ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်၏စစ်သူကြီးတို့ကို ချီလာစေ၍ သူတို့ကိုတိုက်ခိုက်စေ၏။ သူတို့သည် မနာရှေမင်းကြီးကို သံချိတ်များဖြင့်ဖမ်းဆီး၍ ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားကြ၏။
ဟေရှာယ 7:19 - မြန်မာ့စံမီသမ္မာကျမ်း ထိုအကောင်အားလုံးသည် လူသူကင်းမဲ့သောချိုင့်ဝှမ်း၊ ကျောက်ကြား၊ ဆူးချုံ၊ စားကျက် ရှိသမျှတို့၌ စွဲနေကြလိမ့်မည်။ Common Language Bible သူတို့သည်လည်းကျောက်ထူထပ်သည့်ချိုင့် ဝှမ်းများ၊ ကျောက်ဂူများ၊ ဆူးခြုံရှိသမျှ နှင့်စားကျက်ရှိသမျှတို့ကိုကြိတ်ကြိတ် တိုးလာရောက်ကြလိမ့်မည်။ Garrad Bible လာ ရောက် ပြီး လျှင်၊ ချောက်၊ ကျောက် ကြား၊ ဆူး ချုံ၊ စား ကျက် ရှိ သ မျှ အ ပေါ် တွင် နား နေ ကြ လ တ္တံ့။ Judson Bible သူတို့သည်လာ၍ လူဆိတ်ညံသောချိုင့်များ၊ ချောက်ကြား၊ တောအုံ၊ ကျက်စားရာများအပေါ်မှာ အကုန်အစင် နားကြလိမ့်မည်။ |
ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်၏စစ်သူကြီးတို့ကို ချီလာစေ၍ သူတို့ကိုတိုက်ခိုက်စေ၏။ သူတို့သည် မနာရှေမင်းကြီးကို သံချိတ်များဖြင့်ဖမ်းဆီး၍ ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားကြ၏။
ထာဝရဘုရားသည် ကမ္ဘာမြေကြီးကိုခြောက်လှန့်ရန် ထတော်မူသောအခါ ကိုယ်တော်၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် လူတို့သည် ကျောက်လိုဏ်ဂူများ၊ မြေတွင်းများထဲသို့ ပြေးဝင်ကြလိမ့်မည်။
ထာဝရဘုရားသည် ကမ္ဘာမြေကြီးကိုခြောက်လှန့်ရန် ထတော်မူသောအခါ ကိုယ်တော်၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် လူတို့သည် ကျောက်ဆောင်အက်ကွဲကြောင်းများ၊ ကျောက်ဂူများထဲသို့ ပြေးဝင်ကြလိမ့်မည်။
ရှင်းလင်းပြုစုခြင်း၊ တူးဆွပေါင်းသင်ခြင်းမခံရဘဲ ချုံပင်၊ ဆူးပင်များပေါက်ရောက်ရာ ဖုန်းဆိုးမြေဖြစ်မည်။ ထိုခြံအပေါ် မိုးမရွာသွန်းစေရန် တိမ်တိုက်တို့ကို ငါမိန့်မှာမည်။
ဆူးချုံအစား ထင်းရှူးပင်ပေါက်၍ နှင်းဆီရိုင်းပင်အစား မုရတုပင် ပေါက်လိမ့်မည်။ ဤအမှုသည် ထာဝရဘုရားအတွက်အထိမ်းအမှတ်၊ ဖျက်ဆီး၍မရသော ထာဝရအမှတ်လက္ခဏာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
မြေတစ်ပြင်လုံး ချုံတော၊ ဆူးတော ဖြစ်သွားသောကြောင့် လူတို့သည် ထိုနေရာသို့သွားလျှင် လေး၊ မြား ဆောင်လျက် သွားရလိမ့်မည်။
ပေါက်တူးဖြင့်တူးဆွခဲ့သော တောင်ယာရှိသမျှတို့သည် ဆူးတော၊ ချုံတောများသာ ဖြစ်သွားသောကြောင့် ထိုနေရာသို့ သင်သွားဝံ့မည်မဟုတ်။ ထိုနေရာသည် နွားလွှတ်ရာ၊ သိုးများသွားလာရာနေရာ ဖြစ်သွားလိမ့်မည်”ဟု ဆိုလေ၏။
ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် တံငါသည်အမြောက်အမြားစေလွှတ်၍ သူတို့ကိုမျှားစေမည်။ မုဆိုးအမြောက်အမြားတို့ကိုလည်း စေလွှတ်၍ တောင်ကြီးတောင်ငယ်၊ ကျောက်ကြိုကျောက်ကြားမှ သူတို့ကို လိုက်လံဖမ်းဆီးစေမည်။
သူတို့သည် မြွေကဲ့သို့ မြေမှုန့်ကိုလျက်ရလိမ့်မည်။ မြေကြီးပေါ်၌ တွားသွားသောသတ္တဝါကဲ့သို့ မိမိရဲတိုက်ထဲမှ တုန်တုန်ရီရီနှင့် ထွက်လာရလိမ့်မည်။ ငါတို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်လျက်နေရလိမ့်မည်။ သင့်ကိုလည်း ကြောက်ရွံ့ကြလိမ့်မည်။
ငါသည် သူတို့ကို လေချွန်ပြီး ခေါ်ယူစုသိမ်းမည်။ သူတို့ကို အမှန်ပင် ရွေးနုတ်ကယ်တင်မည်။ ယခင်က တိုးပွားခဲ့သည့်အတိုင်း ဆက်လက်တိုးပွားစေမည်။
သူတို့၏အသီးများအားဖြင့် သူတို့ကို သင်တို့သိကြလိမ့်မည်။ ဆူးပင်မှ စပျစ်သီးကိုလည်းကောင်း၊ ဆူးလေပင်မှ သဖန်းသီးကိုလည်းကောင်း ဆွတ်ခူးရလေ့ရှိသလော။