ထို့နောက် ရှင်ဘုရင်သည် ရပ်လျက်နေကြသောအစ္စရေးလူထုအပေါင်းတို့ဘက်သို့လှည့်၍ အစ္စရေးလူထုတစ်ရပ်လုံးကို ကောင်းချီးပေးပြီးလျှင်
ဟေရှာယ 64:11 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့၏ဘိုးဘေးများ ကိုယ်တော်ကိုချီးမွမ်းရာအရပ်ဖြစ်သည့် သန့်ရှင်း၍ ဂုဏ်ကျက်သရေရှိသော အကျွန်ုပ်တို့၏အိမ်တော်သည် မီးလောင်သွားလေပြီ။ ကျွန်ုပ်တို့နှစ်သက်မြတ်နိုးသောအရာရှိသမျှတို့သည် ပျက်စီးသွားလေပြီ။ Common Language Bible ကျွန်တော်မျိုးတို့၏ဗိမာန်တော်၊ ကိုယ်တော် ရှင်အားကျွန်တော်မျိုးတို့ဘိုးဘေးများ ထောမနာပြုရာ မြင့်မြတ်တင့်တယ်သန့်ရှင်း သည့်ဌာနတော်သည်မီးသင့်လောင်၍သွား ပါပြီ။ ကျွန်တော်မျိုးတို့ချစ်မြတ်နိုးသည့် အဆောက်အဦမှန်သမျှသည်လည်း ယိုယွင်းပျက်စီးလျက်ရှိပါ၏။- Garrad Bible ဘိုး ဘေး တို့ ထော မ နာ ပြု ရာ သန့် ရှင်း တင့် တယ် သော၊ အ ကျွန်ုပ် တို့ ဗိ မာန် သည်၊ မီး ကျွမ်း လောင် သည့် ပြင်၊ နှစ် သက် ဖွယ် အ ရပ် ရှိ သ မျှ လည်း၊ မြို့ ဆိုး ကုန်း ဖြစ် ရှာ လေ စွ။ Judson Bible ကိုယ်တော်ကို ဘိုးဘေးတို့ချီးမွမ်းရာအရပ်၊ အကျွန်ုပ်တို့၏ သန့်ရှင်းတင့်တယ်သော ဗိမာန်တော်ကို မီးလောင်ပါပြီ။ အကျွန်ုပ်တို့ နှစ်သက်ဖွယ်သော အရာရှိသမျှတို့သည် သုတ်သင်ပယ်ရှားလျက် ရှိကြပါ၏။ |
ထို့နောက် ရှင်ဘုရင်သည် ရပ်လျက်နေကြသောအစ္စရေးလူထုအပေါင်းတို့ဘက်သို့လှည့်၍ အစ္စရေးလူထုတစ်ရပ်လုံးကို ကောင်းချီးပေးပြီးလျှင်
“ကတိတော်အလုံးစုံနှင့်အညီ မိမိလူမျိုးတော်အစ္စရေးတို့အား အေးချမ်းသာယာမှုကို ပေးသနားတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ ကိုယ်တော်၏အစေအပါးမောရှေအား မိန့်မှာထားခဲ့သည့် ကောင်းမြတ်သောကတိတော်များ တစ်စုံတစ်ခုမျှမပျက်ယွင်းပါ။
သူသည် ထာဝရဘုရား၏အိမ်တော်မှစ၍ ဘုရင့်နန်းတော်နှင့် ဂျေရုဆလင်မြို့ရှိ အိမ်အားလုံးကို မီးရှို့၏။ မှူးကြီးမတ်ရာတို့၏အိမ်အားလုံးကိုလည်း မီးရှို့လေ၏။
သူတို့သည် ဘုရားသခင်၏အိမ်တော်ကို မီးရှို့ပြီး ဂျေရုဆလင်မြို့ရိုးကို ဖြိုချပစ်၏။ နန်းတော်တစ်ခုလုံးကိုလည်း မီးရှို့ပြီး အဖိုးတန်အသုံးအဆောင်အားလုံးကိုလည်း ဖျက်ဆီးပစ်ကြ၏။
“အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား နှုတ်ကတိထားတော်မူခဲ့သည်ကို လက်တွေ့ ပြည့်စုံစေတော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းထောမနာပြုပါ၏။
ဤသို့ မီးကျလာခြင်း၊ အိမ်တော်ပေါ်သို့ ထာဝရဘုရား၏ဘုန်းအသရေတော် ဆင်းသက်လာခြင်းတို့ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်သောအခါ ဒူးထောက်၍ ကျောက်ခင်းကြမ်းပြင်ပေါ်တွင် ပျပ်ဝပ်လျက် “ကိုယ်တော်ကောင်းမြတ်တော်မူပါ၏၊ မေတ္တာကရုဏာတော် အစဉ်တည်ပါ၏”ဟု ထာဝရဘုရားအား ရှိခိုးကိုးကွယ်လျက် ကျေးဇူးတော်ကိုချီးမွမ်းကြ၏။
ယဇ်ပုရောဟိတ်တို့သည် မိမိတို့တာဝန်ကျရာနေရာတွင် ရပ်နေရ၏။ လေဝိအမျိုးတို့ကလည်း ဒါဝိဒ်မင်းကြီးရေးဖွဲ့ခဲ့သော ထာဝရဘုရားအားချီးမွမ်းခြင်းသီချင်းကို ထာဝရဘုရားထံ ချီးမွမ်းသီဆိုရန် တူရိယာများဖြင့် ရပ်နေကြ၏။ သူတို့က “ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ပါ၏”ဟု သီဆိုသောအခါ မျက်နှာချင်းဆိုင်တွင်ရပ်နေသော ယဇ်ပုရောဟိတ်တို့သည် တံပိုးများကိုမှုတ်ကြ၏။ အစ္စရေးလူမျိုးအပေါင်းတို့မူကား မတ်တတ်ရပ်လျက်နေကြ၏။
ကိုယ်တော်၏သန့်ရှင်းသောလူမျိုးတော်တို့ ခဏသာပိုင်ဆိုင်ရပြီး ရန်သူတို့သည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်ကို နင်းချေကြပြီ။
သူသည် ထာဝရဘုရား၏အိမ်တော်မှစ၍ ဘုရင့်နန်းတော်နှင့် ဂျေရုဆလင်မြို့ရှိ အိမ်အားလုံးကို မီးရှို့၏။ မှူးကြီးမတ်ရာတို့၏အိမ်အားလုံးကိုလည်း မီးရှို့လေ၏။
ဂျေရုဆလင်မြို့သည် အနှိပ်စက်ခံရချိန်၊ ဆင်းရဲဒုက္ခရောက်ချိန်တွင် ယခင်ကစည်းစိမ်ခံစားခဲ့ရသည်ကို ပြန်လည်အောက်မေ့လေ၏။ သူ၏လူများ ရန်သူ့လက်သို့ကျရောက်ချိန်တွင် ကယ်မည့်သူမရှိ။ သူပြိုလဲသွားသည်ကိုကြည့်၍ ရန်သူတို့ ရယ်မောကြ၏။
ဘုရားရှင်သည် ဇိအုန်သမီးပျိုကို အမျက်တော်မိုးတိမ်ဖြင့် ဖုံးအုပ်တော်မူပြီတကား။ မိုးထိမြင့်သောအစ္စရေးလူမျိုး၏ဂုဏ်ကျက်သရေကို မြေသို့တိုင် ရှုတ်ချတော်မူပြီ။ အမျက်တော်ထွက်ရာနေ့၌ မိမိ၏ခြေတင်ခုံကို မေ့ပစ်တော်မူပြီ။
ဘုရားရှင်သည် ယဇ်ပလ္လင်ကိုစွန့်ပယ်တော်မူပြီ။ သန့်ရှင်းရာဌာနကို စက်ဆုပ်တော်မူပြီ။ နန်းတော်တံတိုင်းတို့ကိုလည်း ရန်သူ့လက်သို့ အပ်လိုက်တော်မူပြီ။ ရန်သူတို့သည် ပွဲတော်နေ့ကဲ့သို့ပင် ထာဝရဘုရား၏အိမ်တော်၌ ကြွေးကြော်ကြလေပြီ။
‘အစ္စရေးအမျိုးအနွယ်အား ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ သင်တို့ဂုဏ်ယူအားထားရာ၊ သင်တို့နှစ်သက်မြတ်နိုးရာ၊ အလေးအမြတ်ထားရာ ငါ၏သန့်ရှင်းရာဌာနကို ငါညစ်ညူးစေမည်။ သင်တို့စွန့်ထားခဲ့သော သင်တို့၏သားသမီးတို့သည် ဓားဖြင့်သေရမည်။
အချင်းလူသား၊ ယခုမူ သူတို့ဂုဏ်ယူအားထားရာခံတပ်ကြီး၊ သူတို့နှစ်သက်မြတ်နိုးရာ၊ ချစ်ခင်စွဲလမ်းရာနှင့် သူတို့သားသမီးတို့ကို ငါသိမ်းယူသွားမည့်နေ့ ရောက်လာလိမ့်မည်။
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က “အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ နှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး ကိုယ်တော်အမျက်တော်ရှခဲ့သော ယုဒပြည်ရှိမြို့များနှင့် ဂျေရုဆလင်မြို့ကို ကရုဏာတော်မပြဘဲ မည်မျှကြာအောင် နေတော်မူမည်နည်း”ဟု လျှောက်ဆိုလေ၏။
ကိုယ်တော်ကလည်း“ဤအရာအားလုံးကို သင်တို့မြင်ကြသည်မဟုတ်လော။ သင်တို့အား ငါအမှန်ဆိုမည်။ ဤနေရာ၌ ကျောက်တုံးတစ်တုံးသည် ဖြိုချမခံရဘဲ အခြားကျောက်တုံးတစ်တုံးပေါ်၌ ကျန်ရစ်ခဲ့သည်ဟူ၍ လုံးဝရှိလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
‘ထိုပြည်တစ်ပြည်လုံးသည် ကန့်နှင့်ဆား မီးလောင်ထားသကဲ့သို့ဖြစ်၍ မျိုးကြဲ၍မရ၊ အစို့အညှောက်မထွက်နိုင်၊ မြက်ပင်လည်းမပေါက်နိုင်ဘဲ ထာဝရဘုရား၏ပြင်းစွာသောဒေါသအမျက်တော်ဖြင့်ဖြိုလှဲခဲ့သည့် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့၏ပျက်စီးခြင်းကဲ့သို့ ဖြစ်လေပြီ’ဟု ဆိုကြလိမ့်မည်။