အမြင့်ဆုံးသောအရှင်၏ကွယ်ကာရာအရပ်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်။
ဟေရှာယ 49:2 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏နှုတ်ကို ထက်သောဓားကဲ့သို့ဖြစ်စေတော်မူ၏။ လက်တော်အရိပ်၌ ငါ့ကိုဝှက်ထားတော်မူ၏။ ချွန်ထက်သောမြားကဲ့သို့ ငါ့ကိုဖြစ်စေလျက် မြားကျည်တောက်ထဲ၌ ငါ့ကိုပုန်းနေစေတော်မူ၏။ Common Language Bible ကိုယ်တော်သည်ငါ၏နှုတ်ကိုဋ္ဌားကဲ့သို့ထက်မြက် စေ၍၊ လက်တော်ဖြင့်ငါ့ကိုကွယ်ကာစောင့်ရှောက် တော်မူပါ၏။ ကိုယ်တော်သည်ချွန်မြ၍အသုံးပြုရန်အသင့်ရှိသည့် မြားကဲ့သို့ငါ့ကိုဖြစ်စေတော်မူ၍၊ Garrad Bible ထက် သော ဓား သ ဖွယ် ငါ့ နှုတ် ကို ပြင် ဆင် လျက်၊ လက် တော် အ ရိပ် ဖြင့် ငါ့ ကို ကွယ် ကာ တော် မူ ပြီ။ ပြောင် လက် သော မြှား သ ဖွယ် ငါ ကို ပြင် ဆင် လျက်၊ ကျည် တောက် တော် တွင်း သို ဝှက် ပြီး လျှင်၊ Judson Bible ငါ့နှုတ်ကို ထက်သောဓားကဲ့သို့ ဖြစ်စေ၍၊ လက်တော်အရိပ်၌ ဖုံးထားတော်မူ၏။ ငါ့ကိုလည်း ဦးသစ်သော စည်းသွားဖြစ်စေ၍၊ မိမိမြားတောင့်ထဲမှာ ဝှက်ထားတော်မူ၏။ |
အမြင့်ဆုံးသောအရှင်၏ကွယ်ကာရာအရပ်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်။
ငါ၏ဘုန်းအသရေဖြတ်သွားစဉ် သင့်ကို ထိုကျောက်ဆောင်၏အက်ကွဲကြောင်း၌ ထား၍ ငါကျော်လွန်သွားသည်အထိ သင့်ကို ငါ့လက်ဖြင့် အုပ်မိုးထားမည်။
ဆင်းရဲသောသူတို့ကို ဖြောင့်မတ်စွာတရားစီရင်မည်။ နိမ့်ကျသောမြေကြီးသားတို့အတွက် တရားမျှတစွာဆုံးဖြတ်မည်။ မြေကြီးကို သူ၏နှုတ်ကြိမ်လုံးဖြင့် ရိုက်နှက်၍ ဆိုးယုတ်သောသူတို့ကို နှုတ်ထွက်လေဖြင့် ကွပ်မျက်မည်။
ဤသူကား ငါထောက်မသော ငါ့အစေအပါး၊ ငါရွေးကောက်သော၊ ငါနှစ်သက်မြတ်နိုးသောသူပင်တည်း။ ငါ့ဝိညာဉ်ကို သူ့အပေါ် တည်စေပြီ။ သူသည် တရားမျှတမှုကို လူမျိုးတကာတို့ထံသို့ ယူဆောင်လာမည်။
သင်တို့တွင် မည်သူသည် ထာဝရဘုရားကိုကြောက်ရွံ့သနည်း။ မည်သူသည် ကိုယ်တော့်အစေအပါး၏စကားကို နားထောင်သနည်း။ မည်သူသည် အလင်းမရှိဘဲ အမှောင်ထုထဲ၌ သွားလာသနည်း။ သူသည် ထာဝရဘုရား၏နာမတော်၌ ယုံကြည်ကိုးစားပါစေ။ ဘုရားသခင်၌ ကိုးစားပါစေ။
မောပန်းသောသူအမောပြေစေရန် မည်သို့ပြောဆိုရမည်ကို သိရှိဖို့ ဘုရားရှင်ထာဝရဘုရားသည် ငါ့အား နှုတ်မှုပညာကိုသွန်သင်ပေးတော်မူ၏။ နံနက်တိုင်း ငါ့ကိုနှိုးဆော်တော်မူ၏။ စာသင်သားကဲ့သို့ နားထောင်ဖို့ ငါ့ကိုနှိုးဆော်တော်မူ၏။
မိုးကောင်းကင်ကိုနေရာချထားရန်၊ ကမ္ဘာမြေကြီးကို အုတ်မြစ်ချထားရန်နှင့် ဇိအုန်မြို့သားအား ‘သင်သည် ငါ၏လူမျိုးတော်ဖြစ်၏’ဟု ပြောကြားရန် သင့်နှုတ်၌ ငါ့စကားကို သွင်းထားပြီ။ သင့်ကို ငါ့လက်အရိပ်ဖြင့် မိုးထားပြီ”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ ယုဒဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပြည်သူပြည်သားများမှစ၍ ပြည်တစ်ပြည်လုံးကို ဆန့်ကျင်နိုင်ရန် ယနေ့ ငါသည် သင့်ကို ခိုင်ခံ့သောမြို့၊ သံတိုင်၊ ကြေးနီမြို့ရိုးကဲ့သို့ ဖြစ်စေပြီ။
ထို့ကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ချိုင်ပစ်ပြီ။ ငါ့နှုတ်ထွက်စကားများအားဖြင့် ကွပ်မျက်ပစ်ပြီ။ ငါ၏စီရင်ချက်တို့သည် နေ့အလင်းကဲ့သို့ ထွန်းလင်းတောက်ပ၏။
မြားတော်တို့မှ လင်းလက်သောအရောင်နှင့် လှံတော်မှ ဖြာထွက်သောအလင်းရောင်ခြည်တို့ကြောင့် နေ၊ လတို့သည် ကောင်းကင်တွင် တန့်လျက်နေပါ၏။
ထိုအခါ ယေရှုသည် ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လျက်“အို အဖ၊ အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်၏လက်သို့ အပ်နှံပါ၏”ဟု မြွက်ဆိုတော်မူ၏။ ထိုသို့မြွက်ဆိုပြီးနောက် အသက်ချုပ်ငြိမ်းတော်မူ၏။
ကယ်တင်ခြင်းသံခမောက်နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်တည်းဟူသော ဝိညာဉ်တော်ဓားကိုလည်း ယူကြလော့။
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။
သူ၏လက်ယာလက်တွင် ကြယ်ခုနစ်လုံးရှိ၍ အသွားနှစ်ဖက်ပါသည့် ထက်သောသန်လျက်သည် သူ၏ခံတွင်းထဲမှ ထွက်နေ၏။ သူ၏မျက်နှာသည် မိမိအရှိန်အဝါဖြင့် ထွန်းလင်းနေသောနေကဲ့သို့ဖြစ်၏။
လူမျိုးတကာတို့ကိုဒဏ်ခတ်ရန် ထက်သောသန်လျက်သည် သူ၏ခံတွင်းထဲမှထွက်နေ၏။ သူသည် ထိုသူတို့ကို သံလှံတံဖြင့်အုပ်ထိန်းလိမ့်မည်။ သူသည် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏အမျက်တော်ဆိုင်ရာ ပြင်းစွာသောဒေါသစပျစ်ဝိုင်၏စပျစ်သီးနယ်ရာကျင်းကို နင်းနယ်လိမ့်မည်။
ပေရဂံမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ အသွားနှစ်ဖက်ပါသည့် ထက်သောသန်လျက်ရှိသောသူက ဤသို့မိန့်တော်မူ၏။
ထို့ကြောင့် နောင်တရလော့။ သို့မဟုတ်လျှင် ငါသည် သင့်ထံသို့အလျင်အမြန်လာ၍ ငါ့ခံတွင်းမှသန်လျက်ဖြင့် သူတို့ကိုတိုက်ခိုက်မည်။