ဟေရှာယ 5:8 - မြန်မာ့စံမီသမ္မာကျမ်း နေရာလပ်မရှိတော့သည်အထိ အိမ်တစ်အိမ်နှင့်တစ်အိမ်ကပ်နေအောင်၊ လယ်တစ်ကွက်နှင့်တစ်ကွက်ဆက်နေအောင် ပြုသောသူတို့သည် အမင်္ဂလာရှိကြ၏။ ထိုမြေအလယ်၌ သင်တစ်ဦးတည်း နေထိုင်ရလိမ့်မည်။ Common Language Bible သင်တို့သည်အမင်္ဂလာရှိကြ၏။ မိမိတို့တွင် ရှိပြီးအိမ်များ၊ လယ်ယာများကိုအရေအတွက် တိုးပွားအောင်ပြုကြသူတို့။ မကြာမီပင် အခြားသူများအတွက် နေရာထိုင်ခင်းကျန် ရှိတော့မည်မဟုတ်။ သင်တို့ချည်းသာလျှင် ပြည်တော်တွင်နေထိုင်ရကြပေတော့အံ့။- Garrad Bible နေ ပြည် တွင် တစ် ဦး တည်း နေ လို၍ နေ ရာ လပ် မ ရှိ သည့် တိုင် အောင်၊ တစ် အိမ် နောက် တစ် အိမ်၊ လယ် တစ် ကွက် နောက် တစ် ကွက်၊ ချဲ့ ယူ သော သူ တို့ သည် အ မင်္ဂ လာ ရှိ ကြ၏။ Judson Bible မိမိတို့သည် မြေ၏အလယ်၌ တစ်စုတည်းနေရာကျ၍၊ လပ်သောအရပ်မရှိစေခြင်းငှာ၊ အိမ်တစ်ဆောင်နှင့် တစ်ဆောင်ကိုလည်းကောင်း၊ လယ်တစ်ကွက်နှင့် တစ်ကွက်ကိုလည်းကောင်း၊ ဆက်တတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။ |
သူဝါးမျိုစရာ တစ်စုံတစ်ရာကျန်မည်မဟုတ်။ သူ့စည်းစိမ်များလည်း တည်မြဲမည်မဟုတ်။
မတရားသောအကျိုးစီးပွားကိုတပ်မက်သောသူသည် မိမိအိမ်သူအိမ်သားတို့ကို ဒုက္ခပေးတတ်၏။ တံစိုးလက်ဆောင်ကိုမုန်းသောသူမူကား အသက်ရှင်ရလိမ့်မည်။
“အချင်းလူသား၊ ဂျေရုဆလင်မြို့တွင်နေထိုင်သောသူတို့က သင်၏ညီအစ်ကိုများ၊ သင်၏ဆွေမျိုးသားချင်းများနှင့် အစ္စရေးတစ်မျိုးနွယ်လုံးအား ‘ထာဝရဘုရားထံတော်မှ အဝေးသို့ ထွက်သွားကြလော့။ ဤပြည်ကို ငါတို့အား အမွေအဖြစ်ပေးတော်မူပြီ’ဟု ပြောဆိုကြပြီ။
“အချင်းလူသား၊ ပြိုပျက်နေသောအစ္စရေးပြည်တွင် နေထိုင်သူတို့က ‘အာဗြဟံတစ်ဦးတည်းပင် ထိုပြည်ကို အပိုင်ရသေးလျှင် လူအများဖြစ်သောငါတို့ကို သာ၍အပိုင်ပေးနိုင်၏’ဟု ဆိုတတ်ကြ၏။
တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ ထာဝရဘုရားက “အမ္မုန်အမျိုးသားတို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် နယ်မြေချဲ့ထွင်ရာ၌ ဂိလဒ်ပြည်ရှိ ကိုယ်ဝန်ဆောင်မိန်းမတို့၏ဝမ်းကို ခွဲပစ်ကြ၏။
အိပ်ရာထက်တွင် ဒုစရိုက်ပြုဖို့ကြံစည်နေသူ၊ မကောင်းမှုပြုဖို့တွေးနေသူတို့သည် အမင်္ဂလာရှိ၏။ ထိုသူတို့သည် လုပ်နိုင်စွမ်းရှိသည့်အတိုင်း မိုးလင်းသောအခါ ထိုအကြံအတိုင်း လုပ်တတ်ကြ၏။
သူတို့သည် တပ်မက်သဖြင့် လယ်မြေများကို လုယူကြ၍ အိမ်များကိုလည်း သိမ်းပိုက်ကြ၏။ ဤသို့ဖြင့် တစ်ပါးသူနှင့်သူ၏အိမ်၊ တစ်ပါးသူနှင့်သူ၏အမွေဥစ္စာကို အနိုင်အထက်ပြုကြ၏။
လူအပေါင်းတို့သည် သူ့ကို ပြောင်လှောင်ကြမည်မဟုတ်လော။ စကားထာဖွဲ့၍ သရော်ကြမည်မဟုတ်လော။ သူတို့က ‘ကိုယ်မပိုင်သောအရာကို သိမ်းယူသောသူ၊ အပေါင်ခံပစ္စည်းများဖြင့် ချမ်းသာအောင် လုပ်သောသူသည် အမင်္ဂလာရှိ၏။ မည်သည့်အချိန်ထိ ဤသို့ပြုမည်နည်း’ဟု ဆိုကြလိမ့်မည်။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ကောင်းကင်နိုင်ငံတော်ကို လူတို့ရှေ့၌ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း ဝင်ခွင့်မပေးကြ။