်းကိုကြည့်ပါ။

Judson Bible

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​ပြည်​သည် ဧ​ဒုံ​ရှင်​ဘု​ရင်၏​အ​ရိုး​တို့​ကို ထုံး​ဖြစ်​စေ​ခြင်း​ငှာ မီး​နှင့်​ဖုတ်​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။

အခန်းကိုကြည့်ပါ။



အာ​မုတ် 2:1
22 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ အစ္စရေး​ဘုရင်​သည် ယုဒ​ဘုရင်​၊ ဧဒုံ​ဘုရင်​တို့​နှင့်​ပေါင်း​၍ စစ်ချီ​ကြ​လေ​၏​။ ခုနစ်​ရက်​ပတ်လုံး​ကွေ့ပတ်​ချီတက်​လာ​ကြ​ရာ လိုက်ပါ​လာ​သော​စစ်သည်​များ​နှင့် တိရစ္ဆာန်​တို့​အဖို့ ရေ​မ​ရှိ​သဖြင့်


ထာဝရဘုရား​၏​မျက်စိ​တော်​သည် နေရာ​တိုင်း​၌​ရှိ​၍ မကောင်းမှု​ပြု​သော​သူ​တို့​နှင့် သူတော်ကောင်း​တို့​ကို စောင့်ကြည့်​နေ​တော်မူ​၏​။


သူ​တို့​သည် အနောက်​အရပ်​ရှိ​ဖိလိတ္တိ​လူမျိုး​တို့​ကို အနောက်​မှ​တိုက်ခိုက်​လိမ့်မည်​။ အရှေ့​ပြည်သား​တို့​ကို​လည်း အတူတကွ လုယူ​လိမ့်မည်​။ မိမိ​တို့​လက်​ကို ဧဒုံ​ပြည်​၊ မောဘ​ပြည်​ပေါ်သို့ ရောက်​စေ​လိမ့်မည်​။ အမ္မုန်​အမျိုးသား​တို့​သည် သူ​တို့​၏​လက်အောက်ခံ​ဖြစ်​ရ​လိမ့်မည်​။


မောဘ​၏​မာန​ကို ငါ​တို့​ကြားသိ​၏​။ အလွန်​ကြီး​သော​မာန​ဖြစ်​၏​။ သူ​၏​မာန်မာနကြီး​ခြင်း​၊ သူ​၏​ထောင်လွှား​ခြင်း​၊ သူ​၏​ဒေါသ​တို့​သည် ဘာမျှ​မ​ဟုတ်​။ ဝါကြွား​ခြင်း​သာ ဖြစ်​၏​။


ထာဝရဘုရား​သည် လက်​တော်​ကို ဤ​တောင်​ပေါ်တွင်​တင်ထား​တော်မူ​မည်​။ နွားချေးပုံ​၌ ကောက်ရိုး​ကို​နင်းနယ်​သကဲ့သို့ မောဘ​ပြည်​ကို နင်းနယ်​တော်မူ​မည်​။


ဧဒုံ​ပြည်သား​များ​၊ မောဘ​ပြည်သား​များ​၊ အမ္မုန်​ပြည်သား​များ​၊


တစ်ဖန် ထာဝရဘုရား​က “​ဧဒုံ​ပြည်​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ညီအစ်ကိုချင်း​ကို သနားညှာတာစိတ်​မ​ထား​၊ ဓား​နှင့်​လိုက်လံ​ညှဉ်းဆဲ​တတ်​၏​။ အမျက်မပြေ​၊ ဒေါသ​ထွက်​လျက် ကိုက်ဖဲ့​တတ်​၏​။


တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​အမ္မုန်​အမျိုးသား​တို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် နယ်မြေ​ချဲ့ထွင်​ရာ​၌ ဂိလဒ်​ပြည်​ရှိ ကိုယ်ဝန်ဆောင်​မိန်းမ​တို့​၏​ဝမ်း​ကို ခွဲပစ်​ကြ​၏​။


ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ “ဒမတ်စကပ်​မြို့သား​တို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ဂိလဒ်​ပြည်​ကို ကောက်နယ်​သံ​တလိမ့်တုံး​ဖြင့် နင်းနယ်​လေ​ပြီ​။


တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ “​ဂါဇ​မြို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ပြည်သူ​တစ်ရပ်လုံး​ကို​ဖမ်းခေါ်​သွား​ပြီး ဧဒုံ​ပြည်​သို့ အပ်​လိုက်​လေ​ပြီ​။


တစ်ဖန် ထာဝရဘုရား​က “​တိုင်ရာ​မြို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ညီအစ်ကိုချင်း​ဖွဲ့​သော​ပဋိညာဉ်​ကို မ​အောက်မေ့​ဘဲ ပြည်သူ​တစ်ရပ်လုံး​ကို ဧဒုံ​ပြည်​သို့ အပ်​လိုက်​လေ​ပြီ​။


တစ်ဖန် ထာဝရဘုရား​က “​ယုဒ​ပြည်​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ထာဝရဘုရား​၏​ပညတ်တရားတော်​ကို စွန့်ပယ်​ကြ​ပြီး ပြဋ္ဌာန်းချက်​တို့​ကို​လည်း မ​စောင့်ထိန်း​ကြ​။ သူ​တို့​၏​ဘိုးဘေး​တို့​လိုက်လျှောက်​ခဲ့​သည့်​အတိုင်း လိုက်လျှောက်​ကြ​၏​။ သူ​တို့​သည် လိမ်လည်မှု​များ​အားဖြင့် လမ်းလွဲ​ကြ​ပြီ​။


တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​အစ္စရေး​လူမျိုး​တို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ငွေ​အတွက် ဖြောင့်မတ်​သော​သူ​ကို ရောင်းစား​၏​။ ဖိနပ်​တစ်ရံ​အတွက် နွမ်းပါး​သူ​ကို ရောင်းစား​၏​။


အို ငါ့​လူမျိုး​တော်​၊ ထာဝရဘုရား​ဖြောင့်မတ်​တော်မူ​ကြောင်း သင် သိ​နိုင်​ရန် မောဘ​ဘုရင်​ဗာလက်​မင်းကြီး မည်သို့​ကြံစည်​ခဲ့​သည်​ကို​လည်းကောင်း​၊ သူ့​အား ဗောရ​သား ဗာလမ် မည်သို့​ပြန်လည်ဖြေကြား​ခဲ့​သည်​ကို​လည်းကောင်း​၊ ရှိတ္တိမ်​မြို့​နှင့် ဂိလဂါလ​မြို့​ကြား မည်သည့်​အရာ​ဖြစ်ပျက်​ခဲ့​သည်​ကို​လည်းကောင်း အောက်မေ့​လော့”​ဟု မိန့်​တော်မူ​၏​။