ကမ္ဘာမြေအစွန်းရှိသမျှတို့သည် သတိရကြ၍ ထာဝရဘုရားထံသို့ပြန်လှည့်လာကြလိမ့်မည်။ တိုင်းနိုင်ငံများမှမျိုးနွယ်စုအပေါင်းတို့သည် ရှေ့တော်၌ ပျပ်ဝပ်ကြလိမ့်မည်။
ဟေရှာယ 49:22 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် တိုင်းနိုင်ငံတို့ကို လက်မြှောက်ပြမည်။ လူမျိုးတကာတို့ကို အချက်ပြအလံ ထူပြမည်။ သူတို့သည် သင်၏သားတို့ကို လက်ထဲ၌ပွေ့ချီလာမည်။ သင်၏သမီးတို့ကို ပခုံးပေါ်၌ ထမ်းလာကြမည်။ Common Language Bible ထာဝရအရှင်ဘုရားသခင်ကမိမိ၏ လူမျိုးတော်အား ``ငါသည်လူမျိုးတကာတို့အားအချက် ပေးလိုက်သောအခါ၊ သူတို့သည်သင်တို့၏သားသမီးများကို ခေါ်ဆောင်လာကြလိမ့်မည်။ Garrad Bible အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ ငါ သည် လူ မျိုး ခြား တို့ အား လက် ချီ ခြင်း၊ ပြည် ထောင် သား တို့ အား အ လံ ထူ ခြင်း များ ကို ပြု သ ဖြင့်၊ သင့် သား များ ကို ပိုက် ပွေ့ လျက်၊ သ မီး များ ကို ထမ်း ပိုး လျက် ဆောင် ခဲ့ ကြ လိမ့် မည်။ Judson Bible အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့။ ငါသည် အတိုင်းတိုင်းအပြည်ပြည်၌ နေသော လူမျိုးတို့အား လက်ကိုချီ၍ အလံကိုထူသဖြင့်၊ သူတို့သည် သင်၏သားသမီးတို့ကို လက်နှင့်ပွေ့လျက်၊ ပခုံးပေါ်မှာထမ်းလျက် ဆောင်ခဲ့ကြလိမ့်မည်။ |
ကမ္ဘာမြေအစွန်းရှိသမျှတို့သည် သတိရကြ၍ ထာဝရဘုရားထံသို့ပြန်လှည့်လာကြလိမ့်မည်။ တိုင်းနိုင်ငံများမှမျိုးနွယ်စုအပေါင်းတို့သည် ရှေ့တော်၌ ပျပ်ဝပ်ကြလိမ့်မည်။
သူ၏နာမသည် အစဉ်အမြဲတည်ပါစေသော။ နေသည်တည်နေသရွေ့ သူ၏နာမသည် ဆက်၍တည်ပါစေသော။ လူတို့သည် သူ့အားဖြင့် ကောင်းချီးမင်္ဂလာခံစားရ၍ လူမျိုးအပေါင်းတို့သည် သူ့ကိုမင်္ဂလာရှိသူဟု ခေါ်ကြပါစေသော။
သူသည် ပင်လယ်တစ်ခုမှ အခြားပင်လယ်တစ်ခုတိုင်အောင်လည်းကောင်း၊ မြစ်တစ်စင်းမှ ကမ္ဘာမြေအစွန်းတိုင်အောင်လည်းကောင်း အုပ်စိုးပါစေသော။
အို ဘုရားရှင်၊ ကိုယ်တော်ဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့သည် ရှေ့တော်သို့လာ၍ ပျပ်ဝပ်ကြပါလိမ့်မည်။ ကိုယ်တော်၏နာမတော်ကိုလည်း ဂုဏ်ပြုချီးမွမ်းကြပါလိမ့်မည်။
လူမျိုးခြားတို့သည် သူတို့ကိုခေါ်၍ သူတို့၏နေရပ်သို့ ပို့ဆောင်ကြလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် ထိုလူမျိုးခြားတို့ကို ထာဝရဘုရား၏ပြည်တော်၌ ကျွန်ယောက်ျားနှင့်ကျွန်မိန်းမများအဖြစ် ပိုင်ဆိုင်ကြလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် သူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သောသူတို့အား ပြန်၍ဖမ်းဆီးခေါ်ဆောင်လာကြလိမ့်မည်။ သူတို့ကိုညှဉ်းဆဲခဲ့သောသူတို့အား အုပ်စိုးကြလိမ့်မည်။
လောကသားအပေါင်းတို့၊ မြေကြီးသားအပေါင်းတို့၊ တောင်များပေါ်တွင် အချက်ပြအလံကိုလွှင့်ထူသောအခါ သင်တို့ကြည့်ကြလော့။ တံပိုးကိုမှုတ်သောအခါ သင်တို့ နားထောင်ကြလော့။
မြောက်အရပ်အား ‘ပေးလော့’၊ တောင်အရပ်အား ‘မထိန်းချုပ်ထားနှင့်’ဟု ငါဆိုမည်။ ဝေးသောအရပ်မှ ငါ့သားများနှင့် မြေကြီးစွန်းမှ ငါ့သမီးများကို ခေါ်ဆောင်ခဲ့လော့။
ကြည့်ရှုလော့။ သူတို့သည် ရပ်ဝေးမှလာကြလိမ့်မည်။ မြောက်အရပ်၊ အနောက်အရပ်မှလည်းကောင်း၊ သိနိမ်ပြည်မှလည်းကောင်း လာကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ဖြတ်သွားကြ။ မြို့တံခါးကို ဖြတ်သွားကြ။ လူမျိုးတကာတို့သွားရာလမ်းကိုပြင်ကြ။ ဖို့ကြ။ လမ်းမကြီးကိုဖို့ကြ။ ကျောက်ခဲကိုဖယ်ကြ။ လူမျိုးတကာတို့အတွက် အချက်ပြအလံကိုလွှင့်ထူကြ။
သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ပုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရား၏အိမ်တော်သို့ စင်ကြယ်သောတန်ဆာပလာဖြင့် ပူဇော်သက္ကာကို ယူဆောင်ခဲ့ကြသကဲ့သို့ ထိုသူတို့သည် ခပ်သိမ်းသောပြည်မှ သင်တို့၏ညီအစ်ကိုရှိသမျှတို့ကို ထာဝရဘုရားထံ ပူဇော်သက္ကာအဖြစ် မြင်းများ၊ စစ်ရထားများ၊ ထမ်းစင်များ၊ လားများ၊ ကုလားအုတ်များပေါ်တွင်တင်၍ ငါ၏သန့်ရှင်းသောတောင်၊ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်ခဲ့ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
လူအမြောက်အမြားတို့နှင့်အတူ အင်အားကြီးမားသောလူမျိုးခြားတို့သည်လည်း ဂျေရုဆလင်မြို့သို့လာ၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ရှာကြလိမ့်မည်။ ထာဝရဘုရားရှေ့တော်သို့ တိုးဝင်ချဉ်းကပ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
တစ်ဖန် လူတို့သည် အရှေ့အရပ်နှင့် အနောက်အရပ်တို့မှလည်းကောင်း၊ တောင်အရပ်နှင့် မြောက်အရပ်တို့မှလည်းကောင်း လာ၍ ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ပွဲ၌ထိုင်ကြလိမ့်မည်။