ထို့ကြောင့် ကြည့်ရှုလော့။ ငါသည် ဤလူမျိုးကိုအံ့ဩစေမည့် အံ့ဖွယ်အမှုတစ်ခုပြီးတစ်ခု ပြုမည်။ သူတို့ထဲမှ ပညာရှိတို့၏ဉာဏ်ပညာသည် ပျက်စီးသွားမည်။ အသိဉာဏ်ရှိသူတို့၏အသိဉာဏ်သည်လည်း ကွယ်ပျောက်သွားမည်”ဟု မိန့်တော်မူ၏။
ဟဗက္ကုတ် 1:5 - မြန်မာ့စံမီသမ္မာကျမ်း “လူမျိုးတကာတို့ကို ကြည့်ရှု၍ ဆင်ခြင်ကြလော့။ အံ့အားသင့်လျက်နေလော့။ အကြောင်းမူကား သင်တို့ကြား၍ မယုံနိုင်သောအမှုကို သင်တို့လက်ထက်တွင် ငါဖြစ်ပျက်စေမည်။ Common Language Bible ထိုအခါထာဝရဘုရားကမိမိလူမျိုးတော်အား``သင်တို့သည်မိမိတို့ပတ်ဝန်းကျင်ရှိလူမျိုးတကာကို ဆက်လက်စောင့်ဆိုင်းကြည့်ရှုနေကြလော့။ ထိုအခါသင်တို့တွေ့မြင်ရသည့်အမှုအတွက်အံ့သြသွားလိမ့်မည်။ ငါသည်သင်တို့ကြား၍ပင်မယုံနိုင်မည့်အမှုတစ်ခုကိုပြုမည်။- Garrad Bible လူ မျိုး ခြား တို့ တွင် အ ဖြစ် အ ပျက် ကို၊ ရှု ကြည့် မှတ် သား ၍ အံ့ အား သင့် လျက် နေ ကြ လော့။ ကြား ၍ မ ယုံ နိုင် သော အ မှု ကို၊ သင် တို့ လက် ထက် ၌ ပင်၊ ငါ စီ ရင် မည်။ Judson Bible သစ္စာပျက်သောသူတို့၊ ကြည့်ရှုဆင်ခြင်၍ အလွန်မှိုင်တွေကြလော့။ အကြောင်းမူကား၊ သင်တို့အား သူတစ်ပါးပြညွှန်သော်လည်း သင်တို့ မယုံသောအမှုကို သင်တို့လက်ထက်ကာလ၌ ငါပြု၏။ |
ထို့ကြောင့် ကြည့်ရှုလော့။ ငါသည် ဤလူမျိုးကိုအံ့ဩစေမည့် အံ့ဖွယ်အမှုတစ်ခုပြီးတစ်ခု ပြုမည်။ သူတို့ထဲမှ ပညာရှိတို့၏ဉာဏ်ပညာသည် ပျက်စီးသွားမည်။ အသိဉာဏ်ရှိသူတို့၏အသိဉာဏ်သည်လည်း ကွယ်ပျောက်သွားမည်”ဟု မိန့်တော်မူ၏။
မိန်းမောတွေဝေကြလော့။ အံ့အားသင့်ကြလော့။ ကိုယ့်မျက်စိကို ကိုယ်ကန်းစေ၍ မျက်မမြင်ဖြစ်ကြလော့။ သူတို့သည် စပျစ်ဝိုင်မသောက်ဘဲ ယစ်မူးကြ၏။ သေရည်သေရက်မသောက်ဘဲ ယိမ်းထိုးကြ၏။
လူတို့က “လာကြ၊ ယေရမိကို လုပ်ကြံကြစို့။ အကြောင်းမူကား ယဇ်ပုရောဟိတ်ထံမှလာသော တရားတော်၊ ပညာရှိထံမှလာသော အကြံဉာဏ်၊ ပရောဖက်ထံမှလာသော နှုတ်ကပတ်တော်သည် ငါတို့၌ ပျောက်ပျက်မည်မဟုတ်။ လာကြ၊ သူ့ကို အပြစ်ရှာကြစို့။ သူ့စကားကို နားမထောင်ဘဲနေကြစို့”ဟု ဆိုကြ၏။
ရန်ပြုလာသောရန်သူတို့ ဂျေရုဆလင်မြို့တံခါးထဲ ဝင်ရောက်လာနိုင်သည်ကို မည်သည့်မြေကြီးဘုရင်မျှ၊ မည်သည့်လောကလူသားမျှ မယုံနိုင်ကြပေ။
အကျွန်ုပ်တို့အပေါ် ဘေးဆိုးကြီး ကျရောက်စေခြင်းဖြင့် အကျွန်ုပ်တို့နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးသောအုပ်စိုးရှင်တို့အား ကိုယ်တော်မိန့်တော်မူခဲ့သည့်စကားတော်ကို ပြည့်စုံစေတော်မူပြီ။ အကြောင်းမူကား ကောင်းကင်တစ်ခွင်အောက်၌ တစ်ခါမျှမဖြစ်ဖူးသောအရာသည် ဂျေရုဆလင်မြို့တွင် ဖြစ်လေပြီ။
အို ထာဝရဘုရား၊ ကိုယ်တော့်အကြောင်းကိုကြားရ၍ အကျွန်ုပ်ကြောက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုများကို အကျွန်ုပ်တို့ခေတ်ကာလတွင် ထပ်မံပြုတော်မူပါ။ အကျွန်ုပ်တို့ခေတ်ကာလတွင် ထင်ရှားစေတော်မူပါ။ အမျက်ထွက်သော်လည်း ကရုဏာတော်ကို ပြန်လည်အောက်မေ့တော်မူပါ။
“ငါသည် မြေပြင်ပေါ် ရှိသမျှတို့ကို အကုန်အစင်ဖျက်ဆီးပစ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားသည် သင်တို့ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ ထိုသို့ သင်တို့ကို ထာဝရဘုရားနှင်ထုတ်တော်မူသောအရပ်၊ လူမျိုးခြားတို့ကြား၌ သင်တို့သည် လူဦးရေအနည်းငယ်သာကျန်လိမ့်မည်။