နောင်လာမည့်ကာလအတွက် ထာဝရသက်သေဖြစ်စေရန် ယခု သွား၍ သူတို့ရှေ့၌ ထိုစာကို ကျောက်ပြားပေါ်တွင် အက္ခရာတင်ထားလော့။ စာလိပ်တွင် ရေးမှတ်ထားလော့။
ဟေရှာယ 8:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက ငါ့အား “သင်သည် ကျောက်ပြားကြီးတစ်ချပ်ကိုယူ၍ ကညစ်တံဖြင့် ‘မဟေရရှာလလဟာရှဗတ်’ဟူ၍ ရေးသားလော့။ Common Language Bible ထာဝရဘုရားသည်ငါ့အား``စာရေးသင်ပုန်း ကြီးတစ်ခုကိုယူ၍`မြန်မြန်တိုက်၊ မြန်မြန်လု' ဟူသည့်စကားရပ်ကိုစာလုံးကြီးကြီးနှင့် ရေးမှတ်လော့။- Garrad Bible တစ် ဖန် ထာ ဝ ရ ဘု ရား က၊ ကြီး ကျယ် သော သင် ပုန်း ကို ကိုင် ပြီး လျှင်၊ မ ဟာ ရ ရှာ လ လ ဟာ ရှ ဗတ် အ ဖို့ ဟု၊ အ ဖတ် လွယ် သော အ က္ခ ရာ ဖြင့် ရေး သား လော့။ သ စ္စာ စောင့် သူ ပ ရော ဟိတ် ဥ ရိ ယ နှင့် ယေ ဗ ရ ခိ၏ သား ဇာ ခ ရိ တို့ ကို၊ သက် သေ အ ဖြစ် ဖြင့် ငါ ခန့် ထား မည် ဟု ငါ့ အား မိန့် တော် မူ ပြီး နောက်၊ Judson Bible တစ်ဖန် ထာဝရဘုရားက၊ သင်သည် ကြီးသော ကျောက်သင်ပုန်းကိုယူပြီးလျှင်၊ အသော့လုယက် မြန်မြန်ဖျက်လော့ဟု ဆိုလိုသော၊ မဟေရရှာလလဟာရှဗတ်ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထားလော့ဟု ငါ့အား မိန့်တော်မူ၏။ |
နောင်လာမည့်ကာလအတွက် ထာဝရသက်သေဖြစ်စေရန် ယခု သွား၍ သူတို့ရှေ့၌ ထိုစာကို ကျောက်ပြားပေါ်တွင် အက္ခရာတင်ထားလော့။ စာလိပ်တွင် ရေးမှတ်ထားလော့။
အကျွန်ုပ်၏တပည့်တို့တွင် သက်သေခံတော်မူချက်ကိုချည်ထား၍ ပညတ်တရားကို တံဆိပ်ခတ်တော်မူပါ။
ထို့နောက် ငါသည် ပရောဖက်ကတော်ကိုချဉ်းကပ်သဖြင့် သူသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကိုမွေးဖွားလေ၏။ ထာဝရဘုရားက ငါ့အား “ထိုသား၏အမည်ကို ‘မဟေရရှာလလဟာရှဗတ်’ဟု မှည့်ခေါ်လော့။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက “သင့်အား ငါမိန့်ဆိုသောစကားတို့ကို စာလိပ်တွင် ရေးမှတ်ထားလော့။
“သင်သည် စာလိပ်တစ်လိပ်ကို ယူပြီးလျှင် ယောရှိမင်းကြီးလက်ထက်မှစ၍ ယနေ့တိုင်အောင် အစ္စရေးလူမျိုး၊ ယုဒလူမျိုးအပါအဝင်လူမျိုးအပေါင်းတို့နှင့်ပတ်သက်၍ သင့်အား ငါမိန့်မှာခဲ့သောစကားအလုံးစုံတို့ကို ရေးမှတ်လော့။
“စာလိပ်နောက်တစ်လိပ်ကိုယူပြီး ယုဒဘုရင်ယောယကိမ် မီးရှို့လိုက်သော ပထမစာလိပ်၌ပါသည့်စကားအတိုင်း နောက်စာလိပ်ပေါ်၌ ရေးမှတ်လော့။
ထို့နောက် ယေရမိသည် စာလိပ်နောက်တစ်လိပ်ကိုယူ၍ နေရိ၏သား စာရေးတော်ကြီးဗာရုတ်အား ပေးလေ၏။ ယုဒဘုရင်ယောယကိမ်မင်းကြီး မီးရှို့ပစ်သောစာလိပ်၌ပါသည့်စကားအတိုင်း ယေရမိသည် နှုတ်မှခေါ်ပေး၍ ဗာရုတ်ရေးမှတ်လေ၏။ ထိုသို့သော နှုတ်ထွက်စကားများစွာကိုလည်း ထပ်၍ဖြည့်စွက်ခေါ်ပေးသေး၏။
ဤနေရာတွင် ဉာဏ်ပညာရှိရန်လိုအပ်၏။ ထိုးထွင်းဉာဏ်ရှိသောသူသည် သားရဲ၏ကိန်းဂဏန်းကိုတွက်ချက်ပါစေ။ အကြောင်းမူကား ၎င်းသည် လူတစ်ဦး၏ကိန်းဂဏန်းဖြစ်ပြီး ထိုကိန်းဂဏန်းမှာ ခြောက်ရာခြောက်ဆယ့်ခြောက်ဖြစ်၏။
မြို့ရိုးထုကိုလည်းတိုင်းလေရာ ကောင်းကင်တမန်၏အတိုင်းအတာလည်းဖြစ်သော လူ၏အတိုင်းအတာအားဖြင့် အတောင် တစ်ရာလေးဆယ့်လေးတောင်ရှိ၏။