“သင့်ကိုမြတ်နိုးသောသူတို့သည် ကောင်းစားကြပါစေသော။ သင်၏တံတိုင်းအတွင်း၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေသော။ သင်၏ခံတပ်များအတွင်း၌ လုံခြုံစိတ်ချမှုရှိပါစေသော”ဟု ဂျေရုဆလင်မြို့၏ငြိမ်းချမ်းသာယာခြင်းအတွက် ဆုတောင်းကြလော့။
ဟေရှာယ 62:7 - မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့ကိုတည်တံ့စေ၍ မြေကြီးပေါ်တွင် ချီးမွမ်းစရာဖြစ်စေတော်မမူမချင်း ကိုယ်တော်ကို ငြိမ်ငြိမ်မနေစေနှင့်။ Common Language Bible ကိုယ်တော်သည်ယေရုရှလင်မြို့ကိုပြန်လည် ထူထောင်ကာ၊ ကမ္ဘာတစ်ဝှမ်းလုံးကချီးမွမ်းထောမနာပြုရာမြို့ အဖြစ်သို့ရောက်စေတော်မမူမီတိုင်အောင်၊ သူတို့သည်ကိုယ်တော်အားအငြိမ်နေစေ ကြလိမ့်မည်မဟုတ်။ Judson Bible ယေရုရှလင်မြို့ကို အမြဲတည်တော်မမူ၊ မြေကြီးပေါ်မှာ ချီးမွမ်းစရာအကြောင်း ဖြစ်စေတော်မမူမီတိုင်အောင်၊ ဘုရားသခင်ကို မငြိမ်စေကြနှင့်။ |
“သင့်ကိုမြတ်နိုးသောသူတို့သည် ကောင်းစားကြပါစေသော။ သင်၏တံတိုင်းအတွင်း၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေသော။ သင်၏ခံတပ်များအတွင်း၌ လုံခြုံစိတ်ချမှုရှိပါစေသော”ဟု ဂျေရုဆလင်မြို့၏ငြိမ်းချမ်းသာယာခြင်းအတွက် ဆုတောင်းကြလော့။
ငါသည် သင့်ကို ငါ၏လက်ဖဝါးပေါ်တွင် ရေးထိုးထားပြီ။ သင်၏မြို့ရိုးတို့သည် ငါ့ရှေ့မှောက်၌ အစဉ်ရှိ၏။
သင်၏ပြည်၌ ရက်စက်ကြမ်းကြုတ်မှုအကြောင်း၊ သင်၏နယ်နိမိတ်အတွင်း၌ ပျက်စီးပြိုပျက်ခြင်းအကြောင်း ကြားရတော့မည်မဟုတ်။ သင်၏မြို့ရိုးတို့ကို “ကယ်တင်ခြင်း”၊ သင်၏မြို့တံခါးတို့ကို “ချီးမွမ်းခြင်း”ဟူ၍ သင်ခေါ်ဆိုလိမ့်မည်။
မြေကြီးသည် အစို့အညှောက်ကိုထွက်စေသကဲ့သို့၊ ဥယျာဉ်သည် ကြဲထားသောမျိုးစေ့ကိုပေါက်စေသကဲ့သို့ ဘုရားရှင်ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ရှေ့၌ ဖြောင့်မတ်ခြင်း၊ ချီးမွမ်းခြင်းကို ပေါက်စေတော်မူမည်။
ဤမြို့သည် ငါ့အဖို့ ဝမ်းမြောက်စရာ၊ ချီးမွမ်းစရာ၊ ဂုဏ်ပြုစရာ ဖြစ်လိမ့်မည်။ ဤမြို့အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာတို့ကို ကမ္ဘာမြေပေါ်ရှိ လူမျိုးအပေါင်းတို့ကြားသိကြလိမ့်မည်။ ဤမြို့ကို ကောင်းကျိုးချမ်းသာအတိ၊ ငြိမ်သက်ခြင်းအတိရှိစေသည်ကို သူတို့ အံ့ဩတုန်လှုပ်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]
သတ္တမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်၌ ကျယ်လောင်သောအသံဖြစ်ပေါ်လျက် “ကမ္ဘာ့နိုင်ငံသည် ငါတို့၏ထာဝရအရှင်နှင့် ကိုယ်တော်၏ခရစ်တော်ပိုင်ဆိုင်တော်မူရာဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်”ဟု ဆို၏။