ပေဒါယ၏သားများမှာ ဇေရုဗဗေလနှင့် ရှိမိ တို့ဖြစ်ကြ၏။ ဇေရုဗဗေလ၏သားများမှာ မေရှုလံ၊ ဟာနနိယနှင့် သူတို့၏နှမရှေလောမိတ် တို့ဖြစ်ကြ၏။
ဟ္ဂဲ 2:21 - မြန်မာ့စံမီသမ္မာကျမ်း “ယုဒဘုရင်ခံဇေရုဗဗေလအား ‘ငါသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါဦးမည်။ Common Language Bible ယုဒဘုရင်ခံဇေရုဗဗေလအတွက် ကိုယ် တော်က``ငါသည်မိုးကောင်းကင်နှင့်ကမ္ဘာမြေ ကြီးကိုတုန်လှုပ်စေ၍၊- Garrad Bible ယု ဒ ဘု ရင် ခံ ဇေ ရု ဗ ဗေ လ အား သင် က ငါ သည် မိုး ကောင်း ကင် နှင့် မြေ ပ ထ ဝီ ကို လှုပ် ရှား ခြင်း၊ Judson Bible သင်သည် ယုဒမြို့ဝန်၊ ဇေရုဗဗေလကို ဆင့်ဆိုရမည်မှာ၊ ငါသည် ကောင်းကင်နှင့် မြေကြီးကိုလှုပ်မည်။ |
ပေဒါယ၏သားများမှာ ဇေရုဗဗေလနှင့် ရှိမိ တို့ဖြစ်ကြ၏။ ဇေရုဗဗေလ၏သားများမှာ မေရှုလံ၊ ဟာနနိယနှင့် သူတို့၏နှမရှေလောမိတ် တို့ဖြစ်ကြ၏။
ဇေရုဗဗေလ၊ ယေရွှာ၊ နေဟမိ၊ စရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့်အတူလိုက်ပါလာသော အစ္စရေးအမျိုးသားတို့၏အရေအတွက်ကား
ထိုအခါ ရှာလသေလ၏သား ဇေရုဗဗေလနှင့် ယောဇဒက်၏သားယေရွှာတို့သည် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်တည်ဆောက်ခြင်းအမှုကို ပြန်လည်အစပြုကြလေ၏။ ဘုရားသခင်၏ပရောဖက်တို့သည်လည်း သူတို့နှင့်အတူပါရှိပြီး ကူညီကြ၏။
လူမျိုးတကာတို့သည် မငြိမ်မသက်ဖြစ်ကြ၏။ တိုင်းနိုင်ငံတို့သည် တုန်လှုပ်ကြ၏။ ကိုယ်တော်သည် မိမိအသံကိုလွှင့်တော်မူသောအခါ ကမ္ဘာမြေကြီးသည် အရည်ပျော်လေ၏။
ဖျက်ဆီးမည်၊ ဖျက်ဆီးမည်၊ ငါဖျက်ဆီးပစ်မည်။ စီရင်ပိုင်သူရောက်လာ၍ သူ့လက်သို့မအပ်မချင်း ဤအတိုင်းမရှိစေရ’ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက တိုင်ရာမြို့အား ‘သင်ပြိုလဲလေပြီ။ မြို့ထဲတွင် အကြီးအကျယ်သတ်ဖြတ်ခံရ၍ ဒဏ်ရာရသူများညည်းတွားသောအသံကြောင့် ကမ်းရိုးတန်းတစ်ခုလုံး တုန်ခါသွားပြီမဟုတ်လော။
ထာဝရဘုရား၏အသံတော်သည် ဇိအုန်တောင်ပေါ်မှဟိန်းထွက်လာ၍ အသံတော်ကို ဂျေရုဆလင်မြို့မှ လွှင့်တော်မူသောအခါ ကောင်းကင်နှင့်မြေကြီး တုန်ခါလိမ့်မည်။ သို့သော် ထာဝရဘုရားသည် လူမျိုးတော်အဖို့ခိုလှုံရာ၊ အစ္စရေးအမျိုးသားတို့အဖို့ ရဲတိုက်ဖြစ်တော်မူ၏။
ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ ဆဋ္ဌမလ၊ တစ်ရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလနှင့် ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုတို့ထံသို့ ရောက်လာသည်မှာ ဤသို့တည်း။
ဤသို့ဖြင့် ထာဝရဘုရားသည် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလ၏စိတ်ကိုလည်းကောင်း၊ ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၏စိတ်ကိုလည်းကောင်း၊ ကြွင်းကျန်သောသူအပေါင်း၏စိတ်ကိုလည်းကောင်း လှုံ့ဆော်သဖြင့် သူတို့သည် လာ၍ မိမိတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ကြ၏။