သူတို့တွင် မောပန်းသောသူမရှိ၊ ခလုတ်တိုက်၍လဲသောသူမရှိ၊ ငိုက်မျဉ်းသောသူမရှိ၊ အိပ်ပျော်သောသူမရှိ။ သူတို့၏ခါးပန်းမပြေ။ သူတို့၏ဖိနပ်ကြိုးမပြတ်။
သူတို့တွင်မောပန်းသူ၊ ခြေချော်သူဟူ၍ မရှိ။ ငိုက်မြည်းသူ၊ အိပ်ပျော်သူလည်းမရှိ။ သူတို့၏ခါးစည်းများသည်မပြေ။ ဖိနပ် ကြိုးများသည်လည်းမပြတ်။-
ပင် ပန်း၍ ယိမ်း ယိုင် သူ၊ ငိုက် မျည်း၍ အိပ် ပျော် သူ တစ် ယောက် မျှ မ ရှိ ပါ။ ခါး ဝတ် မ ကျွတ်၊ ဘိ နပ် ကြိုး မ ပြေ ဘဲ၊
သူတို့တွင် မောသောသူမရှိ။ ထိမိ၍ လဲသောသူ မရှိ။ ငိုက်မျဉ်းသောသူ၊ အိပ်ပျော်သောသူလည်းမရှိ။ သူတို့ခါးစည်း မပြေ။ ခြေနင်းကြိုးလည်းမကျွတ်။
ယခု ဇေရုယာ၏သားယွာဘသည် ငါ့အား မည်သို့ပြုခဲ့သည်ကိုလည်းကောင်း၊ အစ္စရေးစစ်သူကြီးနှစ်ဦးဖြစ်သော နေရ၏သားအာဗနာနှင့် ယေသာ၏သားအာမသတို့အား မည်သို့ပြုခဲ့သည်ကိုလည်းကောင်း သင်သိ၏။ သူသည် တိုင်းပြည်အေးချမ်းချိန်တွင်ပင် ထိုသူတို့ကို တိုက်ခိုက်သတ်ဖြတ်ပြီး သူ့ခါးမှခါးဝတ်တန်ဆာ၊ သူ့ခြေမှခြေနင်းတို့ကို စစ်သွေးစွန်းစေခဲ့၏။
ရှင်ဘုရင်တို့ချည်နှောင်သောကြိုးကို ဖြေ၍ သူတို့ခါးကို ခါးပတ်နှင့် စည်းတော်မူ၏။
မင်းအရာရှိတို့ကို မထီမဲ့မြင်ပြုခြင်းခံရစေ၍ အားကြီးသူတို့ကို ခွန်အားယုတ်လျော့စေတော်မူ၏။
ဘုရားသခင်သည် ငါ့ကို ခွန်အားနှင့်ပတ်စည်းသောဘုရားဖြစ်၍ ငါ၏လမ်းကို ချောမွေ့စေတော်မူ၏။
ထာဝရဘုရားသည် စိုးစံတော်မူ၍ ဘုန်းတန်ခိုးတော်ကို ဆင်မြန်းတော်မူ၏။ ထာဝရဘုရားသည် ထိုသို့ဆင်မြန်း၍ မိမိကိုယ်ကိုအစွမ်းသတ္တိနှင့်ပတ်စည်းတော်မူ၏။ ကမ္ဘာလောကသည်လည်း မတုန်လှုပ်နိုင်အောင် တည်မြဲလျက်ရှိ၏။
ထိုအခါ သင်သည် သင်၏လမ်းခရီးတွင် ဘေးကင်းလုံခြုံစွာသွားလာရ၍ သင်၏ခြေသည် ခလုတ်တိုက်လိမ့်မည်မဟုတ်။
ဖြောင့်မတ်ခြင်းသည် သူ၏ခါးပန်း၊ သစ္စာတရားသည် သူ၏ခါးစည်းဖြစ်လိမ့်မည်။
ရှင်ဘုရင်တို့၏ခါးပန်းကိုဖြေချပြီး တိုင်းနိုင်ငံတို့ကို သူ့အဖို့နှိမ်နင်းပေးဖို့၊ မြို့တံခါးကို ပိတ်မထားဘဲ သူ့အဖို့အစဉ်ပွင့်နေစေဖို့ ငါကိုယ်တိုင် သူ၏ညာလက်ကိုဆွဲကိုင်ထားသောသူ ငါ၏ဘိသိက်ခံကုရုမင်းကြီးအား ငါထာဝရဘုရားက
ငါသာလျှင် ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။ သင်သည် ငါ့ကို မသိသော်လည်း ငါသည် သင့်ကိုခွန်အားနှင့်ပတ်စည်းမည်။
ထိုအခါ ရှင်ဘုရင်သည် မျက်စိမျက်နှာပျက်၍ တွေးတောထိတ်လန့်လေ၏။ ခါးဆစ်များ ပြုတ်လုမတတ်ဖြစ်၍ ဒူးများလည်း တုန်ရီနေ၏။
ယောဟန်သည် ကုလားအုတ်အမွေးဖြင့်လုပ်ထားသောအဝတ်ကိုဝတ်၍ ခါး၌သားရေခါးပန်းကိုစည်းထား၏။ သူ၏အစားအစာမူကား ကျိုင်းကောင်နှင့်တောပျားရည်တို့ဖြစ်ကြ၏။
အိမ်ပြင်၌ ဆွေမျိုးရင်းချာတို့သည် ဓားဖြင့်ဆုံးလိမ့်မည်။ အိမ်တွင်း၌ ဆံပင်ဖြူသူမှစ၍ နို့စို့ကလေးငယ်၊ လူပျို၊ အပျိုတို့သည် ကြောက်ရွံ့ထိတ်လန့်ကြလိမ့်မည်။