သူသည် သင့်ကို အကြိမ်ပေါင်းများစွာအသနားခံလိမ့်မည်လော။ သင့်ကို ညင်သာစွာပြောဆိုလိမ့်မည်လော။
ဟ္ဂဲ 2:8 - မြန်မာ့စံမီသမ္မာကျမ်း ‘ငွေကို ငါပိုင်၏၊ ရွှေကိုလည်း ငါပိုင်၏’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။ Common Language Bible ကမ္ဘာပေါ်တွင်ရှိသမျှသောရွှေငွေတို့ကို ငါပိုင်၏ဟု အနန္တတန်ခိုးရှင်ထာဝရ ဘုရားမိန့်တော်မူ၏။- Garrad Bible ငွေ သည် ငါ ပိုင်၊ ရွှေ လည်း ငါ ပိုင် ဖြစ် သည် ဟူ ၍ လည်း ကောင်း၊ Judson Bible ရွှေနှင့် ငွေကို ငါပိုင်သည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။ |
သူသည် သင့်ကို အကြိမ်ပေါင်းများစွာအသနားခံလိမ့်မည်လော။ သင့်ကို ညင်သာစွာပြောဆိုလိမ့်မည်လော။
ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးပေါ်၌ ရှိသမျှသောအရာတို့ကိုလည်းကောင်း၊ ကမ္ဘာလောကနှင့် ကမ္ဘာလောက၌ နေထိုင်သောသူတို့ကိုလည်းကောင်း ပိုင်တော်မူ၏။
ထင်းရှူးပင်၊ တဒေရပင်၊ ကျောက်ပန်းပင် စသည့် လက်ဘနွန်တောင်၏ဘုန်းအသရေတို့သည် သင့်ထံသို့အတူတကွရောက်လာပြီး ငါ၏သန့်ရှင်းရာဌာနကိုတင့်တယ်စေမည်။ ငါသည် ငါ၏ခြေတင်ရာအရပ်ကို ဘုန်းကျက်သရေရှိစေမည်။
ငါသည် ကြေးနီအစား ရွှေ၊ သံအစား ငွေ၊ သစ်သားအစား ကြေးနီ၊ ကျောက်အစား သံကို ယူခဲ့မည်။ ငါသည် ငြိမ်သက်ခြင်းကို သင်၏ကြီးကြပ်ကွပ်ကဲသူဖြစ်စေမည်။ ဖြောင့်မတ်ခြင်းကို သင်၏အုပ်ချုပ်သူဖြစ်စေမည်။