အဆီးရီးယားဘုရင်သည် အာခတ်မင်းကြီး၏စကားကို နားထောင်၍ ဒမတ်စကပ်မြို့ကို ချီတက်သိမ်းပိုက်ပြီး မြို့သားတို့ကို ကိရမြို့သို့ဖမ်းခေါ်သွား၏။ ရေဇိန်မင်းကြီးကိုလည်း ကွပ်မျက်လိုက်၏။
ဟေရှာယ 7:16 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ထိုသူငယ်သည် အဆိုးကိုပယ်၍ အကောင်းကိုမရွေးချယ်တတ်မီ သင်တို့ကြောက်ရွံ့သောရှင်ဘုရင်နှစ်ပါး၏ပြည်သည် စွန့်ပစ်ခြင်းခံရလိမ့်မည်။ Common Language Bible ထိုအချိန်ကာလမကျမီ၌ပင်လျှင် သင် ကြောက်လန့်သည့်ဘုရင်နှစ်ပါး၏တိုင်း ပြည်များသည်လူသူဆိတ်ငြိမ်ရာဖြစ် လျက်နေလိမ့်မည်။ Garrad Bible စား ရ ခြင်း ကား မ ကောင်း ကို ပယ်၍၊ အ ကောင်း ကို မ ရွေး ချယ် တတ် မီ သင် ရွံ ရှာ သူ ဘု ရင် နှစ် ပါး၏ ပြည် သည် ဆိတ် ညံ ရာ ဖြစ် သည့် ပြင်၊ Judson Bible ထိုသူငယ်သည် မကောင်းသောအရာကို မပယ်၊ ကောင်းသောအရာကို မရွေးမယူတတ်မီ၊ သင်ကြောက်သော ရှင်ဘုရင်နှစ်ဦး အစိုးရသောပြည်သည် စွန့်ပစ်သောအရပ် ဖြစ်လိမ့်မည်။ |
အဆီးရီးယားဘုရင်သည် အာခတ်မင်းကြီး၏စကားကို နားထောင်၍ ဒမတ်စကပ်မြို့ကို ချီတက်သိမ်းပိုက်ပြီး မြို့သားတို့ကို ကိရမြို့သို့ဖမ်းခေါ်သွား၏။ ရေဇိန်မင်းကြီးကိုလည်း ကွပ်မျက်လိုက်၏။
ကိုယ်တော်သည် သန့်ရှင်းရာဌာနကဲ့သို့ဖြစ်တော်မူမည်။ သို့သော် အစ္စရေးအမျိုးအနွယ်နှစ်မျိုးစလုံးအတွက် ခလုတ်တိုက်စရာကျောက်၊ ထိမိ၍လဲစရာကျောက်ကဲ့သို့ဖြစ်တော်မူမည်။ ဂျေရုဆလင်မြို့သားတို့အတွက် ကျော့ကွင်း၊ ထောင်ချောက်ကဲ့သို့ဖြစ်တော်မူမည်။
အကြောင်းမူကား ထိုသူငယ်သည် အဖေ၊ အမေဟု မခေါ်တတ်မီ ဒမတ်စကပ်မြို့၏ဥစ္စာပစ္စည်း၊ ရှမာရိမြို့၏လုယက်ပစ္စည်းတို့ကို အဆီးရီးယားဘုရင် သိမ်းယူသွားလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ထာဝရဘုရားသည် ရေဇိန်မင်းကြီး၏ရန်ဖက်တို့ကိုချီးမြှောက်တော်မူမည်။ သူ၏ရန်သူတို့ကို လှုံ့ဆော်တော်မူမည်။
ငါသည် သင်တို့ညီအစ်ကိုဖြစ်သော ဧဖရိမ်၏သားစဉ်မြေးဆက်ရှိသမျှကို နှင်ထုတ်သကဲ့သို့ သင်တို့ကို ငါ့ရှေ့မှောက်မှနှင်ထုတ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဧဖရိမ်ကို ငါသိ၏။ အစ္စရေးသည်လည်း ငါ့ကိုပုန်းရှောင်၍ မရ။ အို ဧဖရိမ်၊ သင်သည် ဖောက်ပြန်မှားယွင်းလေပြီ။ အစ္စရေးသည် ညစ်ညူးလေပြီ။
ပြစ်ဒဏ်ခံရသောနေ့တွင် ဧဖရိမ်သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ အစ္စရေးအမျိုးအနွယ်ထဲတွင် အမှန်ဖြစ်လာမည့်အရာကို ငါဖော်ပြ၏။
ငါသည် တိရစ္ဆာန်အများအပြားကို မဆိုထားနှင့်၊ မိမိလက်ဝဲလက်ယာကိုပင် ခွဲခြားမသိနိုင်သောလူတစ်သိန်းနှစ်သောင်းကျော်ရှိသောနိနေဝေမြို့ကြီးကို နှမြောသင့်သည်မဟုတ်လော”ဟု မိန့်တော်မူ၏။
လုယူဖျက်ဆီးခြင်းခံရကြလိမ့်မည်ဟု သင်တို့ဆိုခဲ့သော သင်တို့၏ကလေးများ၊ ယခုအချိန်တွင် အကောင်းအဆိုးကိုမသိသေးသော သင်တို့၏သားသမီးများသည် ထိုပြည်သို့ ဝင်ရလိမ့်မည်။ ငါသည် ထိုပြည်ကို သူတို့အားပေး၍ သူတို့သည် ထိုပြည်ကို ပိုင်ဆိုင်ရလိမ့်မည်။