တစ်ဖန် ဘုရားသခင်က “မြေကြီးသည် မြက်ပင်ကိုလည်းကောင်း၊ အစေ့အနှံထွက်သောအပင်ကိုလည်းကောင်း၊ အမျိုးအလိုက် အတွင်း၌အစေ့ပါသည့်အသီးကိုသီးသော သီးစားပင်ကိုလည်းကောင်း မြေပေါ်၌ ပေါက်စေလော့”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။
ဟေရှာယ 61:11 - မြန်မာ့စံမီသမ္မာကျမ်း မြေကြီးသည် အစို့အညှောက်ကိုထွက်စေသကဲ့သို့၊ ဥယျာဉ်သည် ကြဲထားသောမျိုးစေ့ကိုပေါက်စေသကဲ့သို့ ဘုရားရှင်ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ရှေ့၌ ဖြောင့်မတ်ခြင်း၊ ချီးမွမ်းခြင်းကို ပေါက်စေတော်မူမည်။ Common Language Bible မျိုးစေ့များသည်အညှောက်ထိုး၍အပင် ပေါက်သကဲ့သို့၊ ထာဝရအရှင်ဘုရားသခင်သည် မိမိ၏လူမျိုးတော်အားအမှန်ပင် ကယ်တင်တော်မူလိမ့်မည်။ လူမျိုးတကာတို့သည်လည်းကိုယ်တော်ကို ထောမနာပြုကြလိမ့်မည်။ Garrad Bible မြေ ကြီး သည် အ ညှောက် ပေါ် စေ သ ကဲ့ သို့ လည်း ကောင်း၊ ခြံ လည်း ကြဲ ရာ မျိုး ကို ပေါက် စေ သ ကဲ့ သို့ လည်း ကောင်း၊ အ ရှင် ထာ ဝ ရ ဘု ရား သည် ခပ် သိမ်း သော လူ မျိုး တို့ မျက် မှောက် တွင်၊ အောင် မြင် ခြင်း နှင့် ချီး မွမ်း ခြင်း ကို ပေါက် စေ တော် မူ လိမ့် သ တည်း။ Judson Bible မြေကြီးသည် အပင်ကို ပေါက်စေသကဲ့သို့လည်းကောင်း၊ လယ်ယာသည်မိမိ၌စိုက်သောမျိုးစေ့ကို အညှောက်ထွက်စေသကဲ့သို့လည်းကောင်း၊ ထိုအတူ ထာဝရဘုရားသည် ခပ်သိမ်းသောလူမျိုးရှေ့မှာ၊ ဖြောင့်မတ်ခြင်းနှင့် ချီးမွမ်းခြင်းကို ပေါ်ထွန်းစေတော်မူလိမ့်မည်။ |
တစ်ဖန် ဘုရားသခင်က “မြေကြီးသည် မြက်ပင်ကိုလည်းကောင်း၊ အစေ့အနှံထွက်သောအပင်ကိုလည်းကောင်း၊ အမျိုးအလိုက် အတွင်း၌အစေ့ပါသည့်အသီးကိုသီးသော သီးစားပင်ကိုလည်းကောင်း မြေပေါ်၌ ပေါက်စေလော့”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။
ပြည်တော်၌ များစွာသောဂျုံစပါးရှိ၍ တောင်များပေါ်၌ယိမ်းနွဲ့လျက်ရှိကြပါစေသော။ ၎င်း၏အသီးအနှံတို့သည် လက်ဘနွန်ကဲ့သို့ ဖြစ်ကြပါစေသော။ လူတို့သည် တော၌ရှိသောမြက်ပင်များကဲ့သို့ မြို့ရွာတွင် ရှင်သန်ကြပါစေသော။
တောင်များသည်ငြိမ်းချမ်းခြင်းကိုလည်းကောင်း၊ တောင်ကုန်းများသည် ဖြောင့်မတ်ခြင်းကိုလည်းကောင်း လူမျိုးတော်ထံသို့ ယူဆောင်လာကြပါစေသော။
သမ္မာတရားသည် မြေကြီးထဲမှ ပေါက်လာလိမ့်မည်။ ဖြောင့်မတ်ခြင်းသည်လည်း ကောင်းကင်ပေါ်မှ ငုံ့ကြည့်လိမ့်မည်။
“အို မြောက်လေ၊ နိုးပါ။ အို တောင်လေ၊ လာပါ။ အကျွန်ုပ်ဥယျာဉ်တွင် တိုက်ခတ်ပါ။ သို့မှ အရှင့်ထံမှအမွှေးနံ့သာတို့ ပျံ့သွားမည်။ အကျွန်ုပ်ချစ်သူသည် မိမိဥယျာဉ်ထဲသို့ လာပါစေ။ အကောင်းဆုံးအသီးကို စားပါစေ။”
ထိုနေ့ရက်၌ ထာဝရဘုရား၏အကိုင်းသည် လှပ၍ဘုန်းအသရေရှိမည်။ မြေ၏အသီးအနှံသည်လည်း အသက်ဘေးလွတ်သောအစ္စရေးလူမျိုးတို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်လိမ့်မည်။
အကယ်စင်စစ် “ငါ့ရှေ့မှောက်၌ လူတိုင်းဒူးထောက်ကြရလိမ့်မည်။ လူတိုင်း၏နှုတ်သည် သစ္စာဆိုကြရလိမ့်မည်”ဟု ငါကိုယ်တိုင် ကျိန်ဆိုပြီ။ ဤဖြောင့်မှန်သောစကားသည် ငါ့နှုတ်မှထွက်လာသည်ဖြစ်၍ ပြန်လှည့်လာမည်မဟုတ်။
“ထာဝရဘုရား၌သာ ဖြောင့်မတ်ခြင်းရှိ၏။ အစွမ်းသတ္တိရှိ၏”ဟု ငါ့အား ပြောဆိုကြလိမ့်မည်။ သူတို့သည် ကိုယ်တော့်ထံသို့လာကြလိမ့်မည်။ ကိုယ်တော့်ကိုအမျက်ထွက်သောသူအပေါင်းတို့မူကား အရှက်ကွဲရလိမ့်မည်။
အို မိုးကောင်းကင်၊ အထက်မှ တဖွဲဖွဲရွာချလော့။ မိုးတိမ်တို့သည် ဖြောင့်မတ်ခြင်းကို ရွာသွန်းပါစေ။ မြေကြီးသည် ပွင့်ဟ၍ ကယ်တင်ခြင်း သီးပွင့်ပါစေ။ ဖြောင့်မတ်ခြင်းလည်း ပေါက်ပါစေ။ ဤအမှုကို ငါထာဝရဘုရားဖန်ဆင်း၏။
ငါ၏ဖြောင့်မတ်ခြင်းကို အနီးသို့ငါဆောင်ခဲ့ပြီ။ အဝေး၌ရှိသည်မဟုတ်။ ငါ၏ကယ်တင်ခြင်းသည် နှောင့်နှေးမည်မဟုတ်။ ကယ်တင်ခြင်းကို ဇိအုန်တောင်၌ ငါထားမည်။ ငါ၏ဂုဏ်ကျက်သရေကို အစ္စရေးလူမျိုးအား ငါပေးမည်။
သင်သည် ငါ၏ပညတ်ချက်တို့ကို အာရုံစိုက်နားထောင်ခဲ့လျှင် သင်၏ကောင်းကျိုးချမ်းသာသည် မြစ်ရေကဲ့သို့ဖြစ်မည်။ သင်၏ဖြောင့်မတ်ခြင်းသည် ပင်လယ်လှိုင်းကဲ့သို့ဖြစ်မည်။
ထာဝရဘုရားသည် သင့်ကို အစဉ်လမ်းပြတော်မူမည်။ ပူပြင်းခြောက်သွေ့သောအရပ်၌ သင့်ကိုဝပြောစေလျက် သင်၏အရိုးတို့ကို သန်မာစေတော်မူမည်။ သင်သည် ရေဝသောဥယျာဉ်ကဲ့သို့၊ ရေမပြတ်သောစမ်းရေတွင်းကဲ့သို့ ဖြစ်မည်။
သင်၏ပြည်၌ ရက်စက်ကြမ်းကြုတ်မှုအကြောင်း၊ သင်၏နယ်နိမိတ်အတွင်း၌ ပျက်စီးပြိုပျက်ခြင်းအကြောင်း ကြားရတော့မည်မဟုတ်။ သင်၏မြို့ရိုးတို့ကို “ကယ်တင်ခြင်း”၊ သင်၏မြို့တံခါးတို့ကို “ချီးမွမ်းခြင်း”ဟူ၍ သင်ခေါ်ဆိုလိမ့်မည်။
သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်ကြလိမ့်မည်။ ပြည်တော်ကို အစဉ်အမြဲပိုင်ဆိုင်ကြရလိမ့်မည်။ ငါစိုက်သောအကိုင်း၊ ငါ့လက်ဖြင့်ပြုသောအရာဖြစ်၍ ငါ၏ဘုန်းကိုထင်ရှားစေကြလိမ့်မည်။
ငါသည် ဇိအုန်မြို့အတွက် တိတ်တိတ်နေမည်မဟုတ်။ ဂျေရုဆလင်မြို့၏ဖြောင့်မတ်ခြင်းသည် တောက်ပသောအလင်းကဲ့သို့၊ ကယ်တင်ခြင်းသည် ထွန်းတောက်သောမီးရှူးတိုင်ကဲ့သို့ မထွက်ပေါ်မချင်း ငါသည် ငြိမ်နေမည်မဟုတ်။
လူမျိုးတကာတို့သည် သင်၏ဖြောင့်မတ်ခြင်းကိုလည်းကောင်း၊ ရှင်ဘုရင်အပေါင်းတို့သည် သင်၏ဘုန်းအသရေကိုလည်းကောင်း မြင်ရကြလိမ့်မည်။ ထာဝရဘုရား၏နှုတ်တော်ထွက်နာမည်သစ်ဖြင့် သင့်ကိုခေါ်ကြလိမ့်မည်။
ဂျေရုဆလင်မြို့ကိုတည်တံ့စေ၍ မြေကြီးပေါ်တွင် ချီးမွမ်းစရာဖြစ်စေတော်မမူမချင်း ကိုယ်တော်ကို ငြိမ်ငြိမ်မနေစေနှင့်။
ကောင်းသောမြေပေါ်၌ ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြား၍ နားလည်သောသူကိုဆိုလို၏။ ထိုသို့သောသူသည် အမှန်ပင် အသီးသီး၍ အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ် သီးလေ၏”ဟု မိန့်တော်မူ၏။
ထိုအခါ ကိုယ်တော်သည် များစွာသောအရာတို့ကို ပုံဥပမာများဖြင့် သူတို့အား မြွက်ဆိုတော်မူသည်မှာ“နားထောင်ကြလော့။ မျိုးကြဲသောသူသည် မျိုးကြဲရန် ထွက်သွားလေ၏။
အချို့တို့မူကား ကောင်းသောမြေ၌ကျသဖြင့် အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ် အသီးသီးလေ၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။