ဤသူကား ငါထောက်မသော ငါ့အစေအပါး၊ ငါရွေးကောက်သော၊ ငါနှစ်သက်မြတ်နိုးသောသူပင်တည်း။ ငါ့ဝိညာဉ်ကို သူ့အပေါ် တည်စေပြီ။ သူသည် တရားမျှတမှုကို လူမျိုးတကာတို့ထံသို့ ယူဆောင်လာမည်။
ဟေရှာယ 52:13 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ငါ့အစေအပါးသည် ပညာသတိရှိစွာလုပ်ဆောင်မည်။ သူသည် ချီးမြှင့်မြှောက်စားခြင်းခံရ၍ အထွတ်အမြတ်ဖြစ်မည်။ Common Language Bible ထာဝရဘုရားက ``ငါ၏အစေခံသည်မိမိပြုသောအမှုတွင် ပညာရှိစွာပြုမူလိမ့်မည်။ သူသည်ချီးမြှောက်ခြင်းခံရ၍ကြီးမြတ်သော ဂုဏ်အသရေရှိလိမ့်မည်။ Garrad Bible ကြည့် လော့၊ ငါ့ ကျွန် ရင်း သည် ကြံ တိုင်း အောင် လျက်၊ မွန် မြတ် ကြီး မြင့် လွန် ကဲ လိမ့် မည်။ Judson Bible ကြည့်ရှုလော့။ ငါ့ကျွန်သည် အမှုဆောင်၍ အောင်လိမ့်မည်။ ချီးမြှောက်ချီးမြှင့်ခြင်းသို့ ရောက်၍၊ အထွတ်အမြတ် ဖြစ်လိမ့်မည်။ |
ဤသူကား ငါထောက်မသော ငါ့အစေအပါး၊ ငါရွေးကောက်သော၊ ငါနှစ်သက်မြတ်နိုးသောသူပင်တည်း။ ငါ့ဝိညာဉ်ကို သူ့အပေါ် တည်စေပြီ။ သူသည် တရားမျှတမှုကို လူမျိုးတကာတို့ထံသို့ ယူဆောင်လာမည်။
ကမ်းရိုးတန်းဒေသတို့၊ ငါ့စကားကို နားထောင်ကြလော့။ ရပ်ဝေးရှိလူမျိုးတို့၊ အာရုံစိုက်နားထောင်ကြလော့။ ထာဝရဘုရားသည် ငါမမွေးမီကပင် ငါ့ကိုခေါ်တော်မူ၏။ အမိဝမ်းထဲရှိစဉ်ကပင် ငါ၏နာမည်ကိုမှတ်တော်မူ၏။
ကိုယ်တော်က “အို အစ္စရေးလူမျိုး၊ သင်သည် ငါ၏အစေအပါးဖြစ်၏။ သင့်အားဖြင့် ငါဘုန်းထင်ရှားမည်”ဟု ငါ့အားမိန့်တော်မူ၏။
သူသည် အသက်စွန့်၍ အသေခံခဲ့၏။ အပြစ်ကျူးလွန်သူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏။ သူသည် လူများစွာတို့၏အပြစ်ကိုထမ်းသွား၍ အပြစ်ကျူးလွန်သောသူတို့အတွက် ကြားဝင်စေ့စပ်ပေး၏။ ထို့ကြောင့် ငါသည် သူ့အား ကြီးမြတ်သောသူတို့နှင့်အတူ ဝေစုတစ်စုခွဲဝေပေးမည်။ သူသည် အားကြီးသောသူတို့နှင့်အတူ လုယက်ပစ္စည်းကို ခွဲဝေမည်။
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
ထာဝရဘုရားက “ကြည့်ရှုလော့။ အချိန်ကျရောက်ပြီ။ ဖြောင့်မတ်ခြင်းအကိုင်းကို ဒါဝိဒ်အမျိုးမှ ငါပေါ်ထွက်စေမည်။ သူသည် ဘုရင်အဖြစ်အုပ်စိုးမည်။ ပညာသတိရှိလျက် ပြည်တော်၌ တရားမျှတစွာ၊ ဖြောင့်မတ်စွာ စီရင်မည်။
သူတို့ကိုထိန်းကျောင်းရန် သိုးထိန်းတစ်ဦးအဖြစ် ငါ့အစေအပါးဒါဝိဒ်ကို ငါခန့်ထားမည်။ သူသည် သိုးထိန်းတစ်ဦးအဖြစ် သိုးတို့ကို ထိန်းကျောင်းပေးလိမ့်မည်။
အို ယဇ်ပုရောဟိတ်မင်းယောရှု၊ နားထောင်လော့။ သင်နှင့်အတူ သင့်ရှေ့တွင်ထိုင်သောသင့်အပေါင်းပါတို့လည်း နားထောင်ကြလော့။ အကြောင်းမူကား သူတို့သည် နိမိတ်လက္ခဏာနှင့်ဆိုင်သောလူများ ဖြစ်ကြ၏။ ကြည့်ရှုလော့။ ငါ့အစေအပါးဖြစ်သည့် အတက်ကို ငါထွက်လာစေမည်။
ထိုအခါ ယေရှုသည် သူတို့ထံသို့ချဉ်းကပ်၍“ကောင်းကင်နှင့်မြေကြီးပေါ်၌ ရှိသမျှသောအခွင့်အာဏာတို့ကို ငါ့ထံပေးအပ်တော်မူပြီ။
အထက်မှကြွလာသောအရှင်သည် အလုံးစုံတို့၏အထွတ်ဖြစ်၏။ မြေကြီးမှဖြစ်သောသူသည် မြေကြီးနှင့်ဆိုင်၍ မြေကြီးနှင့်ဆိုင်သောအရာကိုပြောဆိုတတ်၏။ ကောင်းကင်မှကြွလာသောအရှင်သည် အလုံးစုံတို့၏အထွတ်ဖြစ်၏။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။