အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟ​ဗက္ကုတ် 3:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကုရှန်​ပြည်​၏​တဲ​တို့​သည် စုတ်ပြတ်​၍ မိဒျန်​ပြည်​၏​ရွက်ထည်​တို့​သည် လှုပ်ခတ်​နေ​သည်​ကို ငါ​မြင်​ရ​၏​။

အခန်းကိုကြည့်ပါ။

Garrad Bible

ကု ရှန် လူ မျိုး တို့၏ တဲ များ သည် ဒု က္ခ ရောက်၍။ မိ ဒျန် ပြည် ရှိ တင်း တိမ် ရံ များ လည်း တုန် လှုပ် သည် ကို၊ အ ကျွန်ုပ် မြင် ရ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ကု​ရှန်​ပြည်၌ တဲ​တို့​သည် ဆင်း​ရဲ​ခံ​ခြင်း၊ မိ​ဒျန်​ပြည်၌ ကု​လား​ကာ​တို့​သည် လှုပ်​ရှား​ခြင်း​ကို ငါ​မြင်၏။

အခန်းကိုကြည့်ပါ။



ဟ​ဗက္ကုတ် 3:7
12 ပူးပေါင်းရင်းမြစ်များ  

ထို​အမှု​ကို ဖာရော​မင်းကြီး​ကြားသိ​သောအခါ မောရှေ​ကို​သတ်​ရန်​ရှာကြံ​သဖြင့် မောရှေ​သည် ဖာရော​မင်းကြီး​ထံမှ ထွက်ပြေး​၍ မိဒျန်​ပြည်​၌​နေထိုင်​လေ​၏​။ သူ​သည် ရေတွင်း​နား​မှာ ထိုင်​နေ​စဉ်


သူ​တို့​၏​တဲ​များ​၊ သိုးအုပ်​များ သိမ်းယူ​သွား​ခြင်း​ခံရ​မည်​။ သူ​တို့​၏​ရွက်ထည်​များ​မှစ၍ အသုံးအဆောင်​ရှိသမျှ​နှင့် ကုလားအုတ်​များ​သည်​လည်း ဆောင်ယူ​သွား​ခြင်း​ခံရ​မည်​။ သူ​တို့​အား ‘​ကြောက်လန့်စရာ​များ ပတ်လည်​ဝိုင်း​နေ​ပြီ​’​ဟူ၍ ဟစ်အော်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


အီဂျစ်​ပြည်​မှ သင်​တို့​ထွက်လာ​သောအခါ သင်​တို့​ရှေ့​၌​ခံ​နေ​သော​ပင်လယ်နီ​ကို ထာဝရဘုရား မည်သို့​ခန်းခြောက်​စေ​တော်မူ​ခဲ့​ကြောင်း​၊ ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာမောရိ​လူမျိုး​တို့​၏​ရှင်ဘုရင်​နှစ်​ပါး​ဖြစ်​သော ရှိဟုန်​နှင့်​ဩဃ​တို့​ကို သင်​တို့​မည်သို့​ချေမှုန်း​ခဲ့​ကြောင်း ကျွန်မ​တို့ ကြားသိ​ရ​ပါ​ပြီ​။


သူ​တို့​က​လည်း ယောရှု​အား “​အရှင်​တို့​ရှေ့မှောက်​တွင် ဤ​ပြည်သား​တို့​ကို သုတ်သင်ပယ်ရှင်း​ပြီး ပြည်​တစ်ပြည်လုံး​ကို အရှင်​တို့​အား​ပေး​မည်​ဟု အရှင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က မိမိ​အစေအပါး​မောရှေ​အား မိန့်​တော်မူ​ခဲ့​သည်​ကို အရှင့်​အစေအပါး​တို့ ကောင်း​စွာ​သိ​ထား​ပြီ​။ အကျွန်ုပ်​တို့​လည်း အသတ်​ခံရ​မည်​ကို ကြောက်​လွန်း​သဖြင့် ဤသို့​ပြု​ခြင်း​ဖြစ်​ပါ​၏​။


ထိုအခါ ဇေဘဟ​နှင့်​ဇာလမုန္န​တို့​သည် ထွက်ပြေး​ကြ​၏​။ ဂိဒေါင်​သည်​လည်း မိဒျန်​ဘုရင်​နှစ်​ပါး​ဖြစ်​သော ဇေဘဟ​မင်းကြီး​နှင့်​ဇာလမုန္န​မင်းကြီး​တို့​နောက်သို့​လိုက်​၍ သူ​တို့​ကို​ဖမ်းဆီး​သဖြင့် စစ်သည်​အပေါင်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​လေ​၏​။