မီးသည် ကိုယ်တော်၏ရှေ့မှသွား၍ ကိုယ်တော်၏ရန်သူတို့ကို လှည့်ပတ်လောင်ကျွမ်း၏။
ဟဗက္ကုတ် 3:5 - မြန်မာ့စံမီသမ္မာကျမ်း ကပ်ရောဂါသည် ကိုယ်တော့်ရှေ့မှသွား၍ ပူလောင်ခြင်းသည် ခြေတော်ရာနောက်မှထက်ကြပ်မကွာလိုက်၏။ Garrad Bible ကပ် ရော ဂါ သည် ရှေ့ တော် မှ၎င်း၊ ဒ ဟ တေ ဇော နော သည် စက် တော် မှ၎င်း၊ ထွက် ရာ။ ရပ် တန့် တော် မူ သော်။ Judson Bible ရှေ့တော်၌ ကာလနာဘေးသည်သွား၍၊ ပူလောင်ခြင်းဘေးသည် ခြေတော်ကို ခြံရံလျက်ရှိ၏။ |
မီးသည် ကိုယ်တော်၏ရှေ့မှသွား၍ ကိုယ်တော်၏ရန်သူတို့ကို လှည့်ပတ်လောင်ကျွမ်း၏။
ငါသည် ပဋိညာဉ်အလျောက် လက်တုံ့ပြန်သောဓားကို သင်တို့အပေါ် ကျရောက်စေမည်။ သင်တို့သည် သင်တို့၏မြို့များထဲ၌ စုဝေးကြသောအခါ သင်တို့အလယ်သို့ ကပ်ရောဂါဘေးကို ငါစေလွှတ်မည်။ သင်တို့သည် ရန်သူ၏လက်သို့ အပ်နှံခြင်းခံရလိမ့်မည်။
လူတို့သည် မိမိတို့ခံရသောဆင်းရဲဒုက္ခအကြောင်းကို ထာဝရဘုရားကြားသိအောင် ညည်းညူကြ၏။ ထာဝရဘုရားကြားတော်မူသောအခါ အမျက်ထွက်၍ သူတို့အလယ်တွင် ထာဝရဘုရား၏မီးတောက်လောင်လေ၏။ ထိုမီးသည် တပ်စခန်း၏အစွန်အဖျားကို လောင်ကျွမ်းသဖြင့်
ငါသည် သူတို့ကို ကပ်ရောဂါဘေးဖြင့် ဒဏ်ခတ်၍ ဖျက်ဆီးမည်။ သင့်ကိုကား သူတို့ထက် ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးဖြစ်စေမည်”ဟု မိန့်တော်မူ၏။
သူတို့သည် ငတ်မွတ်ခေါင်းပါး၍ပိန်ချုံးသွားမည်။ ပူလောင်ခြင်း၊ ဆိုးရွားသောဘေးဥပဒ်တို့၏ဝါးမျိုခြင်းခံရမည်။ သားရဲအစွယ်၊ မြေပေါ်တွားသွားသောသတ္တဝါအဆိပ်ကို သူတို့ထံ ငါစေလွှတ်မည်။